Part-1

871 50 5
                                    

ဒီနေ့ဟာ အင်္ဂါပေမဲ့ Barcode အတွက်တော့ ထုံးစံအတိုင််း ကျောင်းလစ်ပြီး ဂိမ်းဆိုင်(သို့)ဘား သွားနေကြဖြစ်သည်။

ဘားသွားသည်ဆိုသည်မှာတစ်ခြားမဟုတ် ဘားမှာသီချင်းဆိုနေကြ လူကို သွားကြည့်တာဖြစ်သည်။ "ထိုလူ" ။ Barcode စိတ်ထဲမှာအမြဲရှိနေခဲ့တဲ့လူ။

အဲ့လူကိုစတွေ့တဲ့နေက မိုးရွာနေခဲ့တယ်။ မိုးရွာနေခဲ့တာကဘဲ ကံကောင်းမှုဖြစ်ခဲ့လား။
Barcode သူ့ကိုတွေ့ခဲ့တယ်။

////////

" မိုးကလည်းရွာပြန်ပြီကွာ"

Barcode စိတ်ပျက်လက်ပျက်ငြီးငြူမိတော့တယ်။မိုးရွာမယ်မှန်းမသိလို့ ထီးမယူမိခဲ့။ Ta ကလည်းဒီနေ့သင်တန်းကိုမလာ။ပြေးရမလား? အိမ်ကိုလည်းလာမကြိုဖို့ပြောထားတာ။ Barcode ခေါင်းသာကုတ်မိတော့သည်။တကယ်ဘာလုပ်ရမယ်မသိတော့။ ပြေးမယ်ကွာ။မိုးရေချိူးလို့ရတယ်။
ဆုံးဖြတ်ချက်နဲ့အတူ မိုးခိုနေရာမှ ထပြေးလိုက်တော့သည်။ ထိုအချိန်....

"ဟေ့ ကောင်လေး"

ဘယ်ဘက်လက်မောင်းကိုလှမ်းဆွဲလိုက်သည်နှင့်အတူ ရလိုက်ပါသော ရေမွှေးနံ့သင်းသင်း။

အုပ်မိုးလာပါသောထီးနှင့် မျက်လုံးရှေ့ပြတ်ပြတ်သားသားမြင်လိုက်ရပါသော ထိုလူ၏ မျက်နှာ။ Barcode ဘာစကားမှမပြောနိုင်ခဲ့။

"ကိုယ့်ထီးယူသွား မိုးရွာထဲမပြေးနဲ့ဖျားမယ် ကြားလား"

Barcode ထိုလူကိုသာ မျက်တောင်မခတ်ငေးကြည့်ခဲ့မိသည်ကို ကိုယ်တိုင်လည်းသတိမထားမိခဲ့။ မျက်ဝန်းညိုများ။ Barcode ကိုဖမ်းစားသွားခဲ့ပါသော ထိုမျက်ဝန်းညိုများနှင့် မျက်ဝန်းညိုများကိုဝန်းရံထားပါသော မျက်တောင်ရှည်များကိုပါရေတွက်မိချင်ခဲ့သည်။

"ဟေး"

မျက်စိရှေ့ ဝှေ့ယမ်းနေသော လက်ချောင်းသွယ်များကိုမြင်ကာမှ Barcode အသိကပ်တော့သည်။

"ဗျာ"

"ထီးယူသွားလို့ ဘာတွေငိုင်နေတာလဲ"

"အာ ဟုတ်ကဲ့ခင်ဗျ"

Barcode လက်ထဲထီးရောက်လာသည်အထိ အသိစိတ်ကပ်ပြီလားမကပ်သေးဘူးလားမသိလိုက်။Barcode မျက်နှာနားနီးကပ်လာပါသော ထိုလူ၏ မျက်နှာ။ အသက်ရှုငွေ့တို့ရိုက်ခတ်လာသောအခါ Barcode ခြေနောက်တစ်လှမ်းဆုတ်မိသည်။

RED ROSE OR LOYAL WHITE ONE Where stories live. Discover now