ပူပြင်းသောနွေရာသီကုန်ဆုံး၍ အေးမြသောမိုးဥတုက အစချီခဲ့လေပြီ....ထိုနည်းတူစွာဘဲကျောင်းတော်ကြီးမှာလည်း စာဆိုသံများ ရယ်မောသံများနှင့် တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့လေပြီ......
ကလောင်....ကလောင်....ကလောင်....(မုန့်စားဆင်းချိန်ခေါင်းလောင်းခေါက်သံ)
"မုန့်စျေးတန်းသွားရအောင် တွယ်တာ နဲ့ မြတ်နိုးရေ.."
"အေးသွားကြမယ် သွန်းရေ..."
"ခဏလေးပိုက်ဆံယူလိုက်အုံးမယ်ဝေ့..."
ဒီနေ့ကျောင်းစတက်ရတာပျော်စရာကြီးနော်...."
"ဟုတ်ပ..ကွာဘာလိုလိုနဲ့ငါတို့တောင်အထက်တန်းအဆင့်တောင်ရောက်လာပြီ..."
သူတို့ပြောမှ သွန်းလည်း စိတ်ထဲတွင်သတိထားမိတော့သည်
"ငါတို့တောင်လူကြီးဖြစ်လာပြီနော်...ဒါနဲ့ဟိုနှစ်ကောင်လည်းမတွေ့ပါလား...""ဘယ်နှစ်ကောင်လည်းဟ..သွန်းရ"
"အေးလေ..ဘယ်နှစ်ကောင်လည်းအဆုံးမရှိအစမရှိ...မိသွန်းရယ်""အော်... နင်တို့ကလည်ဘယ်နှစ်ကောင်ရှိရမလည်း.. ရှိုင်းနဲ့စစ်ငြိမ်းပေါ့ကွ..."
"ဟုတ်ပ..သွန်းပြောမှသတိရတယ်နော်မြတ်နိုး.."
"အေးလေ..သူတို့နှစ်ယောက် ဘယ်ပျောက်နေလည်းမသိဘူး..."
(ရှိုင်းနဲ့စစ်ငြိမ်းဆိုသည်မှာ 5 တန်းကတည်းကအတူတူတက်ခဲ့ကျသော အချစ်ဆုံးအရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ပေသည်....သူတို့သူငယ်ချင်း
ငါးယောက်အဖွဲ့က ဆရာ/ဆရာမတွေရဲ့ အရင်းနှီးဆုံး အားအကိုးရဆုံး..သူငယ်ချင်းအဖွဲ့ဖြစ်ပေသည်....)ကလောင်....ကလောင်....ကလောင်....(မုန့်စားကျောင်းပြန်တတ်ချိန်..)
ကျောင်းသား/သူ များ အခန်းအသီးသီးသို့ ပြန်ကြလေပြီ...(အခန်းထဲတွင်...)"ဟဲ့ တွယ်တာ..ရေ..တွယ်တာ.. အခုက Math အချိန်မလား...."
"အာဗြဲကြီးနဲ့..ဟယ်ဖြေးဖြေးပြောပါသွန်းရယ်...ငါကြားပါတယ်...ဟုတ်တယ် Math အချိန်"
"ဘယ်ဆရာမလာမလည်းမသိဘူးနော် သွန်း...."
"သဘော..ကောင်းတဲ့ဆရာမလာပါစေ..."
"ဆုတောင်း..မနေနဲ့ အကုန်သဘောကောင်းမှာပါ...မိတွယ်တာရယ်"
"မနက်ကဆရာမတွေကတော့အကုန်သဘောကောင်းတယ်"
"ဟုတ်ပ.. "
"ဟိတ်...ဟိုနှစ်ကောင်..ရှူး.....တိုးတိုးနေ....ဟိုမှာတီချယ်လာနေပြီ"
"ကဲ..ကဲ...သားတို့/သမီးတို့..အားလုံး မဂ်လာပါနော်...."
"ဟုတ်ကဲ့...မဂ်လာပါ... ဆရာမ..."(ကျောင်းသား/သူများအသံ)
"ကဲ...အားလုံးဘဲ... ဆရာမနာမည်ကတော့
ပန်းဧကရီ..ပါ..Math..ဘာသာရပ်ကိုသင်ကြားမှာပါနော်..ဆရာမကိုတစ်ယောက်ချင်းစီနာမည်လေးတွေနဲ့မိတ်ဆက်ပေးပါအုံး..."
"ဟုတ်ကဲ့ပါ.ဆရာမ"(ကျောင်းသား/သူများအသံ)
"သမီး..နာမည်က သွန်းမြတ်ချယ်...ပါတီချယ်"
"သမီးကတေ့ာ တွယ်တာ"
"သမီးကတော့မြတ်နိုး"
"သမီးက တိမ်လွှာ "
"သမီးကတော့ မေသစ္စာ ပါ..ဆရာမ"
"ကဲကဲ..ဟုတ်ပြီ... သားတို့ကကော..."
"သားက ကောင်းကင်"
" သားက ရှိုင်း.."
"သားကစစ်ငြိမ်း.."
"သားက မိုးမြင့်ယံ.."
"သားက ကောင်းခန့်..ပါ ဆရာမ.."
ဟူး...မောတာကွာ ဇာတ်ကောင်တွေမိတ်ဆက်ရတာ..များတော့မသိမှာဆိုးလို့...😣😣
"ကဲ..ကဲ..ဟုတ်ပါပြီနော်... ဆရာမတို့စာစသင်ရအောင်...စာအုပ်ဖွင့်...Chapter - 1 Function စသင်မယ်နော်..."
"ဟုတ်ကဲ့ပါ...ဆရာမ....." ကျောင်းသား/သူ များအသံ)
"သွန်းနဲ့တွယ်တာ ဆရာမကချစ်စရာလေးနော်.."
"ဟုတ်ပ... အကောင်သေးသေးလေးနဲ့... ချစ်စရာလေး..ဟိ..ဟိ"
"အဲ့လောက်လည်းမဟုတ်ပါဘူးဟာ..အကောင်သေးတာလေးနဲ့ မျက်နှာဝိုင်းတာလေးဘဲရှိတယ်..."ဟန်ဆောင်ကာပြောလိုက်လေသည် သွန်းရဲ့စိတ်ထဲမှာတော့ *ချစ်စရာလေး.. မေသက်ခိုင်နဲ့တောင်တူသေးတယ်..*
"ဟဲ့.... သွန်း ဘာတွေတွေးနေတာလည်း..ခေါ်တာတောင်မကြားဘူး..."
"အော် ဘာမှမဟုတ်ပါဘူး...စာအကြောင်းတွေးနေတာ..."
"ဟင်း...ဟင်း...မရိုးသားဘူးနော်....မိသွန်းရေ..."
"ဟုတ်ပ မြတ်နိုးရေ...သွန်းမရိုးသားဘူး...."
"နင်တို့နှစ်ယောက်ဆိုတာလည်း...ဘယ်လိုဖြစ်...စာလိုက်ကြည့်တော့...စာသင်နေတယ်.."
"ဟုတ်ကဲ့ပါ.. ဆရာမကြီးရှင့်"
ဟုတ့်ကဲ့...ဒေါ်သွန်းမြတ်ချယ် ရှင့်.."
"ရွဲ့မနေနဲ့...."(ဒီလိုနဲ့စာဆက်သင်တာကို နားထောင်နေကြလေသည်..သွန်းကတော့ သူ့ကိုယ်သူ lesbian လို့မခံယူထားပါဘူး...ဒါပေမယ့် သူစိတ်ထဲမှာ.. ဒီဆရာမကိုတွေ့တော့..စိတ်တွေေရာက်ယက်ခက်ကုန်လေသည်...ချစ်ခြင်းရဲ့ အစပေါ့လေ...)
ကလောင်..ကလောင်..ကလောင်
"ကဲ နောက်တစ်ချိန်တောင်ရောက်ပြီ....ဆရာမထွက်တေ့ာမယ်နော်.."
"မဂ်လာပါ... ဆရာမ ..ကျေးဇူးတင်ပါတယ်... ဆရာမ"(ကျောင်းသား/သူများနှုတ်ဆက်သံ)
ထိုအချိန်တွင်သွန်းမှ အတန်းထဲကနေအမြန်ထွက်လေသည်...
"ဟဲ့.. သွန်း..နင်ဘယ်သွားမလို့လဲ"
"ခဏလေး..ငါပြန်လာမယ်...မကြာဘူး..."
"ဒင်း...ဆရာမနောက်လိုက်တာ.. ထင်တယ်..""တီချယ်...တီချယ်..ပေးလေ..သမီးကိုင်ပေးမယ်"
"ရပါတယ်..သမီးရဲ့.ဒါနဲ့သမီးက ဘယ်သွားမလို့လည်း..."
"သမီးက.တီချယ်ကိုလိုက်ပို့မလို့...ပေးပါ..သမီးကို..သမီးသယ်ပေးမယ်.."
"ဒါနဲ့ သမီးက သွန်းမြတ်ချယ်နော်..."
"ဟုတ်..တီချယ်...တီချယ်ကသမီးနာမည်ကိုမှတ်မိဘူးထင်တာ.."
"ဟယ် ကျမကဆရာမပါရှင့်... အဲ့လောက်တော့မှတ်မိပါတယ် ချယ်ရယ်...အော်...ချယ်လို့ခေါ်လို့ရတယ်မလား...."
"ဟုတ်ရပါတယ်... တီချယ်... ချယ်...ဆိုတာ... တီချယ်ပထမဆုံးခေါ်ဖူးတာ....အခြားသူတွေက သွန်းတို့ မြတ် တို့ဘဲခေါ်ကြတာ..."
"အင်း...ဒါဆိုရင်တော့..ဒီနာမည်ဘဲခေါ်ဖို့လုံးဝ သေချာသွားပြီ...."
"ရှင်...."
"ဟုတ်တယ်...သမီးရဲ့...ဆရာမ ကဘယ်အရာဖြစ်ဖြစ် ပထမဆုံးဘဲဖစ်ချင်တာ...အဲ့တာဆရာမရဲ့ အကျင့်လေ...နည်းနည်းတော့ လောဘကြီးတယ်...တစ်ဦးတည်းသောသမီးဆိုတော့...."
"အော်...ဟုတ်ကဲ့..ရပါတယ်.. သမီးလည်းတစ်ဦးတည်းသောသမီးဘဲ..."
"ကဲ..ကဲ..ဟုတ်ပါပြီ နားနေခန်းလည်းရောက်ပြီ သမီးပြန်တော့နော်... နောက်တစ်ချိန်ဆရာမဝင်တော့မယ်...."
"ဟုတ်ကဲ့... တီချယ်..."-------
ကဲ့ ဒီနားမှာ နားပါမယ် ......တစ်ဦးတည်းသော
သမီး နှစ်ယောက် တွေ့ဆုံမှု ကဘာဆက်ဖြစ်မလဲ....☺☺တိုသွားလို့ခွင့်လွှတ်ပါ
အမှားပါရင် ခွင့်လွှတ်ပါ...🙏🙏🙏#A Yoon
YOU ARE READING
* ဝေးခဲ့... လေပြီ*
RomanceUnicode... "သမီးကို တီချယ် ချစ်ပါတယ်...ဒါပေမယ့်... ဆရာမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကိုကျဆင်းတဲ့ အထိ နှလုံးသားကို ဦးစားမပေးနိုင်ဘူးသမီး..." {ပန်းဧကရီ} "တီချယ်ကလွဲလို့ဘယ်သူ့ကိုမှ သမီးမချစ်နိုင်ဘူး...အဲ့တာကြောင့်သမီးကို...