(Part - 6)unicode

424 29 3
                                    

"ဟင်....တီချယ်....တီချယ်နောက်ကျနေတာလား..."
"အင်းဟုတ်တယ် ချယ်...ဒီနေ့လမ်းမှာကားပိတ်နေလို့ ဆရာမ နည်းနည်းနောက်ကျနေတာ..."

ကလောင်...ကလောင်...

"ကဲ ချယ် ကျောင်းလည်းခေါက်သွားပြီဆိုတော့ဂိတ်ကခုံမှာဘဲခဏနေရအောင်..."
"ဟုတ်..တီချယ်"
"ဒါနဲ့လေ....ဆရာမ ချယ် ကိုမေးရအုံးမယ်...ချယ် ကအခြားဆရာမတွေကိုကျတော့ ဆရာမ လို့ခေါ်တယ်..ဆရာမကိုကျတော့ တီချယ် လို့ခေါ်တယ်...အဲ့ကွားခြားမှုကဘာလို့လည်းဟင်..."
"ဟဲဟဲ...သမီးလည်းမသိဘူးတီချယ်....သိတာတစ်ခုက တီချယ်ကိုသူများတွေနဲ့ တူအောင်မခေါ်ချင်ဘူး အဲ့တာကြောင့် တီချယ် လို့ခေါ်တာပါ တီချယ်မကြိုက်လို့လား..."
"အော်...အဲ့သလိုလား..မကြိုက်လို့မဟုတ်ပါဘူးရှင့်...ခေါ်ချင်သလိုခေါ်လို့ရပါတယ်ဆရာမကြီးရှင့်"
"ဟီးဟီး...တီချယ်ကလည်း..သမီးလည်းတစ်ခုလောက်ပြောမလို့..."
"ပြောပါ....ချယ်"
"သမီးကိုလေ ချယ် ဆိုပြီးတစ်လုံးထဲမခေါ်ပါနဲ့လားတီချယ်...​ကြားရတာနည်းနည်းတစ်မျိုးကြီးဖြစ်နေလို့"
"ချယ် လို့ခေါ်တာကို နားထောင်ရတာတစ်မျိုးကြီး​​ဖြစ် ဘယ်လိုပြောင်းခေါ်ရပါ့မလည်း????အော်....သိပြီ..သိပြီ သမီးချယ် လို့ခေါ်မယ်...ဘယ်လိုလည်း..."
"အော်...တီချယ်ရယ် အများကြီးပြောင်းလိုက်တာဘဲ...ကဲ...တီချယ် သဘောပါ ချယ် ဆိုပြီးသာတစ်လုံးထဲမခေါ်ရင်ပြီးရော အားလုံးအဆင်ပြေတယ်"
"ဟုတ်ပါပြီ...ကဲပါလာခုတော့...ကလေးတွေလည်း...သီချင်းဆိုပြီးအခန်းထဲဝင်သွားပြီဆိုတော့...တီချယ်တို့လည်း သွားရအောင်"
"ဟုတ်...တီချယ်...သမီးလိုက်ပို့ပေးမယ်လေ...."
"ရတယ်...ရတယ်...သမီးချယ်.... တီချယ်ဘာသာဘဲသွားလိုက်တော့မယ် သမီးချယ်လည်း အတန်းထဲသွားတော့..."
"ဟုတ်...တီချယ် ဒါဆိုသမီးသွားလိုက်ပါအုံးမယ်..."
"အေးအေး...သမီးချယ်"
(ပန်းဧကရီ နဲ့ သွန်းမြတ်ချယ် တို့ ရယ်ရယ်မောမောဖြင့်စကားပြောနေသည်ကို အကွယ်တစ်နေရာမှ သွင်ခမ်းနားသည် ဝမ်းနည်းနေသောမျက်ဝန်းအရိပ်အယောင်တို့ဖြင့်ရပ်ကြည့်နေလေသည်....)
"ဟင်...ငါဘာလို့သူတို့ကိုကြည့်ပြီး ဝမ်းနည်းသလိုခံစားနေရတာလည်း..... ဒီ..ဒီ....မျက်ရည်တွေကကော ဘာလို့ကျနေတာလည်း...သွန်း ကငါ့တပည့်လေးတစ်ယောက်လိုဘဲလေ...ဒါမှမဟုတ် ငါကိုယ်တိုင်က မသိစိတ်ထဲကနေ တပည့်အဆင့်ထက်ပိုနေတာလား....ဟာ....မဖြစ်နိုင်ဘူး...အဲ့လိုဖြစ်လို့မရဘူး...."(ခမ်းနား လည်းတစ်ယောက်ထဲရေရွတ်နေလေသည်....)
"ဟိတ်....ခမ်းနား....တစ်ယောက်ထဲ ဘာတွေပြောနေတာလည်း....ဟင်...သူငယ်ချင်း နင်ငိုနေတယ်ဘာဖြစ်လို့လည်း.. ပြောလေဟာ ငါ့ကိုစိတ်ပူအောင်မလုပ်နဲ့...."
"ဟဲ့ သံစဉ်ချို ရယ် ငါ ဘာမှမဖြစ်ပါဘူး...လေတိုက်လို့ ငါ့မျက်လုံးထဲကိုလမ်းသွားရင်းနဲ့ အမှုန်ဝင်သွားလို့ပါ...နင်ကလည်းလေ ငယ်ငယ်တည်းက လည်ပင်းဖတ်ပေါင်းလာတဲ့ ကိုယ့်သူငယ်ချင်းအကြောင်းကိုတောင် မသိဘူးလားလို့ ငါဘယ်တုန်းက လွယ်လွယ်နဲ့ငိုတတ်လို့လည်း...."
"အေးပါဟာ....ငါကစိတ်ပူသွားလို့ပါ....ငါက ခမ်းနားနဲ့သွန်း စကားပြောနေတာကို တွေ့လိုက်လို့ ငိုနေတယ်မှတ်လို့..."
(ခမ်းနားလည်း မသိချင်ယောင်ဆောင်ကာဖြင့်...)
"ဟင်....ဟုတ်လား ချို ဘယ်နားမှာတွေ့လိုက်တာလည်းဟင်...သူတို့ကို ငါတောင်မတွေ့လိုက်ဘူး...."
"ခမ်းနား....မင်း လည်းတော်တော်ဟန်ဆောင်ကောင်းပါလားနော်..."
"ဟင်...ချို နင်ကလည်းငါဘာဟန်ဆောင်ကောင်းလို့လည်း..."
"ကဲ...ထားပါတော့...လာအတန်းသွားရအုံးမယ်..."
"အေးအေး...သွားကြမယ်..."
(သံစဉ်ချို ကအကုန်လုံးကိုမြင်လိုက် ကြားလိုက်ရတာကိုတော့ သွင်ခမ်းနား မသိချေ...သံစဉ်ချို ကငယ်ငယ်ကတည်းကပေါင်းလာတဲ့ သူငယ်ချင်းအကြောင်းကိုလည်းသိသလို စိတ်ကိုလည်းနားလည်တယ်လေ...ဖြစ်တည်မှုတွေအားလုံးကိုလည်း ခေတ်ပညာတတ်တစ်ယောက်ပီပီ သိရှိနားလည်လက်ခံနိုင်သော ဆရာမလေးတစ်ယောက်ဖြစ်ပေသည်...ခမ်းနားသည် ထိုသူငယ်ချင်းမျိုး ရထားသည်မှာ...အလွန်ဂုဏ်ယူဖွယ်ကောင်းလှပေသည်..)

--------++---------
ဤဇာတ်လမ်းမှဇာတ်ကောင်နာမည်များ သည်စာရေးသူ၏စိတ်ကူးထဲမှ နာမည်များဖြစ်သည်...တစ်စုံတစ်ရာတိုက်ဆိုင်မှုရှိသွားပါက အနူးညွတ်တောင်းပန်အပ်ပါတယ် ....

#Yoon

* ဝေးခဲ့... လေပြီ*Where stories live. Discover now