သွန်းလည်းအခန်းထဲကို နောက်ကျမှရောက်သွားသောကြောင့် သူ့သူငယ်ချင်းများက တစ်ယောက်တစ်ပေါက်ဖြင့် မေးနေကြလေသည်...
"ဟဲ့ သွန်း ဘာလို့နောက်ကျနေတာလဲ...နင်က ဘယ်တော့မှကျောင်းမနောက်ကျဖူးပါဘူး.."
"အေးလေ ငါတို့က နင်မလာတော့ဘူးတောင်ထင်နေတာ"
"ဟုတ်တယ်...သူငယ်ချင်းတို့ရေ ငါအိပ်ရာထ နည်းနည်းနောက်ကျသွားလို့ပါ...ဟီးးး"
"အော်..ဒါနဲ့ နင့်မျက်နှာကြီးက စပ်ဖြဲဖြဲနဲ့ဘာဖိနေတာလည်းဟင်..."
"ဘာမှဖြစ်ပါဘူးဟ မြတ်နိုး ရယ် နင်ဆိုတာလဲ အရမ်းကိုစပ်စုတာဘဲ..ဟိုမှာကြည့် တွယ်တာ တောင် သူ့ဘာသာအေးဆေးနေနေတာ"
"ဟဲ့ ငါကအေးဆေးနေနေတာမဟုတ်ဘူး...
နင်ဘာပြောမလည်း နားထောင်နေတာ...ပြောပြော"
"အော်...ရှင်တို့ကလည်း သိပ်မသိချင်ရှာဘူး..ဒီလိုကွာ ငါက ဒီမနက် ငါ့ရဲ့အပြုံးပိုင်ရှင်လေးကို တွေ့ခဲ့လို့...ပြုံးနေတာလေးက ချစ်စရာလေးကွာ...ဟီးးး ပြောရင်းနဲ့တောင် အသည်းယားလာပြီ"
"ဟမ်...သွန်း လာအုံး ရှေ့တိုးခဲ့အုံး"
"ဟင် ဘာလို့လဲ မြတ်နိုးရ"
"လာပါ..ရှေ့တိုးခဲ့ပါ..မှန်းစမ်း နင် ဖျားများ များနေလား..ကိုယ်လည်းမပူပါဘူး..ပုံမှန်ပါဘဲ နင် မနေ့က ချော်လဲတာတွေဘာတွေရှိလား ခေါင်းတွေဘာတွေ ထိမိတာရှိသေးလား..."
"အော် နင်ဆိုတာလည်း ငါဘာမှမဖြစ်ပါဘူး အကုန်အကောင်း...ဒါနဲ့ နင်ဘာဖြစ်နေတာလည်း မြတ်နိုး"
"အဲ့တာ ငါကနင့်ကိုပြန်မေးရမှာ ထူးထူးဆန်းဆန်း အပြုံးပိုင်ရှင်တွေဘာတွေလုပ်နေလို့လေ...နော် တွယ်တာ "
"အေး..ဟုတ်တယ် အဲ့တာတော့ ငါလည်းသတိထားမိတယ် အရင်က ရည်းစား ကိစ္စဆိုခေါင်းထဲတောင်မရှိတဲ့ စာဂျပိုးက အခုဘာဖြစ်သွားတာလည်း"
"အော်ဒါလား အဲ့တာကတော့ ငါ့ရဲ့နတ်သမီးလေးက သူ့အပြုံးတွေနဲ့ ငါ့ကိုပြုစားသွားတာကို ဟ"
"ဟမ်!!"
"ဘယ်လို!!!"
"အမလေး...လန့်တာအေ ဖြေးဖြေးအော်ကြပါဟ နားကိုအူသွားတာဘဲ"
"ဒါဆို နင်ကိုယ့်နင် lgbt ဆိုတာလက်ခံလိုက်ပြီပေါ့"
"အွန်းးး ငါအရင်ကတော့ အဲ့တာကို လက်မခံဘူး
အခုတော့ ငါလုံးဝလက်ခံလိုက်ပြီ"
"con con ပါ သူငယ်ချင်း ဒါနဲ့နင့်နတ်သမီးက သချာ်ဆရာမ မလား"
"ဟယ် မြတ်နိုး နင်ဘယ်လိုသိလည်း"
"ငါတို့က ဘယ်လိုသိလည်းဆိုတော့ နင်ဆရာမကို စစမြင်တဲ့နေ့ကတည်းက နင့်မျက်လုံးက ဆရာမဆီမှာ မခွာဘူး အကြည့်တွေကလည်းမရိုးသား"
"အွန်းးဟုတ်တယ် သွန်း ငါတို့က supporter တစ်ယောက်ဖြစ်တဲ့အတွက် အဲ့တာတွေကို ကာယံကံရှင် မပြောတောင် ငါတို့က သိနေတယ်..."
"တော်ပါ အဲ့တာတော့ နင်တို့နှစ်ယောက်က တွေ့သမျှသူတွေ လိုက်ပေးစားနေတာ တစ်ကျောင်းလုံး လည်းကုန်တော့မယ်..."
"အော်...နင်ပြောမှငါတို့သတိရတယ် ဆရာမခမ်းနားလည်း နင့်အပေါ်အကြည့်တွေမရိုးသားဘူး သိလား"
"ဟာ...နင်တို့ကလည်း ငရဲတွေကြီးကုန်မယ် ဆရာမက ငါ့အဒေါ် တစ်ယောက်လိုဘဲကို အဲ့လိုတွေမတွေးနဲ့"
"အေးပါ..ငါတို့အမြင်မှာ နင်ကသာအဲ့လိုစိတ် ဆရာမရဲ့စိတ်က အဲ့လိုမဟုတ်ဘူး မယုံစောင့်ကြည့်လိုက် သွန်း"
ဟုတ်တယ် သွန်း နင်မယုံရင် စောင့်ကြည့်လိုက် ငါတို့ဒီတစ်ခါက ရမ်းပြောတာမဟုတ်ဘူး အကုန်သေချာစူးစမ်းကြည့်ပြီးမှ ပြောတာ"
"အေးပါဟာ ထားလိုက်တော့ ဟိုမှာဆရာမ လာနေပြီ"
"အေး...အေး..."
အားလုံးမတ်တပ်ရပ် ဆရာမ ကိုနှုတ်ဆက်....
"မဂ်လာပါ ဆရာမ..."
"အေးအေး သားတို့/သမီး တို့မဂ်လာပါကွယ် ထိုင်ကြနော်"
"ကျေးဇူးတင်ပါတယ် ဆရာမ"
"ဒီနေ့ ပျက်ကွက်ရှိလား...ကိုယ့်အနီးနားကလူ ကိုကြည့်ပြီးပြောပါ..."
"မရှိပါဘူး ဆရာမ..."
"ဟုတ်ပြီ...ဟုတ်ပြီ ကလေးတို့ bio မနေ့က သင်ထားတဲ့အထိကို ပြန်ဖတ်မယ်နော်.."
"ဟုတ်ကဲ့ ဆရာမ..."
(ခမ်းနား လည်းကျောင်းသားစာရင်းဖြည့်ရန် ပြင်လိုက်လေသည်)
"ဆရာမ.."
"ဟင်...အော် သမီးသွန်း..ဘာလို့လဲ"
"ဘာမှမဟုတ်ပါဘူး သမီးကို မာကာ ပေးပါ သမီး ဖြည့်ပေးမယ် စာရင်းကို"
"ရပါတယ် သမီး...ဆရာမ ဘာသာဖြည့်လိုက်မယ်"
"ပေးပါ..သမီးကို ဘာလို့လဲဆိုတော့ ဆရာမ ဖြည့်ရမယ့်ဟာကမြင့်နေတော့ လက်မြှောက်ပြီးဖြည့်ရရင် ခါးပေါ်နေတော့ အနောက်ကမြင်ရတာ သိပ်အဆင်ပြေလို့ပါ.."
"အင်းပါ....ရော့ ကျေးဇူးပါဘဲနော်"
"အာ...ရပါတယ် ဆရာမကလည်း ကျေးဇူးကမလိုပါဘူး အတန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ဆရာမလုပ်ရမယ့်ဟာကို သမီးကလုပ်ပေးရမှာဘဲကို"
"အေးပါ ဟုတ်ပါပြီ ဆရာမကြီးသွန်းမြတ်ချယ်ရှင့်"
"ဟီးးးးဆရာမကလည်း"(သွန်းလည်း စာရင်းတွေဖြည့်ပြီး ကိုယ့်နေရာကိုယ်ပြန်ထိုင်ကာ သင်ခန်းစာများကို လေ့လာသင်ယူရင်းတစ်နေ့တာကုန်ဆုံးသွားလေသည်..)
-–————။–———–—
up တာကြာသွားလို့တောင်းပန်ပါတယ်နော်....
fic ထဲမှဇာတ်ကောင်နာမည်များနှင့် နေရာဒေသများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါ ဇာတ်ကောင်နာမည်များသည်ကူယူခြင်းမဟုတ်ပါ ထို့ကြောင့်တိုက်ဆိုင်မှုရှိပါက အနူးညွတ်တောင်းပန်အပ်ပါတယ် .....
YOU ARE READING
* ဝေးခဲ့... လေပြီ*
RomanceUnicode... "သမီးကို တီချယ် ချစ်ပါတယ်...ဒါပေမယ့်... ဆရာမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကိုကျဆင်းတဲ့ အထိ နှလုံးသားကို ဦးစားမပေးနိုင်ဘူးသမီး..." {ပန်းဧကရီ} "တီချယ်ကလွဲလို့ဘယ်သူ့ကိုမှ သမီးမချစ်နိုင်ဘူး...အဲ့တာကြောင့်သမီးကို...