ပန်းတစ်ယောက် နိုင်ငံတော်သီချင်းဆိုပြီး အခန်းထဲသို့ပြန်ဝင်ကာ အတန်းခေါင်းဆောင်တစ်ယောက်ပီပီအတန်းထဲတွင်ပျက်ကွက်ရှိမရှိ စစ်ဆေးပြီးအတန်းပိုင်ဆရာမကို စာရင်းပေးရလေသည်.....ခမ်းနားကလည်း ကလေးကိုအော်မိသောကြောင့် စိတ်မကောင်းဖြစ်ကာ သွန်း ကိုအားနာ၍သိပ်စကားမပြောတော့ပေ
"ဆရာမ...ဒီနေ့ပျက်ကွက်မရှိပါဘူး..."
"အွန်း..."
(သွန်းလည်း ဆရာမ စိတ်ဆိုးနေသည် ထင်၍ဘာမှဆက်မပြောတော့ဘဲ ထိုင်ခုံသို့ပြန်ကာ လွယ်အိတ်ထဲမှ bio စာအုပ်များကိုထုတ်ရန်ရှာနေလေသည်...ခမ်းလည်း မာကာကို ကိုင်ကာ ဝိုက်ဘုတ် ထိပ်ဆုံးရှိ လူဉီးရေစာရင်းဖြည့်သောအခါ ခမ်းနားမှာအကောင်သေးပြီး အရပ်အနည်းပု၍ခြေဖျားထောက်ပြီး ရသဖြင့်အင်္ကျီစမှာ အနည်းငယ်လွတ်၍ ခါးမှာအနည်းငယ်ပေါ်နေတော့သည်...ထိုကြောင့် အခန်းထဲရှိကျောင်းသားအချို့၏ မျက်လုံးများမှာ ဆရာမဆိုသည့်ဂုဏ်ပုဒ်အတိုင်းအငမ်း မရကြည့်နေကြသည်...ဤသည်ကို ခမ်းနားလည်းသိသည်..သို့သော်အခန်းတစ်ခန်းတွင်စုန်ပြူးသောကျောင်းသားများ ပါတတ်သည်မှာ ထုံးစံပေ ဖြစ်သည်.....ဆုံးမလျှင်လည်း လက်ခံမည်မဟုတ် အမုန်းပွားမည်သာဖြစ်သည်...ယခုဖြစ်ပုံမှာခမ်းနား၏ ငယ်စိတ်ဖြင့်သာဆိုလျှင် ပြဿနာအကြီးအကျယ် ဖြစ်သွားလိမ့်မည် သို့သော်ခမ်းနားမှာ သည်းခံနိုင်သောအသက်အရွယ်ပမာဏသို့ ရောက်နေပြီဖြစ်၍ ဤအချင်းအရာများကို လစ်လျူရှုကာ နေခဲ့ရသည်မှာ အချိန်ကာတစ်ခုပင်ကြာမြင့်ခဲ့ပြီဖြစ်သည်...ဝိုက်ဘုတ်တွင်လည်း စာကိုမြန်မြန်ရေးကာ သွန်းကို ကြည့်မိလိုက်သောအခါ သွန်းသည်အိတ်ထဲရှိစာအုပ်ကို မဲပြီးရှာနေသာကြောင့် ဖြစ်သမျှ အကြောင်းတွေကို မသိလိုက်ချေ...ခမ်းနားမှာလည်း သွန်းသည် မသိချင်ယောင်ဆောင်သည်ဟုထင်မိကာ ၀မ်းလည်းဝမ်းနည်းမိသလို ပို၍ပင်တိုး၍ ဒေါသထွက်မိသည်....ထို့ကြောင့် ထိုနေ့တစ်နေ့လုံးတွင် သွန်းနဲ့လဲ မျက်နှာချင်းမဆိုင်ဖြစ်သလို...စကားလည်းမပြောဖြစ်ပေ...အိမ်ပြန်ချိန်လည်း သွန်နဲ့အတူတူမပြန်ဖြစ်ခဲ့ပေ.....တစ်ယောက်နဲ့တစ်ယောက် ရှောင်နေကာ တစ်နေ့တာကုန်ဆုံးပြီးကျောင်းဆင်းချိန်ရောက်လေသည်...သွန်းလည်းမိမိကဆရာမစကားကိုနားမထောင်၍ စိတ်ဆိုးနေခြင်စဖြစ်သည်ဟုသာထင်နေမိသည်....ထို့ကြောင့် သူငယ်ချင်းတွေနဲ့သာ အိမ်ကိုအတူတူ ပြန်ဖြစ်တော့သည်...လမ်းတွင်...)
"သွန်း...နင်ဘာဖြစ်နေတာလည်း မျက်နှာလည်းမကောင်းပါလား..."
"ဘာမှမဖြစ်ပါဘူးမြတ်နိုးရာ....ဒီတိုင်းဘဲ စိတ်ရှုပ်စရာလေးရှိလို့..."
"အော်..ဒါနဲ့သွန်း...နင်မနက်က အခန်းထဲက ကိစ္စဘာလို့မသိချင်ယောင်ဆောင်နေတာလည်း..."
"ဟမ်...ငါကဘာကိစ္စကို မသိချင်ယောင်ဆောင်ရမှာလည်း...တွယ်တာရဲ့"
"ဟင်...နင်တကယ်မသိတာလား..."
"အေး...ငါဘာမှမသိဘူး...ဘာကိစ္စလည်း"
"ငါနဲ့မြတ်နိုးတောင် အဲ့ကိစ္စကို ဒေါသထွက်နေတာ...မြတ်နိုးပြောပြလိုက်အုံး သူမသိသေးဘူးဆိုရင်...."
"အေး...ငါပြောပြမယ်...#%#%#%#%#%#%(မနက်ကကိစ္စပြန်မပြောပြတော့ဘူးနော်🤧🤧အပေါ်မှာသာ သေချာဖတ်လိုက်ကျတော့)အဲ့တာတွေဘဲ သွန်းရေ...ငါတို့ကနင်သိတယ်ထင်နေတာ...စာရေးပြီးတော့ပြန်အလှည့်မှာ ဆရာမ ကနင့်ကိုတောင်လှမ်းကြည့်သေးတယ်...နင်ကမေ့မကြည့်တော့ ဆရာမ ကပြန်ထိုင်နေတာ...ပြီးတော့တစ်နေ့လုံးလည်းမျက်နှာမကောင်းဘူး..."
"ဟင်...ဟုတ်လား ငါကနိုင်ငံတော်သီချင်းဆိုတုန်းက ဆရာမစကားနားမထောင်မိလို့ စိတ်ဆိုးနေတယ်ဘဲထင်တာ...အဲ့ကိစ္စတြွေဖစ်သွားမှန်းမသိဘူး..."
"အေးပါ..နင်ဆရာမကိုလည်းနည်းနည်းပါးပါး ဂရုစိုက်လိုက်အုံး...ငါလေအဲ့ကောင်တွေကိုအရမ်းအမြင်ကပ်တာ...ဆရာမတစ်ယောက်ကိုတောင်လိုက်နေတဲ့သုပ်ကြောင်တွေ...ငါတို့ကအစကသူတို့ဘာတွေပြောနေမှန်းမသိဘူး...ရှိုင်းနဲ့စစ်ငြိမ်း ပြောမှသေချာသိတာ...နှာခေါင်းနောက်လိုက်နေတဲ့ဟာတွေ...ငရဲအိုးဂျိုးကပ်မယ့်ဟာတွေ...ဟူး...စိတ်တိုလိုက်တာ...."
"ဟင်း....စိတ်လျှော့ပါမြတ်နိုးရာ...ငါဆရာမကိုဂရုစိုက်လိုက်ပါ့မယ်...ငါနည်းနည်းလိုသွားတာ..အတန်းခေါင်းဆောင်လည်းဖြစ် အရပ်လည်းရှည်တာကို ငါရေးပေးရမှာကို...ဆရာမစိတ်ဆိုးနေတယ်ထင်ပြီး..ထိုင်ခုံပြန်ထိုင်ပြီးတော့ စာအုပ်ကိုရှာနေမိလိုက်တာ...ငါအသုံးမကျတာ...ငါမှားတာပါဟာ..."
"ငါနဲ့စစ်ငြိမ်းတောင် အဲ့ကောင်တွေကိုဆွဲထိုးချင်နေတာ..."
"ထားပါ...သွန်းနင်လည်းစိတ်မကောင်းမဖြစ်နဲ့တော့နောက်နောင်ဆရာမလုပ်ရမယ့် အဲ့လိုအလုပ်မျိုးဆိုရင် နင်အရင်လုပ်ပေးလိုက်ပါ.....ဆရာမကို အကဲခတ်ရသလောက် ဆရာမကနင့်အပေါ်ကို ၅၂၈ ထက်ပိုနေပြီး ၁၅၀၀ အသွင်ကူးနေတယ် အဲ့တာကြောင့် နင်ပြန်ချစ်နိုင်ရင် ချစ်လိုက်ပါ...ငါတို့ကမကန့်ကွက်ဘူး ရှုံ့လည်းမရှံ့ချဘူး နင့်ဘက်ကရပ်တည်ပေးမှာ ...ကြားလားသူငယ်ချင်း"
"အင်းပါ...ကြားပါတယ်...ငါစိတ်ကိုငါစမ်းစစ်ပါရစေအုံးဟာ...နောက်တော့မှအေးဆေးပြောပြစရာတစ်ခုရှိတယ်...သေချာတာတစ်ခုကတော့ ဆရာမကို လေးစားအားကျရတဲ့ ဆရာမ တစ်ယောက်ထက်ငါမပိုဘူးဟ...."
"အေးပါ...အဲ့တာဆိုလည်းငါတို့ အတင်းအကျပ်မပြောပါဘူးဟာ...၁၅၀၀ နဲ့ မဟုတ်ရင်တောင် ၅၂၈ အသွင်နဲ့ ဆရာမ ကို အန်တီတစ်ယောက်လိုသဘောထားပြီး ပြန်ဂရုစိုက်ပေးလိုက်ပါနော်....."
"အင်းပါ ငါအန်တီတစ်ယောက်လိုသဘောထားပြီး ဂရုစိုက်ပေးလိုက်ပါ့မယ်..."
"ကဲ ဒါဆို...ငါတို့လမ်းလည်းရောက်ပြီဆိုတော့ ငါနဲ့စစ်ငြိမ်းပြန်တော့မယ်...တာ့တာ.."
" အေးပါ...ဂရုစိုက်ပြန်ကျ...ဘိုင့်ဘိုင့်"
(သွန်းသူငယ်ချင်း ၄ယောက်မှာ lgbt ဟု မခံယူထားသေးပေမယ့် lgbt supporter များဖြစ်ကြသည်...သွန်းကိုလည်းရှုံ့ချခြင်း ကဲ့ရဲ့ခြင်းမရှိပေ.....သွန်းအတွက် သူတို့ ၄ယောက်မှာ ဒုတိယ မိသားစုလေးပင်ဖြစ်သည်....သွန်းလည်းအိမ်ပြန်ရောက်သောအခါ ရေမိုးချိုးပြီး မှိုင်ထွေထြွေဖင့် ထိုင်နေလေသည်)
"သွန်းရေ....သွန်း...ထမင်းစားရအောင် လာခဲ့"
"ဟုတ်လာပြီ မေကြီးရဲ့....."
"ခေါ်လိုက်ရတာဟယ်...ညည်းဆိုတာလည်း
ဧကန္တ ကောင်လေးတွေဘာတွေများရှိလို့ ကောင်လေးအကြောင်းတွေများတွေနေတာလား..."
"ဟီးဟီး...မေကြီးကလည်း ကောင်လေးလည်းမရှိပါဘူး...စာတြွေပန်စဉ်းစားနေတာပါ....."
"ကဲကဲ ဒီသားအမိနှစ်ယောက်နဲ့တော့ခက်တယ်...တော်တော့ ထမင်းစားကြမယ်...."
"ဟုတ်...ဖေကြီး"
"သမီး အစားနည်းလှချီလား...စားမကောင်းဘူးလား မျက်နှာလည်းသိပ်မကောင်းဘူး နေမကောင်းဘူး"
"ကောင်းပါတယ် ဖေကြီးရဲ့ နေပူတော့ နည်းနည်းနုံးနေလို့ပါ....သမီးစောစောနားတော့မယ်နော်...."
"အေးအေး...သမီး...စောစောနားတော့.."
"ဟုတ် ဖေကြီး...မေကြီး....သမီးနားပြီနော်..."
(သွန်းလည်း အခန်းထဲသို့ပြန်လာကာ ထိုနေ့ညကို အတွေးများစွာနဲ့ ဖြတ်သန်းရလေသည်)______________။။_______________
အားလုံးကို သာသာ တောင်းပန်ပါတယ်နော် သာသာ နေမကောင်းဖြစ်ပြီး ဆေးသွင်းနေရလို့ up တာကြာသွားတာပါ....ဇာတ်ကောင်နာမည်တိုက်ဆိုင်မှုများရှိခဲ့ရင် တောင်းပန်ပါတယ်...မည်သူတစ်ဉီးတစ်ယောက်ကိုထိခိုက်လိုစိတ်မရှိပါ...
YOU ARE READING
* ဝေးခဲ့... လေပြီ*
RomanceUnicode... "သမီးကို တီချယ် ချစ်ပါတယ်...ဒါပေမယ့်... ဆရာမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကိုကျဆင်းတဲ့ အထိ နှလုံးသားကို ဦးစားမပေးနိုင်ဘူးသမီး..." {ပန်းဧကရီ} "တီချယ်ကလွဲလို့ဘယ်သူ့ကိုမှ သမီးမချစ်နိုင်ဘူး...အဲ့တာကြောင့်သမီးကို...