နောက်တစ်နေ့နံနက်တွင် ကျောင်းသွားရန် အသီးသီးပြင်ဆင်ကာ ကျောင်းသို့ထွက်လာကြလေသည်....သွန်းတို့သူငယ်ချင်း ငါးယောက်လည်း လမ်းတွင် အသီးသီး ဆုံကြကာ ကျောင်းသို့ အတူတူသွားလေသည်....ကျောင်းဝန်းထဲသို့ ၀င်ချိန်တွင်...
"သွန်း...သမီးသွန်းရေ..လာပါအုံး..ဆရာမဆီကို.."
(သွန်းလည်း သူ့နာမည်ခေါ်သံကြား၍ လှည့်ကြည့်လိုက်ရာ..သွန်းတို့အတန်းပိုင် ဆရာမ ဖြစ်လေသည်)"ဟေး...ဆရာမကတော့ လုပ်ငန်းစပြီဟေ့...တွယ်တာရေ...."
"ဟုတ်ပ...ခုမှကျောင်းရောက်တယ်...အခုခေါ်နေတယ်ဟယ်"
"တွေ့တာနဲ့ကို တန်းခေါ်တော့တာဘဲ...ဟား...ဟား...နော်ဟျောင့် စစ်ငြိမ်း..."
"ဟုတ်တယ်ကွ...ဆရာမက မျက်စိအောက်ကနေတောင် အပျောက်မခံနိုင်ဘူး အိမ်ကိုတောင် ခေါ်ထားလို့မရလို့ ရရင်ခေါ်တောင်ထားမလားမသိဘူး.."
"တော်ကြပါတော့ဟယ်...သွားမယ်လာ...ဆရာမခေါ်နေတယ်..."
"နိုးပါ....ငါတို့ကတော့မလိုက်နိုင်ပေါင်.."
"ငါလည်း နင့်အစား အခန်းတံမြတ်စည်းလှဲပေးမလို့..😁😁 မလိုက်နိုင်ပါဘူးရှင့်"
"အော်...အေးအေး ငါ့အစားတောင်တံမြတ်စည်းလှည်းပေးအုံးမယ်..ကျေးဇူးဘဲတွယ်တာရေ အရောက်ပို့ပေးနေလို့....😒😒"
"ဟဲ...ဟဲ...ငါနဲ့စစ်ငြိမ်းလည်း မုန့်ဈေးတန်းမှာကောင်မလေးတွေ သွားရှိုးမလို့မအားပါဘူး...ဟုတ်တယ်နော် ဟျောင့်..."
"ဟုတ်တယ်လေ...ဆရာမကလည်း နင်တစ်ယောက်ထဲရဲ့နာမည်ခေါ်နေတာလေ...သွားပါ..တစ်ယောက်ထဲ...ထမင်းချိုင့်နဲ့လွယ်အိတ် ငါတို့ယူသွားပေးမယ်..."
"ဟာ...လေးကောင်လုံး အကျင့်မကောင်းတာဟာ...ငါ့ကိုအရောက်ပို့နေကြတာ..."
"ဆရာမကလည်း နင်ကိုဘဲခေါ်တာလေ..."
"ဟုတ်တယ်လေ...သွားမြန်မြန်သွားတော့...ဆရာမစိတ်ဆိုးနေအုံးမယ်"
"ပေးပေး...လွယ်အိတ်နဲ့ထမင်းချိုင့်"
"ကဲ သွန်း ငါတို့သွားပြီနော်..ဘိုင့်...ဆရာမနဲ့ကောင်းကောင်းစကားပြောလိုက်အုံး..."
"အား စိတ်တိုလိုက်တာ နင်တို့နဲ့ငါ ကျောင်းခန်းထဲရောက်မှတွေ့မယ်...ဟင်း..ဟင်း..."
(သွန်း ကတော့စိတ်တိုလျက် ကျန်ခဲ့လေသည်...ဟိုသူငယ်ချင်းသုံးယောက်ကတော့ သွန်းကို အတန်းပိုင် ဆရာမဆီ အရောက်ပို့ကာ...အခန်းထဲ တစ်ယောက်နဲ့တစ်ယောက် တွန်းထိုးလျက်သွားလေသည်...သွန်း တော်တော်နဲ့မလာသေးသဖြင့် ဆရာမ ခမ်းနားကလည်း သွန်းကိုတကြည့်ကြည့်ဖြစ်နေသည်...သွန်းလည်းသူ့ သူငယ်ချင်းတွေ ထွက်သွားသောအခါ ဆရာမ ခေါ်ရာဆီသို့ တစ်ဖြည်းဖြည်း လျှောက်လာလေသည်...)
"ဆရာမ...သမီးကိုဘာခိုင်းစရာရှိလို့လည်း"
"အော် ပေါ်လာသေးတယ် မယ်မင်းကြီးမရယ် ခိုင်းစရာရှိလို့မဟုတ်ဘူးသမီးရဲ့...ဒီကဆရာမတွေနဲ့မိတ်ဆက်ပေးမလို့...ဒါနဲ့သမီးကဘာလို့ကြာနေတာလည်း..."
"သမီးကို သူငယ်ချင်းတွေ ကစနေလို့...ရန်ပြန်တွေ့နေတာပါ ဆရာမရဲ့ ဟီး...ဟီး..."(စပ်ဖြီးဖြီးမျက်နှာဖြင့်😁😁)
"ကဲ...ဟုတ်ပါပြီ...လာထိုင်သမီး..."(ခမ်းနားလည်း သူ့ဘေးနားက ခုံအလွတ်လေးကို ပုပ်ပြပြီး သွန်းကိုထိုင်ခိုင်းလိုက်လေသည်...သွန်းလည်းဆရာမဘေးနားလေးမှာ ၀င်ထိုင်လိုက်လေသည်
ထိုအချိန်တွင် ဆရာမ မှ စပြီး...အမတို့ ဒါ ညီမပြောပြောနေတဲ့ မခင်သူဇာရဲ့ ဒီနှစ်ကိုးတန်း ...bioယူထားတာလေ...ညီမအတန်းက ကလေးလေ...နာမည်က သွန်းမြတ်ချယ်)
"အော် သူဇာတူမလေး ဆိုတာသမီးလား နာမည်တော့ကြားဖူးတယ် သမီးဆရာမ အမြဲပြောပြောနေလို့ လူတော့ ခုမှ သိတာ နာမည်လေးနဲ့လူလေးနဲ့လည်း လိုက်ပါပေတယ်...ဆရာမနာမည်က ဒေါ်စီစီ English(အင်္ဂလိပ်စာ) သင်တာ သမီးသိပါတယ်...ဟုတ်တယ်မလား..."
"ဟုတ် ...သမီးမနေ့က ဆရာမနဲ့စာသင်လိုက်ရပါတယ်ဆရာမ.."
"ကဲပါ ...ဟုတ်ပါပြီရှင့်..."
"သမီးဆရာမခမ်းနားက သမီးအကြောင်း အမြဲပြောနေတာ သမီးနာမည်ကို အလွတ်တောင်ရနေပြီ..ပြောလွန်းအားကြီးလွန်းလို့ တော်ပါတော့တောင်ပြောယူရတယ်..."
"ဟာ....မသီတာကလည်း မဟုတ်တာတွေကလေးကိုလျှောက်ပြောနေတယ်.."
"အယ်...မယ်မင်းကြီးရယ် ဘာကိုမဟုတ်တာတွေလည်း...အခုမှရှက်နေတယ်..."
(သွန်းလည်း Chemistry(ဓာတုဗေဒ) ဆရာမရဲ့စမှုကြောင့်နေရကျဉ်းကျုပ်ကာ ရှက်ပြီး ခေါင်းကြီး ငုံ့ကာထားလေသည်...ဆရာမ ခမ်းနားလည်း မျက်နှာတစ်ခုလုံးရဲတွတ်နေလေသည်...ကျန်ဆရာမနှစ်ယောက်လည်းတစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ကာ ခမ်းနားနဲ့ သွန်းကို ကြည့်ပြီးရီနေကြလေသည်..)
"ကဲကဲ...တော်ပါတော့ သီတာရယ် စမနေနဲ့နော် နှစ်ယောက်လုံးရှက်နေပြီ...ကျောင်းလည်းတက်တော့မယ် ...ကလေးကိုသွားခိုင်းလိုက်တော့....သူလုပ်စရာရှိတာ လုပ်ရအုံးမှာပေါ့..."
"အင်းပါ ...မသီတာရယ် သွားတော့သွားခိုင်းချင်ပါတယ်...ဒါပေမယ့် ဒီကျောင်းက..ယောကျာ်းလေးတွေကသိတဲ့အတိုင်းဘဲ...လွယ်တာမဟုတ်ဘူး...သူ့ဘာသာ လမ်းသွားတဲ့သူတွေကိုတောင်လိုက်စနေကြတာ....ဆရာမတွေလည်းမနိင်ကြတော့ဘူး...အဲ့တာကြောင့် ကလေးကို စိတ်မချလို့စောစောမလွှတ်တာပါ...စီစီရယ်...ကလေးကို ထိရင်တော့ညီမနဲ့လည်း လွယ်မှာမဟုတ်ဘူး...သိတယ်မလားညီမရဲ့စိတ်နဲ့ လက်သံကိုလည်း..."
"အမလေးဟယ် ...ဒီကျောင်းမှာသူ့ကလေးတစ်ယောက်ဘဲမိန်းကလေးရှိတာကြလို့...အဖြစ်သည်းနေလိုက်တာများ...သူ့အဒေါ်နဲ့သူ့မိဘတွေတောင် ခမ်းနားလောက်တွေးပူရဲ့လားမသိဘူး ဟား..ဟား.."
"မသီတာ ကလည်း..."
"ကဲပါ ခမ်းနားရယ် သွန်းကလည်းကြီးနေပါပြီ..ဒါတွေတော့နားလည်နေပါပြီ..အချိန်တန်ရင်သီးကြ၊ပွင့်ကြမှာဘဲကို..အဲ့တာကြောင့် ခမ်းနားက သူလမ်းမှန်ကိုလျှောက် နိုင်အောင်ဆရာမတစ်ယောက်အနေနဲ့ ဆုံးမလမ်းညွှန်ပေးရမှာပေါ့..ဟုတ်ပြီလား...."
"ဟုတ်ကဲ့ပါ....ညီမနားလည်ပါတယ်...မစီ..."
(ခမ်းနားစိတ်ထဲတွင်တော့ သမီးလေးရယ်...သမီးကိုဆရာမဆုံးရှုံးရမှာ သိပ်ကြောက်တယ်...အဲ့တာကြောင့် ...သမီးကိုအရိပ်တကြည့်ကြည့်နဲ့ နေနေရတာပေါ့...သမီးအရွယ်က...စိတ်ကစားတဲ့အရွယ်ဖြစ်နေလို့...သမီးအပေါ်ကောင်းတဲ့သူနဲ့တွေ့ရင်....စိတ်ယိုင်သွားမှာ အရမ်းစိုးရိမ်မိတယ်...သမီးရယ်...ဟူး...သမီးနဲ့ပတ်သတ်ရင်...ဆရာမ အတ္တတွေ သိပ်ကြီးနေမိပြီ...သူများတွေပြောတဲ့အချစ်ဆိုတာဒါမျိုးလား...ဆရာမသေချာမသိဘူး...ဆရာမသေချာသိတာတစ်ခုက...သမီးကိုဆုံးရှုံးရမှာကြောက်တဲ့စိတ်....တစ်ခုတော့ရှိနေတယ်...)
"ဆရာမ...ဆရာမ..."
"ဟင်... သမီးလေး"
"ဆရာမသမီးကို ကြည့်ပြီးဘာတွေတွေးနေတာလည်းဟင် သမီးပြောတာတောင်မကြားဘူး..."
"အော်..ဘာမှမဟုတ်ပါဘူး သမီးရယ် ဒီတိုင်းဘဲ ဟိုတွေး ဒီတွေး တွေနေတာ sorry ပါ သမီးဘာပြောလိုက်တာလည်းဟင်"
"အော်...သမီးက ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်နေပါပြီလို့...ယောကျာ်းလည်းမယူဘူး(သူကမိန်းမဘဲယူမှာလေ သာသာအသိဆုံး🤭🤭)....အဲ့တာတွေစိတ်လည်းမ၀င်စားဘူး...ဆရာမ လည်း သမီးလမ်းမှားရောက်နေရင် ဆုံးမပါ...ဟုတ်ပြီလား..သမီးကိုစိတ်လည်းချပါနော်...ခုတော့ကျောင်းတတ်တော့မှာမို့လို့...သွားခွင့်ပြုပါအုံး...ချစ်ဆရာမလေးရယ်...ဟီး...ဟီး"
"ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တဲ့အရွယ်ရောက်နေလို့ကို ရှင်လေးကို စိတ်မချတာ သိရဲ့လား...သွားသွား ကျောင်းခေါက်တော့မယ်...ဖြည်းဖြည်းသွား..မပြေးနဲ့နော်...ဂရုစိုက်ကြားလား..ရှပ်ပြာမလေး..."
"ဟုတ်ကဲ့..ဆရာမ"
(သွန်းရဲ့နှာထိပ်ကလေးကိုလက်ဖြင့်တို့ကာ ပြုံးပြီးသွားခွင့်ပြုလိုက်လေသည်..သွန်းလည်းခွင့်ပြုချက်ရသည်နှင့်ချက်ချင်းပင်ထ၍ ဆရာမတို့ကို
နှုတ်ဆက်၍သွားလေသည်..)
"ဆရာမတို့...သမီးကိုသွားခွင့်ပြုပါအုံးနော်..."
"အေးအေး...သမီးလေး..Chemistry(ဓာတုဗေဒ)
အချိန် ဆရာမကိုလာခေါ်အုံးနော်..."
"ဟုတ်ကဲ့...ဆရာမ"
"ဆရာမရဲ့(English)အင်္ဂလိပ်စာအချိန်လည်းလာခေါ်ပါအုံး"
"ဟုတ်ကဲ့...သမီးအကုန်လုံးကိုလာခေါ်ပါ့မယ်..သွားခွင့်ပြုပါအုံး..ဆရာမတို့...ဆရာမ သမီးသွားပြီနော်..."
(ခမ်းနား လည်းပြုံးကာခေါင်းလေးညိမ့်ပြလိုက်လေသည်...သွန်းထွက်သွားရာ မျက်စိတစ်ဆုံးလိုက်ကြည့်နေမိလေသည်...မျက်စိအောက်ပျောက်သွားတော့မှ...ကျန်ဆရာမ များကိုမျက်စောင်းခဲကာ..စကားပြောလေသည်...)
"အမတို့ကလည်း အခန်းထဲကျောင်းသားအများကြီးရှိတာကို ညီမ သမီးလေးတစ်ယောက်ထဲဘဲခိုင်းနေကြတယ် ဟွန့်....😒"
"အမယ်လေး...အမတော်ခမ်းနားရယ် သူလေးကလည်းကျမတို့တပည့်လေးပါဘဲရှင့်... တကယ်တည်း အဖြစ်သည်းနေလိုက်တာများ😒😒..."
"အဲ့လိုလည်းမဟုတ်ပါဘူး...မသီတာရယ် ကလေးစာကျက်ချိန်လျော့မှာဆိုးလို့ပါ..."
"အော်...အခုမှကိုးတန်းရယ်...စာကအဲ့လောက်လည်းအရေးမကြီးသေးပါဘူး...အခြေခံပါရုံလောက်ပါဘဲ...ဆယ်တန်းကျမှ အနားမှာခေါ်ထားပြီး အသေမောင်းရမှာ..."
"အင်း...ညီမလည်းအဲ့လိုစဉ်းစားထားတယ်..အမရဲ့...."
"ငါတို့အကြံပေးရုံ ဘဲရှိသေးတယ် ဒင်းကစဉ်းတောင် စဉ်းစားပြီးနေပြီ..."
(ကျန်ဆရာမနှစ်ယောက်ဝိုင်းစနေတာကြောင့်
ခမ်းနားလည်း..မျက်နှာရဲတွတ်ကာ ရှက်နေလေသည်....ထိုအချိန် ကျောင်းတက်ခေါင်းလောင်းသံက အစသန်တဲ့စီနီယာ အမနှစ်ယောက်လက်ကနေကယ်လိုက်လေသည်...)
ကလောင်...ကလောင်...(ကျောင်းတက်ခေါင်းလောင်းသံ..)
"ကျောင်းတောင်ခေါက်ပြီ...နားနေ ခန်းပြန်ရအောင်စီစီရေ...စာအုပ်တွေယူပြီး ...အခန်း တွေဝင်ရအုံးမယ်.."
"ဟုတ်မသီတာ ညီမလည်းပြန်ရမှာ.. သွားကြမယ်..."
"ကဲ မယ်မင်းကြီးမ ဒေါ်သွင်ခမ်းနား...နားနေခန်းလိုက်မှာလည်း...ရှင့်ချစ်ချစ်လေးရှိတဲ့အခန်းကိုတန်းသွားမှာလား..."
"ဟာ အမကလည်းစပြန်ပြီ ...အရင်ကတည်းက အတန်းထဲဘဲတန်းသွားနေကျကို သွန်းကြောင့်အတန်းကို သွားတာမဟုတ်ပါဘူး..အမကလည်း"
"ကဲပါ...ဟုတ်ပါပြီ...မျက်နှာကြီးကလည်း ခရမ်းချဉ်သီးကြီးကျနေတာဘဲ အမတို့သွားပြီနော် မစတော့ဘူး တာ့..တာ"
(သီတာနဲ့စီစီလည်းထွက်သွားကော ခမ်းနာလည်းသိမ်းစရာရှိတာတွေသိမ်းကာ ဂျူတီဂိတ်မှ မိမိအတန်းသို့ တက်ကြွသောခြေလှမ်းများဖြင့် ခပ်မြန်မြန်လျှောက်လာလေသည်...ထိုအချိန်တွေ ကလေးများသည်လည်း အတန်းအပြင်ဘက်တွင်နိုင်ငံတော်သီချင်း ရန်ရပ်နေကြလေသည်..ခမ်းနားလည်းအတန်းထဲတွင် ပစ္စည်းတွေထားကာ သွန်းကို ပတ်ရှာမိသည်...သွန်းကိုကြည့်လိုက်တော့နေပူထဲတွင် မတ်တပ်ရပ်နေလေသည်
ခမ်းနားလည်း စိတ်ထဲတွင် °ဟယ်...ဒီကလေးနေပူထဲမှာ ရပ်နေတယ် အရိပ်ထဲမ၀င်ဘူး..ဒုက္ခဘဲ...နေမကောင်းဖြစ်နေအုံးမယ်°ခမ်းနားလည်း စိတ်ပူစွာဖြင့်...သွန်းနားသို့မြန်မြန်ကပ်သွားပြီး က်ကိုဆွဲ ကာ...နေရိပ်ထဲကိုဆွဲသွင်းလိုက်လေသည်..)
"သမီး....နေပူနေတာကို အရိပ်ထဲမှာ ....ရပ်နေလေ...ဘာလို့ နေပူထဲမှာရပ်နေတာလည်း..."
"ရပါတယ်...ဆရာမရဲ့ သမီးဘာမှမဖြစ်ပါဘူး..."
"ဘာကို ဘာမှမဖြစ်တာလည်း...အဓွန့်မတက်နဲ့...ဆရာမပြောတဲ့အတိုင်းလုပ်...ဒီနားကနေမရွေ့နဲ့...နိုင်ငံတော်သီချင်းဆိုတိုင်း ...ဒီနားမှာဘဲဆို...ကြားလား....(ခမ်းနားလည်း သွန်းကို အော်မိသလိုဖြစ်သွားလို့ စိတ်မကောင်းဖြစ်ပြီး အခန်းထဲသို့ဝင်သွားကာ ဆရာစားပွဲ တွင် မှိုင်၍ထိုင်နေမိလေသည်...)
"ဆရာမ စိတ်ဆိုးသွားတာလား မသိဘူး...ငါ့ကိုတစ်ခါမှ မအော်ဖူးဘူး...ဟင်း...ဟာသွားပါပြီ..တီချယ်ကိုမတွေ့ရတော့ဘူး...ဒါပေမယ့် စာသင်တဲ့အချိန်တွေ့လို့ရသေးတာဘဲ...ဘာမှမဖြစ်ပါဘူး...ဟူး...."
*သွန်းလည်းစိတ်ထဲတွင် မအီမသာဖြင့်ရေရွတ်နေမိတော့သည်*____________။_____________
စာလုံးပေါင်းပြန်မစစ်မိပါ...အမှားရှိပါကတောင်းပန်ပါသည်။
ဖော်ပြပါဇာတ်ကောင်များသည်စာရေးသူ၏ ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်သည်...အခြားတစ်စုံတစ်ယောက်နဲ့တိုက်ဆိုင်မှုရှိသော်လည်းကောင်း၊ဇာတ်ကောင်နာမည်တိုက်ဆိုင်မှုရှိသော်လည်းကောင်း
တောင်းပန်အပ်ပါသည်...#A Yoon
YOU ARE READING
* ဝေးခဲ့... လေပြီ*
RomanceUnicode... "သမီးကို တီချယ် ချစ်ပါတယ်...ဒါပေမယ့်... ဆရာမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကိုကျဆင်းတဲ့ အထိ နှလုံးသားကို ဦးစားမပေးနိုင်ဘူးသမီး..." {ပန်းဧကရီ} "တီချယ်ကလွဲလို့ဘယ်သူ့ကိုမှ သမီးမချစ်နိုင်ဘူး...အဲ့တာကြောင့်သမီးကို...