(Part - 8) unicode

701 24 5
                                    

ဒီလိုနဲ့ သွန်း ကျောင်းတတ်တာ တစ်ပတ်ပြည့်ရန် သောကြာနေ့ သို့ ရောက်လာလေပြီ...

"သွန်းရေ..သမီးရေ... "
"ရှင် မေကြီး..."
"သမီးဒီနေ့ကျူရှင်ရှိလား သမီး"
"မရှိဘူး မေကြီး...ဘာလို့လည်း"
"အော် ဘာမှတော့ မဟုတ်ပါဘူး ဒီနေ့ ရက်ရာဇာကျလို့ ဖုန်းသွားဝယ်မလားလို့လေ... "
"ရေးးးးသွားမယ် မေကြီး သွားမယ် လာ... ခုသွားကြမယ်..."
"ဟိုးးဟိုးးခဏနေအုံး သမီး လာထိုင်အုံး အေးဆေးစကားပြောရမယ်..."
"ဟုတ် မေကြီး"
"ကဲ ကိုဇော် ရှင်​ဘာပြောမှာလည်းပြောလေ"
"ဖေကြီးပြောချင်တာကတော့ အထွေအထူးတော့မဟုတ်ပါဘူး ဖုန်းဝယ်ပေးတယ်ဆိုတာ သမီးကိုသူများတွေကြားထဲမျက်နှာမငယ်ရအောင် တန်းတူညီတူ ဖြစ်အောင်ဝယ်ပေးတာနော် ဖေကြီး ရှုပ်ရှုပ်ရှက်ရှက် အသံတွေမကြားချင်ဘူးးနော် ကြားလား သမီး"
"ဟုတ် ဖေကြီး"
"မေကြီး မှာချင်တာကတော့ ဒီကိုးတန်းနှစ်မှာတော့စည်းကမ်းမတင်းကျပ်ပါဘူးး စာလည်းလုပ်ရင်းဖုန်းလည်းကိုင်ပေါ့ ဆယ်တန်းနှစ်ကြရင်တော့‌ဖုန်းကိုအချိန်ပိုင်းနဲ့ဘဲကိုင်ရမယ်နော်သမီး စာဘဲကြိုးစားရမယ်နော် ကြားလား"
"ဟုတ်မေကြီး သမီးနားလည်ပါတယ် သမီးလည်းအဲ့လိုမျိုးတွေးထားဝာာ"
"ဟုတ်ပြီ လိမ်မာတယ်သမီးလေး လာသွားကြမယ်"
သွန်းလည်းသူလိုချင်တာရသွားသဖြင့်ပျော်မြူးကာနေလေသည်။
(အွန်းးးမနက်ဖြန် ငါ့သူငယ်ချင်းတွေ ဆရာမတွေရဲ့ဖုန်းနံပါတ်တောင်းထားရမယ် အော်မေ့နေတာ FB acc ဖွင့်ရအုံးမှာဘဲ)
"မေကြီးရေ မေကြီး"
"ဟေ သမီးလေး လာမေကြီး မီးဖိုချောင်မှာ"
"ဟုတ် မေကြီး သမီးလေ Facebook account ဖွင့်မလို့ အဲ့တာသမီးနာမည်နဲ့ဘဲဖွင့်လို့ရတယ်မလား သမီးပုံကောထားလို့ရလားး"
"နာမည်နဲ့ဖွင့်တာက ရပါတယ် ပုံကတော့ကျောင်းပြီးမှတင်ပါလား သမီးရယ် သမီးဖေကြီးကပြံတင်တာမကြိုက်ဘူးး"
"မေကြီးကလည်း တစ်ပုံဘဲတင်မယ်လေနော် မေကြီးနော်...နော်...နော်..."
"ဟေ့ ဒီသားအမိတွေ ဘာတွေဖြစ်နေကြတာလဲ သမီးဘာတွေချွဲနေတာလည်းး"
"ဟိုလေသမီးက ဖုန်းခုမှသုံးမှာဆို‌တော့ Facebookမှာ ကိုယ့်ပုံလေးထားချင်လို့ ပူစာနေတာပါ ဖေကြီးခွင့်ပြုပေးပါနော်...နော်"
"ဒီကလေးနဲ့လည်းနော် သနားအောင်လာချွဲပြနေတယ် ကဲကဲ ဖေကြီးပြောမယ် ထားတာကထားလို့ရတယ်နော် ဒါပေမယ့် အကောင့်ကပုံကလွဲလို့ ပုံတွေထပ်မတင်ရဘူးးနော်ကြားလား သမီး‌လေးကငယ်လေးတယ် ဆယ်တန်းပြီးမှ လွတ်လပ်ခွင့်ရှိမှာနော်ကြားးလားး"
"ဟုတ်ဖေကြီး သမီးနားလည်ပါတယ် ဖုန်းကိုလည်းစည်းကမ်းရှိရှိနဲ့ဘဲသုံးမှာပါ"
"လိမ္မာတယ် ဖေကြီးသမီးလေးက ကဲ ဖေကြီးရေချိုးအုံးမယ် ပြီးရင်ထမင်းစားကြမယ်နော်...မိန်းမရေ ထမင်းဝိုင်းပြင်ထားလိုက်နော် သမီးလည်းဝိုင်းကူပေးလိုက်အုံးးနော်"
"ဟုတ်...ဖေကြီးး"
(သွန်းတို့မိသားစုလည်း ညစာ စားသောက်ပြီး ကိုယ်ပိုင်အခန်းအသီးသီးမှာအနားယူကြလေသည်။သွန်းတစ်ယောက်တော့သူ့အခန်းထဲ၌ လိုချင်တာရသွားလို့ အတွေးပေါင်းစုံတွေးပြီးပျော်မြူးနေလေသည်)
"ဟီးးးငါတနလာ်နေ့ကျရင် တီချယ့်ကိုစကားသွားပြောရမယ် အကောင့်လည်းသွားတောင်းရမယ် ဖုန်းနံပါတ်လည်းတောင်းရမယ် အကောင့်ကိုနာမည်နဲ့ရှာတာရှာလို့လည်းမတွေ့ဘူးး ဘာနာမည်နဲ့ဖွင့်ထားလည်းမသိဘူးဟူးးးနှစ်ရက်ကြီးတောင် မတွေ့ရပြန်ဘူးးး လွမ်းရအုံးမှာပေါ့ လှပတဲ့အပြုံးပိုင်ရှင်လေးရေ"
(သွန်း တစ်ယောက်တော့ စနေ တနဂ်နွေ နှစ်ရက်ကို ဖုန်းသုံးလိုက် စာကျက်လိုက်ဖြင့်ဖြတ်သန်းနေလေသည်)

__________။___________

Up ဖို့တော်"ကြာသွားလို့ တောင်းပန်ပါတယ်😁
Fic အသစ်လေးလည်းပြင်ဆင်ထားပါတယ်နော်
ဒါလေးပြီးတာနဲ့ အသစ်လေးကိုထပ် up ပေးမှာပါနော်🤭

fic ထဲမှဇာတ်ကောင်နာမည်များနှင့် နေရာဒေသများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါ ဇာတ်ကောင်နာမည်များသည်ကူယူ​ခြင်းမဟုတ်ပါ ထို့ကြောင့်တိုက်ဆိုင်မှုရှိပါက အနူးညွတ်တောင်းပန်အပ်ပါတယ် .....

* ဝေးခဲ့... လေပြီ*Where stories live. Discover now