"သမီးသွန်း...သွန်းရေ....ဟာ...ဒီကောင်မလေးခေါ်မကြားအော်မကြားနဲ့.....အိပ်နေတုန်းလားမသိဘူး....ငါဝင်သွားမှဖြစ်မယ်"
သွန်းအမေလည်း တံခါးဖွင့်၍ဝင်သွားလေသည်...
"ဟဲ့...မိသွန်း နင်မနိုးသေးဘူးဟုတ်လား....ကျောင်းနောက်ကျတော့မယ်...သွန်းမြတ်ချယ် ထတော့....."
"အင်းးးးး.....မေကြီးကလည်း အစောကြီးရှိသေးတယ် လာနှိုးနေတယ်...အိပ်ရေးမဝသေးပါဘူးဆို...."
"ဟဲ့... ဘယ်ကိုအစောကြီးရှိသေးတာလည်း....7 နာရီခွဲနေပြီ.....မျက်လုံးလေးလည်းပြူးပြဲပြီးကြည့်အုံး..."
"ဟင်.....မေကြီး...တကယ် 7 ခွဲတာလား"
"ဟဲ့...အော်ဒီကလေး မအေ က ကိုယ့်သားသမီးကိုနောက်ပါ့မလား...ဒီမှာကြည့်နာရီ...."
"အဲ့တာဖုန်းမရှိလို့ဖြစ်ရတာမေကြီးရဲ့..."
"ဟေ....ဘာဆိုင်လို့လဲ ကလေးရဲ့"
"ဆိုင်တာပေါ့ မေကြီးရဲ့.....အရင်ကဆို သမီးဘယ်လောက်ညည့်နက်မှအိပ်အိပ် ဖုန်းနှိုးစက်သံကြားတာနဲ့ နိုးတော့တာဘဲ ခုတော့ အိပ်တာကလည်းနောက်ကျ ဘာသံမှလည်းမကြားတော့ မနိုးဘူးနောက်ကျသွားပြီ....."
"မေကြီး သမီးကို ဒီတစ်ပတ် ပိတ်ရက်ကျရင် ဖုန်းလိုက်ဝယ်ပေးဖို့စဥ်းစားထားပြီးသားပါ....သွားခုတော့မြန်မြန် ရေမိုးချိုး အဝတ်အစားလဲ...ကျောင်းနောက်ကျမယ်"
"ရေး....ဒါမှတို့မေကြီးကွ....လာလာ မွှေးမွှေးပေးမယ်...အာဘွား....မွမွမွ....."
"တယ်လည်း....ညစ်ပတ်တဲ့ကလေးမပါလား...မျက်နှာလည်းမသစ်ရသေးဘဲနဲ့နမ်းသွားတယ်....လိုချင်တာရတော့ မအေ ကိုလာဖားနေတယ်..."
"ဟီးဟီး....မေးကြီးကလည်း မဖားပါဘူး....ကိုယ့်မေကြီးကိုချစ်လို့ နမ်းတာကို...."
"ဟယ်...အာဗြဲကြီးနဲ့ အော်နေတယ်....လုပ်မြန်မြန် 8 နာရီထိုးဖို့ 20 မိနစ်ဘဲလိုတော့တယ်"
"အားပါးပါး..... ရှိသမျှနတ်ဒေဝါအပေါင်းကယ်တော်မူကြပါ....ကျောင်းနောက်ကျလို့မဖြစ်ဘူး....အပစ်ပေးခံရမှာ...."
"နတ်ဒေဝါတွေ ထိုင်တ မနေနဲ့ မြန်မြန်ပြင်ဆင်ပြီး ဆင်းလာခဲ့ အောက်မှာ လွယ်အိတ်၊ထမင်းချိုင့်၊ မနက်စာ အားလုံးပြင်ထားမယ်..."
"ဟုတ်မေကြီး....သမီးမြန်မြန်ဆင်းလာမယ်"
(10 မိနစ်လောက်ကြာတော့ သွန်းလည်းအကုန်ပြင်ဆင်ပြီး၍အောက်သို့ဆင်းလာခဲ့လေတော့သည်)
"ဖေကြီး ရေ မောနင်း...."
"အေးမောနင်း သမီးလေး...သမီးဒီနေ့နောက်ကျတယ်နော်...."
"ဟုတ်တယ်...ဖေကြီးညကသိပ်အိပ်မပျော်တာနဲ့
ဒီမနက်နည်းနည်းနောက်ကျသွားတာ...ဖေကြီး မေကြီး သမီးသွားတော့မယ်နော်....5 မိနစ်ဘဲကျန်တော့တယ်...."
"အေးအေး...သမီးလေးဖေကြီးလိုက်ပို့ပေးရမလား..."
"ကောင်းသားဘဲ ဖေကြီးရယ်...လိုက်ပို့ပါနောက်ကျလို့မဖြစ်လို့..."
"ဟုတ်ပါပြီကွာ....ဒီသမီးလေးကို အပစ်ပေးခံရမယ့်လက်ကနေ ဖေကြီးကယ်တင်ပေးမယ်ဟုတ်ပြီလား...ဖေကြီးကားပေါ်မှာစောင့်နေမယ်..."
"ဟုတ်ဖေကြီး....အဲ့တာကြောင့်ဒီဖေကြီးကို ချစ်နေရတာ...အာဘွား....မွမွမွ..."
"အမလေးတော်...သားအဖနှစ်ယောက်လုံး ပိုကိုပို လွန်းတယ် တော်တို့နှစ်ယောက်ရေ...."
"ဟီးဟီး....မေကြီးကလည်း....သမီးသွားပြီနော်မေကြီး.....တာ့တာ့....."
"အေးပါတော်...တာ့တာပါ....ရော့ဒီမှာထမင်းချိုင့်...."
"ဟုတ်..."
(ဒေါ်သူဇာ တစ်ယောက်ကတော့ သူ့ရဲ့တစ်ဦးတည်းသောသမီးလေးရဲ့ အရွယ်ရောက်လာသော်လည်း မပြောင်းလဲသေး ကလေးဆန်တဲ့အမူအရာလေးတွေ၊ရှပ်ပြာရှပ်ပြာနိုင်ပုံလေးတွေကို ကြည့်ပြီးတော့ပြုံးပြုံးလေးသာကျန်နေခဲ့လေသည်)
"သမီးရေ....ဖေကြီး ဘယ်အပေါက်မှာ ကားရပ်ပေးရမလည်း"
"main အပေါက်မှာဘဲရပ်ပေး ဖေကြီး..."
"အေးအေး...သမီး"
"ကဲရောက်ပြီသမီးလေး....မှီတယ်မလား အဆင်ပြေတယ်နော်...."
"ဟုတ်ဖေကြီး...မှီတယ်အဆင်ပြေပါတယ်ရှင့် ဒါဆို သမီးဝင်ပြီနော် ဖေကြီး တာ့တာ့...ကားဖြေးဖြေးမောင်းနော်ဖေကြီး"
"ဟုတ်ကဲ့ပါခင်ဗျ...ဖေကြီးကားကိုဖြေးဖြေးလေးမောင်းပါ့မယ်နော်သမီးလေး...ဟုတ်ပြီလားတာ့တာ"
"ဟုတ် ဖေကြီး "
(ဦးဇော်မြတ်အောင်တစ်ယောက်လည်း သူ့သမီးကိုနှုတ်ဆက်ပြီးတာနဲ့ ကမာရွတ်မြို့နယ် ပြည်လမ်းမကြီး အနီးမှာရှိသော Moonstar လို့အမည်ရှိတဲ့ သူ့ရဲ့ ကားကုမ္ပဏီသို့ မောင်း၍ထွက်ခဲ့လေသည်။ သွန်းလည်း ကျောင်းတံခါးသို့ အဝင်တွင် ဘေးမှအရိပ်တစ်ခုတွေ့လို့မော့ကြည့်လိုက်ရာ အေးချမ်းလှတဲ့သူမရဲ့အပြုံးပိုင်ရှင်လေး ဖြစ်နေလေသည်)
(တန်းလန်းလေးထားခဲ့ပါရစေနော်😜😜
အေးချမ်းတဲ့အပြုံးပိုင်ရှင်လေးက ဘယ်သူလည်း ရိပ်မိကြရဲ့လား🤭🤭)-တစ်နေ့တစ်ပိုင်းကို တိုတိုနဲ့ ပုံမှန် up ပေးပါ့မယ်နော်🥺🥺
-------------။--------------
up တာကြာသွားလို့တောင်းပန်ပါတယ်နော်....
fic ထဲမှဇာတ်ကောင်နာမည်များနှင့် နေရာဒေသများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်...မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါ ဇာတ်ကောင်နာမည်များသည်ကူယူခြင်းမဟုတ်ပါ ထို့ကြောင့်တိုက်ဆိုင်မှုရှိပါက အနူးညွတ်တောင်းပန်အပ်ပါတယ် .....
YOU ARE READING
* ဝေးခဲ့... လေပြီ*
RomanceUnicode... "သမီးကို တီချယ် ချစ်ပါတယ်...ဒါပေမယ့်... ဆရာမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကိုကျဆင်းတဲ့ အထိ နှလုံးသားကို ဦးစားမပေးနိုင်ဘူးသမီး..." {ပန်းဧကရီ} "တီချယ်ကလွဲလို့ဘယ်သူ့ကိုမှ သမီးမချစ်နိုင်ဘူး...အဲ့တာကြောင့်သမီးကို...