ဟိုးရှေးရှေးတုန်းက ဒယ်လာတိုင်းပြည်ဟာ သာယာဝဖြိုးပြီးအေးချမ်းတဲ့ တိုင်းပြည်ငယ်လေးဖြစ်တယ်
ပြည်သူပြည်သားတွေကလဲ စည်းလုံးပြီးချစ်ချစ်ခင်ခင်နေကြသတဲ့။တိုင်းပြည်ရဲ့အစွန်အဖျားလေးရှိ စမ်းချောင်းလေးဘေးမှာ အိမ်ငယ်လေးဆောက်ကာ ဘဲလေးတွေနဲ့မြည်းလေးတစ်ကောင်နဲ့တူတူနေထိုင်တဲ့ဂျယ်ယွန်းဆိုတဲ့ကောင်လေးလဲရှိတယ်။ သူဟာနေ့ရက်တိုင်းကိုအပူအပင်မရှိဖြတ်သန်းကာ ပျော်ရွှင်စွာနေတယ်။
တစ်နေ့သူတို့တိုင်းပြည်ရဲ့ဘုရင် အိမ်နီးချင်းတိုင်းပြည်ကမင်းသမီးနှင့်လက်ဆက်တော့မည်ဆိုသော သတင်းကြောင့် လူငယ်ပီပီသိချင် မြင်ချင်သောစိတ်ကြောင့်မြည်းလေးကိုစီးကာ မြို့လယ်ထိလက်ဆက်ပွဲအခန်းအနားကိုသွားကြည့်တယ်။
ဘုရင့်နာမည် ပတ်ဆောင်းဟွန်းနှင့် သူသည်ဘယ်လောက်ထက်မြတ်ကြောင်း ဘယ်လောက်ထိချောမောပြီး ဂုဏ်ရှိကြောင်းကို မြို့ထဲကလုံမငယ်လေးတွေ ပြောစကားကြောင့်သာသိရသည်
ဘုရင်ကြီးကို မြင်ဖူးဖို့မပြောနှင့် 1မိုင်အကွာတွင်ပင်မရှိဖူးသည်။
__________________________________________ပန်းချီဆွဲနေခိုက် မယ်တောင်ဝင်လာလို့ကြိုဆိုပြီး မတွေ့ရတာကြာလို့ဖက်မိသည် လူတွေရှေ့တည်ငြိမ်သော ဘုရင်ကြီးဖြစ်သော်လည်း သူဟာမယ်တော်ရှေ့တွေတော့ ကလေးပေါက်စလေးသဖွယ် ချွဲချင်ပါသည်။
အသက်19နှစ်ဖြင့် ဖခမည်းတော်နတ်ရွာစံသွားသောကြောင့်
ရုပ်ချည်းနန်းတက်လိုက်ရတာကို မနှစ်သက်ပေမဲ့ ဒီကိစ္စရပ်ကစောဖြစ်တာနှင့် နောက်ကျမှဖြစ်မည်ဆိုတာသာကွာခြားသည်မလား ထို့ကြောင့်ရရှိသည့်တာဝန်များကို ကျေပွန်စွာလုပ်ဆောင်သည်။
သို့ပေမဲ့ ယခုမယ်တော်ပြောသည့်တိုင်းပြည်ခွန်အားကြီးလာဖို့နှင့် စစ်အင်အားကြီးစေဖို့ရန်
ဧကအို တိုင်းပြည်ကမင်းသမီးနှင့်လက်ဆက်ဖို့ကြောင်းလမ်း ပြီးကြောင်းကိစ္စသည် သူ့အားသွေးပျက်သွားစေသည်။မြင်ဖူးဖို့မပြောနှင့် ထိုမင်းသမီးကအမည်ကိုပင်မသိဘဲ လက်ဆက်ရတော့မည့်သူရဲ့အဖြစ်ကို ရူံးထွက်ချင်ပေမဲ့
တာဝန်ဝတ်တရားအရ သူဟာမငြင်းဆန်နိုင်ပေ။လက်ဆက်ပွဲအခန်းအနားကို လူအများရောက်လာကာဆူညံနေသည်မကြိုက်ပါ ဖြစ်နိုင်ရင်ယခုပင်ထွက်ပြေးကာသွားချင်သည်။
လူတွေကြားထဲက လှုပ်စိလှုပ်စိနဲ့ လူကောင်သေးသေးလေးသည်မမြင်ရသည်မို့ ခုန်ကာကြည့်ကြည့်နေခြင်းသည် သူရဲ့အာရုံများရောက်သွားစေသည်။
သေချာကြည့်ကြည့်မှ သူနှင့်ရွယ်တူဖြစ်လောက်မဲ့ပုံစံဖြစ်သော်လည်း ထိုသေးသေးလေးသည် ခွေးပေါက်လနှင့်တူလှသည်။
ထိုနေ့ကဘေးနားရှိမင်းသမီးကိုပင်အာရုံမရဘဲ သေးသေးလေးကသာလျှင်သူရဲ့ အာရုံများကိုယူထားခဲ့သည်။
__________________________________________ဂျယ်ယွန်းသည်ပွဲကိုရောက်သွားသည့်တိုင်
ဘုရင့်မျက်နှာအားသေချာမမြင်လိုက်ရပါ အကြောင်းပြချက်မှာသူသည်အရပ်ကမဆိုသလောက်လေးပုနေလို့ဖြစ်သည်။
အိမ်ပြန်လမ်းတွင် ဆီးသီးတုတ်ထိုးလေးကိုစား၍ပြန်နေချိန် မြင်းလှည်းများအသံကြားလို့ ဘေးနားကပ်ကာရပ်ကြည့်နေမိသည်။
ထိုမြင်းလှည်းများကြားထဲမှ ရထားလုံးတစ်ခုကသူ့နားအဖြတ် ထိုရထားမှလိုက်ကာအဖွင့်နှင့် တိုးကာအရာအားလုံးရပ်တန့်သွားသလို ရထားလုံးထဲမှလူသားနှင့်မျက်လုံးချင်းစုံကာ ၁စက္ကန့် ၃စက္ကန့် ၆စက္ကန့် ဟောထွက်သွားပါပြီ။ ထိုသူသည်ဘုရင်ဖြစ်ကြောင်းအရှေ့ကစစ်သည်ရဲမက်များကြောင့်တပ်အပ်ပြောနိုင်ပါသည်။ ဂျယ်ယွန်းရင်ထဲအမျိုးအမည်မသိသော ခံစားချက်များစွာဖြင့် ရထားလုံးထွက်သွားသည်ကို စိတ်ထဲမကောင်းဖြစ်မိသည်။
အခွင့်ကြုံရင် ထပ်တွေ့ချင်ပါသေးသည်
သူ့အားရင်ခုန်သံတွေပေးသွားသည့် လူအား။Note:ficထဲတွင်ပါဝင်သော နာမည်များသည်စာရေးသူရဲ့စိတ်ကူးသက်သက်သာဖြစ်သည်
![](https://img.wattpad.com/cover/317598659-288-k872866.jpg)