Part-(1)

3.3K 149 7
                                    

ကျွန်တော့် မြတ်နိုးရာလေးက သိပ်စိတ်ကြီးတာ ဗျ
အမွေကတော့ သူ့ဦးငယ်ဆီကပဲဖြစ်လိမ့်မယ်
သူနဲ့ ကျွန်တော်နဲ့က ချောင်းခြားတဲ့ကိန္ဒရီ ကိန္ဒရာလိုပဲ သူ့ရွာနဲ့ ကျွန်တော့်ရွာကလည်းချောင်းခြားနေတာဗျ
အဓိကကတော့ ဘယ်လောက်ပဲ ကမ္ဘာကြီးအေးချမ်းနေပါစေ သူ့မိသားစု ကျွန်တော့်မိသားစုကတော့ ဘယ်တော့မှ ငြိမ်းချမ်းရေး စာချုပ်ချုပ်မယ့်အနေအထားမှာမရှိဘူး

ကျွန်တော့်နှလုံးသားက လည်းဆန်းသား ဘေးမှာ အရံသင့်ရှိနေတဲ့ ပန်းကလေးတွေကိုစိတ်မှမဝင်စားပဲ

ချောင်းတစ်ဖက်ကမ်းက ကန်အလည်မှာပေါက်တဲ့ ပဒုမ္မာရွှေကြာပန်းလေးကိုမှ ဒိုင်ပင်ထိုးလက်ပစ်ကူးပြီး သွားယူချင်နေမိတာကိုး..

ကျွန်တော်တို့ရဲ့ ပြဿ နာက သည်လိုစတယ်...

..... .... .... ...... ...... ...... ...... ...... ......

"Taehyung Hyung ကလည်းကြာလိုက်တာ ဗျာ"

"လာပြီကွ Kook ရ ရွာလမ်းတွေက အခုမှပြင်နေတာ အိမ်ကကားကိုက ယူလာလို့မရဘူး"

ရွာမျက်နှာဖုံးတွေမို့ ပိုင်ဆိုင်မှုတွေသည် ကျွန်တော့်အဖေမှာမနည်းမနော လယ်မြေတွေ ရေလုပ်ငန်းတွေ စိုက်ပျိုးရေးခြံတွေသည် လက်ညိုးထိုး၍မလွဲခဲ့ ရွာအရှေ့ဖျားကတောင်ကုန်းခပ်ပြေပြေလေးပေါ်တွင် ရှု ခင်းအလှတွေကိုမြင်ရသည့်နေရာ၌ ခြံကျယ်ကြီးကို တခမ်းတနားဆောက်လုပ်ထားသည်။

ကားက ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ဝေစုမတည့်ကြမည်စိုး၍ ဖေဖေက တစ်ယောက်တစ်စီးဝယ်ပေးထားသည်။ထိုသို့မလုပ်လျှင်နားပူပေလိမ့်မည်

ကျွန်တော်ကလည်း ဗိုလ်ကျမည် Hyung ကလည်း အလျှော့မပေး ထပြီးနပန်းလုံးချင်လုံးပစ်လိုက်ကြတာ ပြီးတော့လည်းဘာမှမဟုတ်သလို တစ်အိပ်ယာတည်းဖက်အိပ်ချင်အိပ်နေကြတာပဲ..ကျွန်တော်တို့ ညီအစ်ကိုဆက်ဆံရေးက ဤသို့ဤနှယ် ပင်

Hyung ကကျွန်တော့် အစ်ကိုရင်းမဟုတ်သော်လည်း အရင်းကဲ့သို့ကျွန်တော်ချစ်ပါသည်။အခုလည်း ပညာတော်သင် ပြန်လာတဲ့ ကျွန်တော့်ကို လာကြိုနေခြင်းရယ်..

"ဖေဖေ နေကောင်းလား Hyung"

"ကောင်းတယ် မင်းအတွက် ဂုဏ်ပြုပွဲလုပ်ပေးဖို့ စီစဉ်နေတာ ဆိုဖီယာတို့သားအမိက မင်းလာမယ်ဆိုလို့ မြို့ကနေရောက်လာပြီးကို အိမ်မှာ အခန့်သားလာနေတာ ဂုဏ်ယူပါတယ် ညီလေး မင်းတော့ ဝက်ခြံထဲ ရောက်တော့မယ်"

မျက်တော်ပြေ (မျက်တော်ပြေ)Where stories live. Discover now