Part-(3)

1K 102 6
                                    

ကျွန်တော့် Sweet heart လေးက စိတ်ကြီးတတ်တာ တစ်ခုကလွဲလို့ ....

အရာအရာဟာ အပြစ်အနာအဆာကင်းလွန်းခဲ့ပါတယ်ဗျာ...

.... .... .... .... ..... .... .... .... ..... .....

"ဘာလိုချင်လို့ လဲ"

အမေးက ဘုဆတ်ဆတ်ရယ်ဆိုသော်ငြား အမြဲတမ်း အကြောင်းမရှိအကြောင်းရှာ လာအားပေးတတ်သူမို့ ထူးထွေပြီးမပြောတော့
Jimin နဲ့က တစ်ဆိုင်တည်းထိုင်နေကျ ဖြစ်သော်ငြား လယ်ယာသုံး ပစ္စည်း ဆေးပစ္စည်းတွေ ရောင်းသည့် မျက်နှာစာဘက်မှာHobiက ထိုင်သည်မို့ မျက်နှာစာနှစ်ခုက အရောင်းပစ္စည်းတွေကြား တစ်ယောက်နှင့်တစ်ယောက် အော်ခေါ်မှ ကြားရတော့မည့်အနေအထား

"ဂေါ်ပြား လှလှလေးတစ်ချောင်း"

"ဒီကဂေါ်ပြားတွေက အလှလုပ်ထားတာတော့မရှိဘူး မြေကော်ဖို့နဲ့ သဘောမကျရင် လူကိုရိုက်လို့ရဖို့လောက်တော့ တောင့်တယ်"

အဖြေကြောင့် နင်သွားရသူTae က ခေါင်းတွေပင် အနည်းငယ် ကျိမ်းသွားရသည်။ သူ့ ချစ်ရသူလေးရှေ့မှာ အချိုးပြေပြေ နေနိုင် ဖို့ မနည်းကြိုးစားနေရသည် ။ပြောမရ ဟိုကဒေါသ ထွက်လာမှ ကော်ပြားနှင့် ချခံရနိုင်သည်မို့ မျက်နှာပိုး အမြန်သတ်ရသည်။

"မောင်တို့ စိုက်ခင်းမှာ လိုနေလို့လေ အဲဒါ လာဝယ်တာ"

အလုပ်သမားများစွာ သူတို့လုပ်ငန်းခွင်တွင် ရှိကြသော်လည်း သူတို့ညီအစ်ကိုနှစ်ယောက် အိမ်မှာအတူရှိကတည်းက အိမ်ကထွေရာကမာပစ္စည်းတွေအပါအဝင် လုပ်ငန်းခွင် သုံးပစ္စည်းတွေပါမကျန် အပ်တိုတစ်ချောင်းကအစ ဝယ်စရာရှိလျှင် သူတို့သာ သွားဝယ်မည်ဖြစ်ကြောင်း အမိန့်ထုတ်လိုက်သည်။

အိမ်ကြီး၏ ရွှေမင်းသားနှစ်ပါးမှာ ငယ်စဉ်က တစ်ခုခုဝယ်ခိုင်းလျှင် ကျောက်တုံးစက္ကူ ကပ်ကြေး ဆော့ပြီး သွားမည့် သူကို ရွေးနေသလောက်...
ယခုအခါ တွင်တော့ ဈေးဝယ်သွားရမည်ဆိုလျှင် ဆိုင်ကယ်ကို ဦးရာလူ တက်စီးပြီးဒုန်းစိုင်းနေကြသည်မှာ ဘာကြောင့်လဲ ဆိုသည်ကိုတော့ အိမ်ကမိသားစုဝင်တွေလိုဖြစ်နေသော အလုပ်သမားများနားမလည်နိုင်ခဲ့

မျက်တော်ပြေ (မျက်တော်ပြေ)Where stories live. Discover now