Part-(2)

1.1K 112 0
                                    

အချစ်ဆို တာ တစ်ခါတစ်ရံမှာ လူအများပြောပြောနေတတ်ကြတဲ့ နတ်ကြီးတယ် ဆိုတာမျိုး...

ကျွန်တော့် နှလုံးသားလေး နဲ့ ကျွန်တော့်ရဲ့ အချစ်ခရီးလမ်းကလည်း သိပ်နတ်ကြီးခဲ့တာပဲကို ဗျ

.... .... .... .... .... .... ..... .... ..... .....

"ဘယ်သူနဲ့တွေ့ ချင်လို့လဲ"

အမေးရှိလာပုံ ကသိပ်တင်စီးလှသည်။စားပွဲမှာ ခြေ ချိတ်ထိုင်နေတဲ့ သူမဟာ အရမ်းအထက်စီးဆန်လှစွာ

အရောင်တင်ထားတဲ့နှုတ်ခမ်းသား ရဲရဲတွေက တင်းတင်းစေ့လို့ မျက်ဝန်းတွေ က Jimin တစ်ကိုယ်လုံးကို ခြုံ ကြည့်နေကာ မလို လားဟန်တွေ ကအထင်းသား
အဝတ်အစား တွေက လည်းခေတ်ရှေ့ပြေးလွန်းလှစွာ ဆက်ကြည့်နေဖို့ရာ သင့်တော်မနေသည့် အနေအထား

သူ သည်အိမ်မှာ အမျိုးသား သုံးယောက်တည်း ရှိတယ်လို့ သိထားခဲ့တာ

"Jeon Jung Kook နဲ့ တွေ့ ချင်လို့ပါ"

သူမ၏ မျက်နှာက ပို၍ မဲ့ရွဲ့လာရကာ

"ဘာအတွက်တွေ့မှာလဲ"

"ကျွန်တော် ဒီလက်ဆောင်လေးပေးချင်လို့ပါ"

"တို့ပေးလိုက်မယ် ဒီကိစ္စလောက် လေးနဲ့ Jeon ကိုတွေ့ဖို့ မလိုပါဘူး"

"မင်းနဲ့ သူကဘယ်လို ပတ်သက်လဲ"

"တို့က သူရဲ့ သက်ဆိုင်သူ"

တစ်ဖက်က တလေးတစားလာရောက်ပေးသည့် လက်ဆောင်ကို အလေးမထားခြင်းသည်က ရိုင်းပြတဲ့ အမူအကျင့်တစ်ခုပင်..

လက်ဆောင်ပစ္စည်း သည်ငွေကြေးအရတန်ဖိုးနည်းနည်းများများ လက်ခံသူအပေါ်မူတည် ပြီးပစ္စည်း၏့ တန်ဖိုးတွေက ပြောင်းလဲ သွားနိုင်သည်မဟုတ်လား
တစ်ထိုင်တည်း စကားပြောလိုက် ရသည်နှင့် သည်မိန်းကလေး၏ စိတ်ဓာတ် Level ကို သူမြင်လိုက်ရလေပြီ

"ဒီပွဲကို ဖိတ်ထားတာ Jeon Jung Kook ပါ လာချင်လွန်းလို့ လာခဲ့ တယ်ရယ်တော့မဟုတ်ပါဘူး ဝတ္တရားအရပေါ့
ဒါပေမယ့်...

ဒီပွဲ နဲ့ အသက်ဆိုင်ဆုံးဖြစ်တဲ့ Jeon Jung Kook ကိုယ်တိုင်က ဧည့်ဝတ် မကျေတဲ့နောက်တော့ ကျွန်တော်တို့ ကိုသက်သက် စော်ကားလို့ရအောင် ဖိတ်စာပို့ လိုက်တာနဲ့ ဘာထူးတော့မှာလဲ

မျက်တော်ပြေ (မျက်တော်ပြေ)Where stories live. Discover now