Part-(5)

809 90 4
                                    

တန်ဖိုကြီးတဲ့ အရာတွေ ကလွယ်လွယ်လေးနဲ့တော့ ဘယ်ရပါ့မလဲဗျာ...
ကျွန်တော် အရိပ်လိုချင်လို့ နေပူကို ခဏဖြတ်ခဲ့ရတယ်လို့ပဲ သဘောထား မိပါတယ်...

.... .... ..... ..... .... ..... ..... ..... ......

"ကလေးတွေကို အဲလောက်လုပ်ဖို့ လိုလို့လားကွာ မင်းဟာက"

"YoonGi hyung လည်းသိနေတာပဲ လေဗျာ အဲလိုမှ မဆုံးမရင် ကျွန်တော့်စကားကို သူတို့ နားထောင်မှာမဟုတ်ဘူး"

"အခုဆုံးမလိုက်တော့ရော မင်းရဲ့ သားတော်မောင်တွေက နားထောင်မယ်တဲ့လား"

ခက်တော့လဲ ခက်သား သူကိုယ်တိုင်သားတွေ လိုချင်လျှင် တစ်ခါမှမငြင်းခဲ့ ဖူး မျက်နှာတစ်ချက် အညိုး မခံခဲ့ဖူးတော့
လိုချင်တာမရသည့်အခါ ခေါင်းအရမ်းမာပြီး ဆန္ဒပြနေကြတာလည်း ကလေးတွေအပြစ်မဟုတ်ခဲ့
ပို၍ဆိုးသည်က နုသစ်ပျိုမြစ်စအရွယ်လေးတွေနှင့် ထိလွယ်ရှလွယ် နှလုံးသားငယ် ပိုင်ရှင်လေးတွေဖြစ်နေခဲ့လေတော့ ...သည်အသက်သည်အရွယ်အထိ အချုပ်အနှောင်ကင်းကင်းနေလာခဲ့သူများဟာ စည်းဘောင်ခတ်ခြင်းအပေါ် မနာခံတတ်ကြတော့....

Nam Joon က သူစည်းကမ်းကြီးသော်လည်း ချုပ်ချယ် ကန့်သတ်ချက်တွေ မထားခဲ့သူပါ လူမှုနေထိုင်မှုဘဝပုံစံမှာသာ စည်းစနစ်တကျနေတတ်အောင် ကန့်သတ်ထားခဲ့သော်လည်း ကလေးတွေရဲ့ ဆုံဖြတ်ချက် လွတ်လပ်ခွင့်တွေကို ပိတ်ပင်မထားခဲ့

ပထမဆုံး အကြိမ်မို့ နာခံရမှာသည် ကလေးများအတွက် စိမ်းသက်သက်ဖြစ်နေကြဟန်

"မနာခံလို့ ခြေနှစ်ဖက်ကို ချိုးသင့်ရင်လည်း ချိုးပစ်လိုက်ရမှာပဲ Hyung"

"လူငယ်တွေပဲကွာ နှလုံးသားရဲ့ဆန္ဒအတိုင်းလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးသင့်တယ်လို့ ငါထင်တယ်"

"Hyung ကပါဒီကိစ္စမှာ အလိုတူအလိုပါ ဖြစ်နေတာလား"

"ငါက ဖြစ်သင့်တယ်လို့ထင်တာကိုပြောတာ မင်းသားတွေအကြောင်းလည်း သိနေတာပဲ...
သံကွန်ချ၊ာ ခုနစ်ထပ်နဲ့ အုပ်ထားရင်တောင်မှ သူတို့ နှလုံးသား အလိုကျအတိုင်း ရအောင်ထွက်ပြီး မင်းဆီက ပြေးကြလိမ့်မယ်...
မင်းပင်ပန်းတာငါသိတယ်
မင်းရဲ့ အနှစ်နှစ်အလလက စိတ်ပင်ပန်း မှု တွေ မကျေလည်နိုင်တဲ့ပြဿ   ...  နာတွေ ကို သည်အတိုင်း ပဲ သိမ်းဆည်းပြီး တစ်သက်လုံး နေသွားတော့မလို့လား"

မျက်တော်ပြေ (မျက်တော်ပြေ)Where stories live. Discover now