Part-(7)

726 74 9
                                    

သူများတွေအတွက် အချစ်တစ်ခုဆိုတာ ဘယ်ကစခဲ့မှန်း မတွေးတတ်ပေမယ့် ကျွန်တော့် အချစ်တွေက ပန်းပွဲတော်ညအလယ်က ပါးချိုင့်နက်နက်တွေနဲ့...
ရင်ခွင်နွေးနွေးကြားက ဖြစ်တည်လာခဲ့တယ် ထင်ပါတယ်..
..... ..... .... ..... ..... ...... ...... .....

"အဲတော့ Hyung သူ့ကိုအဖြေ ပေးခဲ့တာပေါ့"

"ပေးခဲ့ရတာပေါ့ မပေးရင် ငါရေထဲပစ်ချခံရတော့မှာ"

Yoongi မျက်နှာ ကရှုံ့တွပြီး

"တကယ် ပစ်မချပါဘူးဗျာ... Hyung ကကိုသူ့ကို အစကတည်းက ကြိုက်နေတာ မဟုတ်လား"

"အင်းလေ...အာ မဟုတ်ပါဘူး
ဒီမှာ ညကငါအဖြေပေးလိုက် ရတာမင်းပယောကမကင်းဘူးနော် ဟေ့ကောင်
မင်းငါ့ကို တိုက်သွားလို့ သူ့ရင်ခွင်ထဲက ထွက်မရတော့တာ"

"မထွက်ချင်ရင် မထွက်ချင်ဘူးလို့ ပြောလိုက်စမ်းပါ... ကျွန်တော့်ကြောင့် ဘာကြောင့်နဲ့ အကြောင်းပြချက်က ပေးရသေးတယ်..."

Soek Jin hyung မျက်နှာချောချောက ရဲကနဲ

"တယ်..ဒီကောင်လေး ငါဒယ်ပြားနဲ့ ခေါက်လိုက်ရ"

"အခုမှ ရှက်မနေပါနဲ့ NamJoon hyung ကိုကြိုက်နေတာ နှစ်ရွာလုံးသိတယ် ကျောင်းတုန်းကလည်း သူဖွင့်မပြောတာပဲရှိတယ် အတန်းမရှိဘူးဆို hyung တို့အတန်းနားမှာချည်းပဲ အဲကောင်က"

"ဘာလို့ အဲတုန်းက ဖွင့်မပြောခဲ့တာလဲ မသိဘူး"

"ဒီကောင်က စာအရမ်းတော်တာ ပညာရေးဆုံးခန်းမတိုင်သေးလို့ နေမှာပေါ့.. အခုပညာလည်း စုံသွားတော့ ကြင်ရာပါ စုံချင်နေတာနေမယ်"

Soek Jin လူကကြောင်ပေါက်ကလေးလို နေတတ်သည့် Yoongi ပါးစပ်ကိုတော့ အတော်လေးကြောက်ပါသည်။
လူကသာ အမြဲတမ်းတစ်ချောင်ချောင် မှာခွေနေတတ်သော်လည်း သူမသိတာ ဘာမှမရှိသည့် စောင့်ကြည့်ရေးကရိယာလေးလို ပေမို့

"ဒါပေမယ့် သူ့father ကြီးက အတော်လေးမောက်မာတယ်နော် ပြီးတော့ hyung မိဘတွေနဲ့ စီးပွားပြိုင်ဘက်တွေ မဟုတ်လား"

"ငါတို့လူ ငယ်တွေကိုတော့ နှလုံးသားရေးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တော့ပေးလောက် ပါတယ်...အဓိက ကသူနဲ့ငါ ဘာပြဿ နာပဲရှိလာပါစေ တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်းလင်း ရှိကြဖို့ပဲ"

မျက်တော်ပြေ (မျက်တော်ပြေ)Where stories live. Discover now