အတိတ်ရဲ့ အရိပ်တွေက အပြစ်မဲ့တဲ့ ကျွန်တော်တို့ နှလုံးသားလေးတွေကိုတော့..
အရောင်ရင့်ရင့်လေးဆိုးပြီး အဆိပ်သင့်စေသလားမသိပေမယ့်..
အဆိပ်တွေကြားကရုန်းထွက်ဖို့အတွက် ဖြေဆေးတွေအများကြီး မလိုအပ်ခဲ့ ပါဘူး အပြုံးလေးတစ်ခုပဲလိုအပ်ခဲ့တာပါ..
ကျွန်တော့် နှလုံးသားငယ်ရဲ့ အပြုံးလှလှလေး တစ်ပွင့်ကိုပေါ့........ .... .... .... ... .... .... ..... ..... ..... .....
"ဟေ့...နေဦးလေဗျာ"
"ဘာကိစ္စနေရမှာလဲ"
ညနေဘက် တစ်ခါတစ်ရံ လမ်းလျှောက်တတ်သည်ကိုပင် သည်ကောင်လေး ဘယ်လိုသိသွားသည်မသိ တိုက်ဆိုင်မှု ပေပဲလား အနောက် ကတကောက်ကောက်လိုက်နေလေသည်။
ချောင်းနံဘေးဖြစ်တာကြောင့် လေဖြူးဖြူးတိုက်ခတ်နေခဲ့သည်။ သည်နေရာသည် ဆိတ်ဆိတ်ငြိမ်ငြိမ်လေးမို့ ညနေခင်းလေညင်းခံဖို့ အသင့်တော်ဆုံးဟု တွေးမိကာ လမ်းလျှောက်ဖြစ်ခြင်းပေ
သို့သော် လက်တွေ့မှာ အတွေးလောက်တော့သိပ်အဆင်ချောမနေခဲ့...
အနောက်မှ လေနီကြမ်းတိုက်ကာ လိုက်လာသည်မို့သည်နေ့မှ Hobi hyung ကိုခေါ်မလာခဲ့ ...
ဘာမှ ကိုယ့်ကို မပြော ဘာမှကိုယ်ထိလက်ရောက် ပြုမူနေခြင်းမရှိသော်လည်း အနောက်မှ တကောက်ကောက်လိုက်နေခဲ့သည်။
T-shirt အနက် short pant အနက် အပေါ်ထပ် အင်္ကျီအပါးအနက်ဖြင့် All black ဝတ်ဆင်ထားတဲ့ အမျိုးသားငယ်လေသည် အကျဉ်းတန်ခြင်းတွေတောင်လှပနိုင်သည့် နေဝင် ဆီးဆာအချိန်၌ လက်ဖျားခါလောက်သည့် ချောမောခြင်းတွေနှင့်...
လေအဝှေ့ တွင် တလွင့်လွင့်လူးနေတဲ့ ဆံစတချို့နှင့် လက်နောက်ပစ်ကာ သိပ်လှတဲ့ သူ့ရဲ့ နှလုံးသားငယ်သွားရာနောက် တောက်တဲ့ လက်သစ်လေးပမာ လိုက်တွယ်ကပ်နေခဲ့သည်။အဖြူ ရောင် T-shirt အဖြူ ရောင် short pant အဖြူ လေးနှင့် အပြာကွက် လက်ရှည်လေးကို ဝတ်ဆင်ထားတဲ့ လှပမှု အပေါင်း ခညောင်းရာ နှလုံးသားငယ် ၏ နှုတ်ခမ်းတွေက အနည်းငယ် ပင်စူချင်ချင်
"အဖော်ရတာပေါ့"
"မလိုဘူး"
"ကိုယ်လို နေလို့ပါ"
ပလီပလာ တွေသိပ်ပြော လမ်းလျှောက်တာ ကျားစားမကုန်တဲ့ အားကြီးဖြင့် အဖော်လိုနေသတဲ့
BẠN ĐANG ĐỌC
မျက်တော်ပြေ (မျက်တော်ပြေ)
Lãng mạnမြတ်နိုးရသူတွေ၏ အမျက်တော် ပြေစေရေးအတွက် ကျွန်တော်တို့ ဘာတွေ လုပ်သင့်လဲ.... မြတ်နိုးရသူတွေ၏ အမျက်တော် ပြေစေရေးအတွက် ကျွန်တော်တို့ ဘာတွေ လုပ်သင့်လဲ....