Part-(10.2) uni Ending

1.4K 85 5
                                    

ရာသီတွေ ပြောင်းလဲလာခဲ့ ပြန်ပါပြီ

တဖြည်းဖြည်း ပြောင်းလဲ လာခဲ့လိုက်တာ နောက်တစ်ကြိမ်ပန်းပွဲတော်ကို ပြန်ရောက်လို့ လာခဲ့ပြန်သည်။

နှင်းတောထဲမှ ကောင်ငယ်လေးက လည်း ခဲရာခဲဆစ် အမြင့်မှာရှိနေသော သစ်ခွပန်းလေးကို ကုပ်ကပ်တွယ်တက်ကာ ခူးယူနေခဲ့သည်။

အတော်လေးလက်နှင့်လှမ်းပြီ ဆွဲယူလိုက်မှ လက်ထဲသို့ပါလာသည့် သစ်ခွပန်းလေးတစ်ပွင့်

"အာ...ရသွားပြီပဲ"

ပန်းလေးကိုနမ်းလိုက်ကာ အိပ်ထဲထည့်လိုက်သည်။

တဖြည့်ဖြည့်ဖက်တွယ်ဆင်းလိုက်တော့ အပင်ကြီးပေါ်မှ အောက်ရောက်လာခဲ့သည်။

"တက်တုန်းက လွယ်လွယ်လေး အခုဆင်းတော့ ဒူးကတုန်နေပြီ"

သို့သော်လည်း ကောင်လေးကစိတ်ကျေနပ်စွာ ပြုံးနေခဲ့တာများ ပါးချိုင့်လေးတစ်ဖက်ပင်ပေါ်နေခဲ့သည်အထိ

ထို့နောက် နှင်းတောထဲက ထွက်လာခဲ့ကာ ပန်းခူးနေသော သူတွေကိုပါ နှုတ်ဆက်လိုက်သေးသည်။

"မီဆို ပန်းတွေ ဘယ်လောက်ရပြီလဲ"

မီဆိုက သူယူလာသည့်ခြင်းကလေးနှင့် ပြည့်လုနီးပါးဖြစ် နေသော ပန်းတွေကိုမြှောက်ပြသည်။

"ကိုကြီး Kook ကရော"

"ငါလည်းရပါပြီ"

"ဘာမှလည်း မခူးသေးပဲနဲ့"

ကောင်မလေးက သူ့ကိုကြည့်ကာ ပြောနေခဲ့သည်။

"ဒီမှာတွေ့လား"

"လှလိုက်တာ မီဆိုလည်းလိုချင်လိုက်တာ"

ကောင်မလေး၏ မျက်ဝန်းတွေက တလက်လက် ပန်းကိုမြင်တော့ မက်မောတတ်ကြတာကလေးတွေရဲ့သဘာဝမို့ထင်သည်။

"အင်းဒီပန်းလေးမှာ ပိုင်ရှင်ရှိတယ် ဒါကို ကလေးတွေ ကမရနိုင်သေးဘူး"

"ဘာဖြစ်လို့လဲ လူကြီးဖြစ်ရင်ရောရမှာလား"

"အင်း..သေတော့မသေချာဘူး အဲဒါက တန်ဖိုထားတတ်တဲ့ သူနဲ့တွေ့တဲ့အခါ ရပါလိမ့်မယ် "

"ကိုကြီးပြောတာ နားမလည်ဘူး"

"နောက်တော့နားလည်သွားပါလိမ့်မယ်..သွားပြီ"

မျက်တော်ပြေ (မျက်တော်ပြေ)Where stories live. Discover now