Part-(9)

752 69 3
                                    

တကယ်တော့ အချစ်အမုန်း ဆိုတာ..

အလွှာပါးပါးလေးပဲခြားတာပါ

တစ်ဦးနဲ့တစ်ဦး နားလည်မှုလေး ချွတ်ချော်သွား ယုံနဲ့

တစ်ဖက်ဖက်ကို အလေးသာတတ်သွားတာမျိုး...

.... .... .... .... .... .... ..... ..... .....

"သူမလာဘူးလား Hyung"

"အင်း "

တစ်နေ့တစ်နေ့ ရယ်ဖြင့် မျှော်ခဲ့ရပါသည်။ သူအတွက် ရင့်နှင့်အမျှချစ်ခဲ့ရသော လူသားက သူ့ကို သည်လိုဆက်ဆံလိမ့်မည် မထင်ခဲ့ရိုးအမှန်ပင်...
ယခုချိန်ထိလည်း မယုံကြည်နိုင်သေးပါ

"ကျွန်တော် သူ့ကိုမျက်နှာချင်းဆိုင် မေးကြည့် ချင်တယ်...
သူဘာ့လို့ ကျွန်တော့်ကို ဒီလို ဆက်ဆံရတာလဲ
ကျွန်တော့်ကို သူပုံပြင်တွေပြောပြီး ချစ်ခဲ့တာလားဆိုတာ..."

Yoongi hyung သည်မျက်နှာမကောင်းခဲ့

"မင်းသူ့ကို ကျေးဇူးပြုပြီး မမျှော်ဘဲနဲ့ သူ့ကိုယုံကြည်ပေးလို့မရဘူးလား"

"ယုံကြည်ပေးချင်လို့ တွေ့ချင်နေရတာပါ...သူ့ဘက်က မှန်ကန်တယ်ဆိုရင် ဘာဖြစ်လို့ ကျွန်တော့်ကို သူလာမတွေ့ခဲ့တာလဲ"

သံသယလေးတွေက Namjoon ရင်ထဲ စပြီးအမြစ်တွယ်လာခဲ့သည်ထင်ရဲ့..
သူဆေးရုံတက်နေရချိန်တွင် Soek Jin က အရိပ်အရောင်လေးပင် ပေါ်မလာခဲ့သလို
အဆက်အသွယ် လည်း မလုပ်ခဲ့ပါ
အကြောင်းခြင်းရာသည် သူဖြစ်ကြောင်း ဖော်ပြဖို့အတွက် ထောက်ပြနေသည့်အလား

"မင်းကနစ်နာသူမို့ သွေးပူနေမှာ သိတယ် ဒါပေမယ့် ခေါင်းအေးအေးထားပြီး စဉ်းစားပါကွာ လောရင်အမှားဖြစ်ဖို့ ရာခိုင်နှုန်းများတယ်"

Hyung ၏ စကားများကို သူခွန်းတုံ့ပြန်ခြင်းမရှိနိုင်စွာ ငေးရီလျှက်...
Hyung ကသက်ပြင်းချရင်းသာ အနားမှ ထွက်သွားလေသည်။

"ကျွန်တော် Honeyကိုအဆုံးအစွန်းထိ ယုံကြည်ပေးချင်တယ်... ဒါကြောင့် အချိန်တွေ မလွန်ခင် ကျွန်တော့်ကိုလာတွေ့ပါဗျာ"

"အတော်လေး နေကောင်းနေပြီပဲ"

"ဖေဖေ"

ဖေဖေက ကုတင်အနီးကိုရောက်လာကာ ခုံတစ်လုံးကိုဆွဲထိုင်လိုက်သည်။

မျက်တော်ပြေ (မျက်တော်ပြေ)Where stories live. Discover now