Part-(10.1)

775 76 5
                                    

ကျွန်တော်တို့ ချစ်ရသူတွေရဲ့ အမျက်တော် ပြေစေဖို့ အတွက် အဲဒီ အချိန်တုန်းက
နှလုံးသားနဲ့ ရင်းပြီး ပေးဆပ်ဖို့ကို ကျွန်တော်တို့အားလုံး ဝန်မလေးခဲ့ကြပါဘူး

ပေးဆပ်ရင်တောင် မကုန်နိုင်တာသိပေမယ့် ချစ်ရသူတွေ စိတ်သက်သာမှု အနည်းငယ် ရမယ်ဆိုရင်တောင် အကျိုးမနည်းပါဘူးဆိုတဲ့ မျှော်လင့် ချက်လေးနဲ့ပေါ့

.... .... ..... ..... .... .... .... ..... ..... .....

"Jimin တို့ လှလားဟင်"

အဖြူ ရောင် ဂါဝန်လှလှလေးကို မကာကြွကာရယ်ဖြင့် သတိုးသမီးလုပ်ရတော့မည့်သူမက အတော်လေးတက်တက်ကြွကြွရှိလှသည်။

မသိလျှင် တအား ချစ်လွန်း၍ လက်ထပ်ကြသည့် စုံတွဲတွေ အလား

"မင်းနဲ့အဆင်ပြေ တာကိုယူပေါ့"

ဆိုင်အတွင်းအလှချိတ်ဆွဲထားသည့် သစ်ခွပန်းအိုး လေးများကို ငေးစိုက်ကြည့်နေရာမှ အကြည့်မလွှဲဘဲ ခပ်အေးအေးပင် ပြောလာသူက သူမနှင့် လက်ထပ်မည့် သတိုးသားလောင်း တဲ့
လက်ထပ်ဖို့ရက်တွေ နည်းကပ်လာလေ သူမအပေါ် ရေခဲတမျှ အေးစက်စက် ဆက်ဆံလာလေက အတော်လေးပင် ရင်ခံချင်စရာပါ
သစ်ခွပန်းလောက်တောင် စိတ်ဝင်စားခြင်းမခံရတော့ သူမ၏ သတိုးသမီးဘဝကြောင့် ရင်ထဲမှာတော့ အောင့်သက်သက်

သို့သော် သူမက ဆိုဖီယာပင် သိပ်ဟန်ဆောင်ကောင်းသလို မျက်နှာပြောင်တိုက်ခြင်းကလည်း သူမရဲ့ အကျွမ်းကျင်ဆုံးပညာရပ်တစ်ခုပေမို့

"ဘာလဲ..တို့ ကအကုန်လုံးနဲ့ လိုက်ဖက်နေလို့ ရွေးရခက်နေပြီလား.

"မင်းတစ်ကိုယ်လုံးချွတ်ပြီး ပွဲတက်လည်း ငါစိတ်ဝင်စားမှာ မဟုတ်လို့ မင်ဖာသာ ရွေးမှသာ ရွေးစမ်းပါ ငါ့ကို အာရုံလာမစားနဲ့"

ဆိုဖီယာ မျက်နှာက ပုတ်သိုးလို့သွားရချေပြီ..သည်ယောက်ျားက အဲလိုပဲ စကားလေးနည်းနည်း လောက်တောင်သွားစမိ၍ မရ
တော်ရုံတန်ရုံ ခံနိုင်ရည်ရှိမှုမျိုးနှင့် ထိုလူ၏ စကားတွေကို နားထောင်လို့မဖြစ်
ကိုယ်က စကားကျွံမိလို့ သူက ပြန်ပြောလာလျှင် ဓားနှင့်အထိုးခံရတာထက်ဆိုးသည်။

မျက်တော်ပြေ (မျက်တော်ပြေ)Where stories live. Discover now