အမှန်တော့ လူနှစ်ယောက်ကြားက ဖြစ်ပေါ်လာတဲ့ အချစ်တစ်ခုကို
ဘယ်လောက်ပဲအနေဝေးဝေး
နှလုံးသားချင်း နီးနေသမျှတော့ ...
ချစ်ခြင်းတွေထပ်တူ ညီနေသမျှတော့...
အသွားထက်လွန်းလှတဲ့ လက်နက်ကို အသုံးပြု ပြီး ဖြတ်လျှင်တောင်မှ
ချစ်ခြင်းရဲ့ အင်အားကို ပြတ်တောက်အောင် တွန်းလှန်နိုင်လိမ့်မယ်လို့ ကျွန်တော်လုံးဝမထင်ခဲ့ပါဘူးဗျာ....
.... ..... .... .... .... ... .... ..... .... .....
၆လခန့်ကြာသောအခါ..
"မလုပ်ပါနဲ့ ဖေဖေ... ကျွန်တော် တောင်းပန် ပါတယ်"
ဖေဖေ့ ရှေ့မှ အနှီးထုပ်လေးကိုအတင်းဆွဲပွေ့ကာ Namjoon ဖေဖေနဲ့ ဝေးဝေးမှာ ပြေးရပ်လိုက်သည်။
"ငါသူ့ကို ငါ့ကလေး လို့ မသတ်မှတ်နိုင်ဘူး"
"ဖေဖေအစကတည်းက လျစ်လျူ ရှုထားတာပဲဗျာ အခုလည်းလျစ်လျူ ရှုပေးလို့မရဘူးလား မေမေ့နာရေးရှိနေတာ ကျွန်တော် တစ်ပူပေါ်နှစ်ပူဆင့် မဖြစ်ပါရစေနဲ့ "
မေမေက အစကတည်းက စိတ်ကျရောဂါ ခံစားနေခဲ့ရသည့်အပြင် အသက်ကြီးမှကလေးရသည်ကြောင့် စိတ်ပင်ပန်းလူပင်ပန်သွားခဲ့သည်ထင်သည်။ လောကကြီးကိုကျောခိုင်းထွက်ခွာ သွားခဲ့ကာ ဘယ်လိုအင်အားနဲ့မှ မေမေ့ကိုမတားဆီးနိုင်ခဲ့ကြ
"ဒီကလေးကြောင့်!!ဒီကလေးလုပ်လို့မင်းအမေသေရတာ ငါဒီကလေးကို မမြင်ချင်ဘူး"
"ဖေဖေ့ကြောင့်... ဖေဖေ့အတ္တတွေက မေမေ့ကိုသတ်လို့ တစ်နေ့တစ်ရက်တောင် စိတ်ချမ်းသာမှုမရှိတဲ့ ဘဝကိုမေမေစိတ်ကုန်သွားတာ...
ကျွန်တော့် ညီနဲ့ ဒီကိစ္စက ဘာမှမဆိုင်ဘူး"အနှီး ထုတ်လေးအား ခပ်တင်းတင်း ပွေ့ပိုက်ထားကာ တစ်သက်လုံးရိုရိုကျိုးကျိုး ရှိလှခဲ့သည့်ဖေအေအား စူးစူးဝါးဝါး စိုက်ကြည့် နေခဲ့သည်မှာ သူ့လက်ထဲ က နီတာရဲလေးအတွက် ဘာမဆိုရင်ဆိုင်တော့မည့် အနေအထား
အခုအချိန်တွင် Namjoon မေမေ့ကို သတိအရဆုံးပင်...မေမေလည်း အခုလိုပဲ ကလေးလေးအတွက်နေ့နေ့ည ည ပူပန်နေခဲ့ရပေလိမ့်မည်။သူအခု သူ့မေမေအစား နေရာဝင်ယူခဲ့ရသည်ဆို ပိုမှန်ပေလိမ့်မည်။
BẠN ĐANG ĐỌC
မျက်တော်ပြေ (မျက်တော်ပြေ)
Lãng mạnမြတ်နိုးရသူတွေ၏ အမျက်တော် ပြေစေရေးအတွက် ကျွန်တော်တို့ ဘာတွေ လုပ်သင့်လဲ.... မြတ်နိုးရသူတွေ၏ အမျက်တော် ပြေစေရေးအတွက် ကျွန်တော်တို့ ဘာတွေ လုပ်သင့်လဲ....