part (6)

2.7K 148 9
                                    

Unicode

ထယ်ယောင်တို့ သားဖနှစ်ယောက် မောင်တို့အိမ်ရမည်။ ဆုံဖြန်ချက်ကိုခိုင်ခိုင်မာမာ ချလိုက်ပြီးထဲက မောင့်အတွက်ပဲ ထယ်ကြည့်မယ် မောင် ဘယ်လိုအခက်ခဲရှိပစေဦး မောင်နဲ့အတူကျော်ဖြတ်ချင်တယ်။ဘယ်လိုအရာတွေနဲ့ပဲ ဆုံဆုံ မောင်လက်ကိုပဲ တွဲပြီးကျော်ဖြတ်မယ်။

သားအတွက် ပြင်ဆင်စရာတွေ အကုန်ပြင်ဆင်ပြီးရေချိုးပေးကာ အိပ်ယာပေါ်ခနစောင့်ခိုင်ကာ ထယ်ယောင်ရေချိုးခန်းထဲဝင်သွားသည်။ခနနေတော့သားဖနှစ်ယောက်လုံးအားလုံးပြန်ဆင်ပြီးတာကြောင့် အိမ်တံခါတွေ သေသေချာချာ ပိတ်ပြီး သော့ခတ်ကာ အထုပ်ပိုတွေအောက်ချပြီး အပြင်က ခုံတန်လေးမှ ထိုင်စောင့်‌သည်။

ခနနေတော့ ထယ်ယောင်တို့ ရှေ့ ကားအနက်တစ်စီထိုး‌ရပ်လိုက်သည်။ ကားပေါ်ကဆင်းလာတဲ့ အသက်50ကျော်အရွယ်အမျိုးသားတစ်ဦး သူတို့သားဖကိုမြင်တာနဲ့ ခေါင်ငုံက အရိုသေပေးသည်။
ရုတ်တရပ် ဆင်သော အပြုမူကြောင့်ထယ်ယောင်ခနတော့ကြောင်မိသည်။ပြီးတော့မှ အမြန်ပဲ ခေါင်ငုံကာ အရိုသေးပေးသည်။

"ဒီက လူလေးက ကင်မ်ထယ်ယောင်နော်"

"ဟုတ်ကဲ့ ဦးလေး"

"မမလေး ဂျွန်ရီမွန်က ကလေးတို့ကို လွတ်လိုက်တာပါ"

"အော် ဟုတ်ကဲ့ "

"ပေးပေး ဦးက အထုပ်တွေ သားတို့က ကားနောက်ခန်းထဲမှ ဝင်ထိုင်နေနော်"

"ဟုတ်ကဲ့"

ထယ်ယောင်သားလက်ကိုဆွဲကာ ကားနောက်တံခါဖွင့်ကာ ဝင်ထိုင်နေလိုက်သည်။ခနနေတော့ ကားလေကာ လမ်းမထက် ပြေးလွားနေသလို ထယ်ယောင်ရင်တွေလဲ အဆမတန်ခုန်နေသည်။

........................

အချိန်တော်တော်မောင်းနှင်ပြီးတဲ့နောက် ရောက်ရှိလာတဲ့ အိမ်ကြီး ခြံထဲရောက်တော့ ထယ်ယောင်သားကို ချီက ဘေးပတ်ဝန်ကျင်ကို စူးစမ်းကြည့်မိသည်။ ကျယ်တာတော့တော်တော်ကိုမှကျယ်သ ည် အိမ်ကြီးရဲ့ဘေးပတ်ပတ်လည်လည် နှင်းဆီနီးတွေကလဲ ဝန်ရံထားသည် အိမ်က သုံးထပ်တိုက်ဖြစ်ပြီး ခဲပြာရောင်ဖြစ်ဆေးခြယ်ထားသည်။

Mg(taekook)( Complete)Where stories live. Discover now