part (33) Find

3.5K 103 9
                                    

Unicode

3နှစ်ကြာပြီးနောက်

ယခုဆို ဂျွန်ကုမ္မာဏီကြီးကို ဂျောင်ဂုနဲ့ သားအကြီးဆုံးဂျွန်ယောင်ဂီတို့ ဦးစီးဆောင်ရွက်ပြီးသုံးနှစ်အတွင်မှာပဲ ကမ္ဘာ top10စရင်းဝင်ခဲ့သည်။

ထယ်ယောင်ကတော့ နောက်ထပ်သမီးလေးဂျွန်ဟေယောင်လေးကိုမွေးခဲ့တာ ခုဆို2နှစ်ရှိခဲ့ပြီး။

အိမ်စဉ်ဝင်အောက်တွင်ကားထိုးရပ်လိုက်တော့ အိမ်ထဲက လူပ်လူပ်နဲ့ပြေးလာတဲ့ ဂျွန်ထယ်ဂုလေး

"ဒယ်ဒီ "

သူဆီးပြေးဝင်လာတဲ့ သားလေးကို ဂျောင်ဂုဒူးထောက်ချကားလက်နှစ်ဖက်ကို ကား၍သားလေးကိုဆီးကြိုလိုက်သည်။

"ဒယ်ဒီ သားသားအတွက်ဘာပါ‌လဲ ?"

"သားအတွက်ရော ညီမလေးအတွက်အရုပ်တွေရော မုန့်တွေ ရောပါ ပါတယ်ခင်ဗျာ "

"ဟီး ...ဟီး"

ထိုသို့ပြောလိုက်တော့ သားလေးက အခစ်ခစ်ရီသည် သူ့ကိုတရိုတသေလေးပြောတော့ သဘောကျသွားတဲ့ပုံလေး။

"ဟွန့်   ထယ်ဂုတို့များ သိတက်ချက်ကွာ ဦးဦးနဲ့ သူ့ဖေဖေ တူတူပြန်တာတောင် သူ့ဖေဖေကိုပဲ ကြိုတယ် "

ယောင်ဂီက  ကားပေါ်ဆင်းကာ လက်ကိုပိုက်၍ခပ်မဲ့မဲ့လေးဆိုတော့ အနား လေးတိုးလားက စဖြဲဖြဲလေးလုပ်သည်။

"အဲ့လို ဟုတ်ပါဘူး ဦးဦးရဲ့ သားက ဒယ်ဒီက အရင်ထွက်လာတော့ ဒယ်ဒီဆီ အရင်သွားတာပါ ဦးဦးသား အရင်ထွက်လာရင် သားက အရင်ကြိုမှာပေါ့ ဟုတ်တယ်မှတ်လား ဒယ်ဒီ"

ယောင်ဂီလက်နှစ်ဖက်ကိုကိုင်ပြီး မျက်ခုံးနှစ်ဖက်ကိုပင့်တင်ကာ ဘေးတွင်ရှိသော ဂျောင်ဂုကိုစစ်ကူတောင်းသည်။

ဂျောင်ဂုက သားဖြစ်သူရဲ့ လုပ်နေသောအမူရာလေးကိုသဘောကျသဖြင့်ပြုံးပြုံးသာ ကြည့်နေသည်။

"ဟုတ်ပါပြီ ဗျာ ဦးဦးတူလေးက အလိမ်မာတုန်းလေး ဟုတ်တယ်မှတ်လား?"

"ဟုတ်တယ်ဟုတယ်"

ခေါင်တစ်ညိမ့်ညိမ့် လုပ်နေသော ထယ်ဂုကို ညီကိုနှစ်ယောက်သဘောတကျဖြစ်နေသည်။

Mg(taekook)( Complete)Where stories live. Discover now