Zawgyi
အထက်အောက်အဖြူ ရောင်ဝတ်ဆင်ထား
သည့်ကောင်ငယ်လေး၁ယောက်ဟာ
လေဟာပြင်ထဲမှာလွင့်မျောရင်းနိုးထလာ
ခဲ့တယ်...
မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်မှာ
ရှေ့ နောက် တောင် မြောက် အထက်
အောက် အဖြူ ရောင်ဟင်းလင်းပြင်ကြီး
၁ခုသာ...ထိုကောင်လေးနာမည်ကတော့
ရှောင်ကျန့်...
သူဘာလို့ဒီရောက်နေတာလဲ...
ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ...
တကယ်တော့ရှောင်ကျန့်ဆိုတဲ့သူ့နာမည်
တစ်ခုကလွဲပြီးဘာမှမမှတ်မိပေ...အဖြူ ရောင်ဟင်းလင်းပြင်ကြီးထဲ
လျှောက်ကြည့်ရင်းကအကြည့်ထဲ
ဝင်ရောက်လာတဲ့တစ်စုံတစ်ခု...
နဲနဲလှမ်းနေတာမို့သေချာမမြင်ရပဲမှုံမှုံဝါးဝါး...ဒီလိုဘာမှမရှိတဲ့ဟင်းလင်းပြင်ကြီးထဲ
ရှောင်ကျန့် နဲ့ ထိုတစ်စုံတစ်ခုပဲရှိတာမို့
ရှောင်ကျန့်သိလိုစိတ်ဖြင့်အနားလျှောက်
သွားကြည့်မိတယ်...
အနားရောက်လို့ကြည့်တော့တိမ်လေး
၁ခု...
ထိုတိမ်လုံးလေးပေါ်မှအကောင်လေး
၁ကောင်ကစောင်လေးခြုံပြီးအိပ်ပျော်နေ
တယ်...ရှောင်ကျန့် ထိုအထူးအဆန်းကောင်လေး
ကိုစေ့စေ့စပ်စပ်ကြည့်နေရာကနေ
ခနကြာတော့ထိုအထူးအဆန်းကောင်လေး
အိပ်ချင်မူးတူးနဲ့မိုးထလာခဲ့တယ်...
စောင်လေးကိုဖယ်ပြီးရုပ်အလုံးထည်ပေါ်
လာမှရှောင်ကျန့်ရေရွတ်လိုက်သည်က..."မတ်မွန်သီး???..."
ထိုမတ်မွန်သီးလေးဟာလေထဲအတောင်ပံ
မပါပဲဝံပျံနေပြီးရှောင်ကျန့်အသံကိုကြား
တော့မှမျက်လုံးလေးကိုပြူ ပြဲဖွင့်ကြည့်
ရင်း..."Aww hostရောက်လာပြီလား..."
"ဟမ် မတ်မွန်သီးကစကားပြောတယ်..."
"ဒါကမထူးဆန်းပါဘူး...
hostနောက်ကျ နေသားကျသွားလိမ့်မယ်...
ခု လုပ်စရာရှိတာလုပ်ရအောင်...""ဘာ ဘာလုပ်ရမှာလဲ..."
"ပြောမယ်လေ အေးဆေးပေါ့..."
ရုတ်တရက်တိမ်လုံးလေးဟာပျောက်
ကွယ်သွားပြီးမတ်မွန်သီးလေးဆီမှာ
ကြိမ်တုတ်လေး၁ချောင်းပေါ်လာပြီး
သူအနောက်မှာလေးထောင့်မှန်သား
စကရင်၁ခုပေါ်လာတယ်...
ရှောင်ကျန့်အနောက်မှာလဲကုလားထိုင်
၁လုံးပေါ်လာခဲ့တယ်...
YOU ARE READING
Heart attack system
Fanfictionကိုယ့်ကိုယ်ကိုရှောင်ကျန့်ဆိုတဲ့နာမည်ကလွဲပြီး ဘာမှမမှတ်မိတဲ့ကောင်လေးတစ်ယောက်... သူ့ရဲ့တကယ်သရုပ်မှန်ကဘာလဲ...? အတိတ်ကိုပြန်မှတ်မိဖို့systemနဲ့လက်တွဲကာ ကမ္ဘာအသီးသီးမှာmissionတွေထမ်းဆောင်နေရင်း လူတစ်ယောက်နဲ့တွေ့ဆုံခဲ့လေတယ်... ကမ္ဘာတိုင်းကိုလိုက်လာတဲ့ထိုဝ...