Zawgyi
❤ ရှောင်ချင်းဟွမ် ❤
ကျောင်းကပွဲနေ့...
"သားဟိုရောက်ရင် ဟွမ်လေးကိုသေချာ
ဂရုစိုက်ပေးပါအုံးကွယ်...""မပူပါနဲ့မား...သားက မားမပြောလဲ
ချင်းဟွမ်ကိုဂရုစိုက်ပြီးသားပါဗျ..."ကျောင်းကပွဲသွားရန် လီခွမ်းက ချင်းဟွမ်
ကိုအိမ်အထိလာကြိုခြင်းဖြစ်သည်...
ခုထိပြင်ဆင်မှုမပြီးဆုံးနိုင်သေးသည့်
ချင်းဟွမ်ကိုစောင့်ရင်း ဧည့်ခန်းမှာ
ချင်းဟွမ်ရဲ့မားနဲ့ပါးနဲ့စကား
အာလာပ သာလာပ ပြောနေကြ
ချင်းပင်...
လီခွမ်းရဲ့ပွင့်လင်းမှုကြောင့်
ခုဆိုလီခွမ်းကချင်းဟွမ်ကို
လိုက်နေချင်းကိုလဲ ချင်းဟွမ်ရဲ့မိဘများ
ကသိနေကြပြီ...လူကြီးမိဘများပေါ်သိတတ်လိမ္မာပြီး
ရုပ်ရည်ရူပကာကခန့်ညားချောမော
ကာ လူချမ်းသာလေးလဲဖြစ်သည့်
လီခွမ်းကို ချင်းဟွမ်ရဲ့မိဘများက
အမြင်မကြည်ချင်းလုံးဝမရှိသည့်
အပြင် ချင်းဟွမ်ကိုပါလီခွမ်းလက်ထဲ
မြန်မြန်ထိုးကျွေးချင်နေကြသေးသည်...အရမ်းချစ်ရတဲ့သားချောလေးကို
ဘာကြောင့်သည်လိုလုပ်ရက်ရသည်
လဲဆိုတော့ချင်းဟွမ်မားဟာ
Fujoshiအကြီးစားကြီးဖြစ်နေခြင်း
ကြောင့်ပင်...
အသက်သာ၅၀နားကပ်လာပေမဲ့
ယောကျာ်းမြင် လင်ပေးစားချင်တဲ့
အကျင့်က ယခုထိမပြင်နိုင်သေးပေ...
ဒါကြောင့်သူ့သားလင်ရမဲ့အရေးကို
စိတ်ထဲဘယ်လိုမှမနေပဲ
ပျော်တောင်ပျော်နေသေးသည်...ချင်းဟွမ်ပါးကလဲလက်ခံပေးလေသည်...
သူကသူ့၏ချစ်ဇနီးလေးစိတ်ချမ်းသာရင်
ဘာမဆိုလက်ခံပေးနိုင်သည်...
သူတို့ရီရီမောမောရောက်တက်ရာရာ
ဟိုအကြောင်းဒီအကြောင်းပြောနေကြ
စဉ် အိမ်အပေါ်ထပ်မှာ အလင်းရောင်
များဖြာထွက်လာသည်ကို မြင်လိုက်ရ
သည်...ထိုခနလီခွမ်းနဲ့ချင်းဟွမ်မိဘများအပါဝင်
အိမ်တော်ထဲရှိနေကြသောအလုပ်သမား
များ၏အကြည့်ကအိမ်ဒုတိယအထပ်
လှေကားထိပ်ဆီသို့မတိုင်ပင်ပါပဲ
အကြည့်ရောက်သွားကြသည်...
အလင်းရောင်တွေမျက်စိကြိမ်းမတက်
ဖြာထွက်နေရတဲ့တရားခံမှာတော့
ပြင်ပြီးဆင်ပြီးလို့ကျောင်းကပွဲသွားရန်
ဒုတိယထပ်မှ ကျတ်သရေရှိစွာ
အောက်ထပ်ဆင်းလာသည့်
ရှောင်ချင်းဟွမ်...
YOU ARE READING
Heart attack system
Fiksi Penggemarကိုယ့်ကိုယ်ကိုရှောင်ကျန့်ဆိုတဲ့နာမည်ကလွဲပြီး ဘာမှမမှတ်မိတဲ့ကောင်လေးတစ်ယောက်... သူ့ရဲ့တကယ်သရုပ်မှန်ကဘာလဲ...? အတိတ်ကိုပြန်မှတ်မိဖို့systemနဲ့လက်တွဲကာ ကမ္ဘာအသီးသီးမှာmissionတွေထမ်းဆောင်နေရင်း လူတစ်ယောက်နဲ့တွေ့ဆုံခဲ့လေတယ်... ကမ္ဘာတိုင်းကိုလိုက်လာတဲ့ထိုဝ...