Ep - 5 (Arc - 1.4)

791 80 4
                                    

Zawgyi
❤ ဖရက်ဒီ ❤

ဖရက်ဒီ အိစက်နူးညံ့သောမွှေ့ယာပြင်
ကျယ်ကြီးထက်တွင်နိုးလို့လာခဲ့သည်...
ဆတ်ခနဲထထိုင်လိုက်ပေမဲ့
ခေါင်းမူးဝေချင်းမရှိသလို ကိုယ်လက်
ညောင်းညာချင်းလဲမရှိပဲ စိတ်လဲလန်းဆန်း
ကြည်လင်နေခဲ့တယ်...

သူယခုရောက်ရှိနေတဲ့နေရာကလဲ
အချိုပွဲတိုင်းပြည်ရဲ့ချိုချဉ်နန်းတော်ကြီးထဲ
ကသူ့အိပ်ဆောင်ရဲ့ကိုယ်ပိုင်မွှေ့ယာ
ကုတင်ထက်ဝယ်ဖြစ်သည်...
ဖရက်ဒီ ယခုအခြေအနေကိုနားမလည်နိုင်...

"ညကငါအိပ်မက်များမက်ခဲ့တာလား...
အိပ်မက်ဆိုရအောင်လဲ လက်တွေ့ဆန်
လွန်းနေတယ်..."

သတိရကာမြင်ကွင်းထဲကွက်ကွက်
ကွင်းကွင်း မြင်လာရသည်က
သူစိမ်းသူယံ ၁ယောက်ကသူ့ကို
အတင်းချုပ်နှောင်ကာနှုတ်ခမ်းပြတ်ထွက်
လုမတတ်နမ်းရှိုက်နေခြင်း...

ဖရက်ဒီ အိပ်ယာပေါ်မှအလျင်မြန်ဆင်းကာ
ရေချိုးခန်းထဲပြေးနှင်းဝင်ရောက်ကာ
ဘေစင်ရှေ့ရပ်လျက်ကိုယ့်ပုံကိုယ်မှန်ထဲ
ကြည့်မိတော့သူ့၏နှုတ်ခမ်းဟာအနဲငယ်
ယောင်ရမ်းနေပြီးဘေးဘက်တွင်လဲ
ပေါက်နေလေတယ်...

''shit!!!အိပ်မက်မဟုတ်ဘူးပဲ...အား!!!..."

ရေချိုးခန်းထဲကအော်သံစူးစူးဟာနန်းတော်
အမိုးတောင်ပွင့်ထွက်မတတ်ကျယ်လောင်
လွန်းတာကြောင့်ပုရွက်ဆိတ်တောင်
ဖြတ်မလျှောက်ရဲပါသောဖရက်ဒီရဲ့အခန်း
ထဲသူ့ကိုယ်ရံတော်၂ယောက်ဟာ
အပြစ်ပေးခံရလဲခံရပါစေ ဆိုပြီးစိတ်ဒုန်းဒုန်း
ချကာတံခါးကိုကန်ဖွင့်လျက် ဒုန်းဆိုင်း
ဝင်ရောက်လာခဲ့တယ်...

"အရှင်မင်းမြတ် ဘာများဖြစ်လို့ပါလဲ..."

ဖရက်ဒီရေချိုးခန်းထဲကနေ အပြင်ဘက်က
သူ့ကိုယ်ရံတော်များရဲ့စိတ်ပူတကြီး
မေးသံကြောင့်လေသံကိုလျှော့ချလို့...

"ဘာ ဘာမှမဖြစ်ပါဘူး...ငါကိုယ်တော်
လည်ချောင်းရှင်းနေတာ အဟမ်း အဟမ်း...
အဲ့ဒါကြောင့် ထွက်သွားလို့ရပြီ..."

"အမိန့်တော်မြတ်အတိုင်းပါ..."

ထိုအခါမှကိုယ်ရံတော်၂ယောက်
စိတ်အေးစွာပြန်ထွက်သွားနိုင်တယ်...
ဖရက်ဒီကတော့ခုထိမှန်ဆတ်ကြည့်နေဆဲ...
အခြေအနေကိုလက်မခံနိုင်သေးပေ...

Heart attack systemWhere stories live. Discover now