Zawgyi
❤ ရှောင်ချင်းဟွမ် ❤
မီဆိုရာ ချင်းဟွမ်ရှေ့ရောက်လာတာနဲ့
လီရှင်းနဲ့လီရန်က အရှေ့ကနေ ကာရပ်
လို့ကာကွယ်ပေးဖို့အစဉ်သင့်ပဲ...
မီဆိုရာ သူ့မျက်ဝန်းထဲမှ
မကျေနပ်မနာလိုမှုပေါင်းများစွာကို
ဖုံးကွယ်ရင်း အသနားခံပုံရိပ်ဖြင့်သာ
ပေကပ်လို့ ထိုနေရာမှာဆတ်ရပ်နေ
တယ်..."ငါတကယ်မနေ့ကမရည်ရွယ်ခဲ့ပါဘူး
ချင်းဟွမ်...ပြီးတော့ငါနင့်ကိုပြောစရာလဲ
ရှိလို့ပါ..."''ကောင်းပြီ မင်းတောင်းပန်တာကို
ငါလက်ခံပါတယ်...ဘာပြောချင်တာလဲ
ပြောလို့ရပြီ..."မီဆိုရာဘေးပတ်ဝန်းကျင်နဲ့
ချင်းဟွမ်ကိုကာကွယ်ပေးနေတဲ့
လူ၂ယောက်ကိုကြည့်ကာ..."ဒီမှာပြောလို့မဖြစ်ဘူးထင်တယ်..."
"အဲ့ဒါဆိုလဲတိတ်ဆိတ်တဲ့၁နေရာရာ
သွားကြတာပေါ့...""ချင်းဟွမ်!..."
"အရုပ်လေး!..."
ထိုင်ခုံကထလာတော့ စိုးရိမ်တကြီး
ရုပ်ကြီးတွေနဲ့ပြိုင်တူလက်လာဆွဲကြ
တဲ့လီရှင်းနဲ့လီရန်...
ချင်းဟွမ်အပြုံးအေးအေးလေးပြုံးပြ
ရင်း..."၂ယောက်လုံးစိတ်မပူပါနဲ့...
ငါကယောကျာ်းလေး၁ယောက်ပါကွာ...
မိန်းကလေး၁ယောက်ကငါ့ကို
အနိုင်ကျင့်နိုင်တာဖြစ်နိုင်ပါ့မလား..."အဲ့ဒီစကားကိုလက်မခံနိုင်စွာနဲ့လီရန်
ကဤသို့ပြောလာလေသည်..."အရုပ်လေးကယုန်ဖြူ လေးလိုနူးညံ့ဖြူ
စင်လွန်းတယ်...လူတိုင်းကိုအရုပ်လေး
လိုနှလုံးသားလှတယ်ထင်မနေနဲ့...
မိန်းကလေးဆိုပြီးတော့လဲအထင်
မသေးနဲ့...တစ်ချို့တွေကအပြင်ပန်း
ကြည့်ရင်မသိနိုင်ပေမဲ့ အတွင်းက
လောက်တက်ပြီးပုတ်ပွလွန်းနေတာ..."လီရှင်းကလဲထောက်ခံတဲ့အနေနဲ့
ခေါင်းငြိမ့်ပြလာသည်...
ချင်းဟွမ်လဲအစိုးရိမ်လွန်နေတဲ့
၂ယောက်ကိုမနဲချော့မော့ပြီး
မီဆိုရာနဲ့၂ယောက်သားထွက်လာခဲ့
တော့တယ်...မီဆိုရာ ချင်းဟွမ်ကိုခေါ်လာတဲ့နေရာက
ကျောင်းရဲ့အသံလွှင့် စတူဒီယိုခန်းထဲ...
YOU ARE READING
Heart attack system
Fanfictionကိုယ့်ကိုယ်ကိုရှောင်ကျန့်ဆိုတဲ့နာမည်ကလွဲပြီး ဘာမှမမှတ်မိတဲ့ကောင်လေးတစ်ယောက်... သူ့ရဲ့တကယ်သရုပ်မှန်ကဘာလဲ...? အတိတ်ကိုပြန်မှတ်မိဖို့systemနဲ့လက်တွဲကာ ကမ္ဘာအသီးသီးမှာmissionတွေထမ်းဆောင်နေရင်း လူတစ်ယောက်နဲ့တွေ့ဆုံခဲ့လေတယ်... ကမ္ဘာတိုင်းကိုလိုက်လာတဲ့ထိုဝ...