Zawgyi
❤ ဖရက်ဒီ ❤
နောက်တစ်နေ့မှာပဲ သရည်စာတိုင်းပြည်
ပြည့်ရှင်မင်း နဲ့ အချိုပွဲတိုင်းပြည်
ပြည့်ရှင်မင်းရဲ့ခမ်းနားကြီးကျယ်တဲ့
မင်္ဂလာပွဲကြီးကို ကြီးကြီးကျယ်ကျယ်
ခမ်းခမ်းနားနားကျင်းပခဲ့ကြတယ်...အချိုပွဲတိုင်းပြည်ရဲ့ပြည်သူပြည်သား
အပေါင်းတို့ဟာတိုင်းပြည်အတွင်း
မြောက်များလှသောချောကလက်
များစွာပြန်လည်ရောက်ရှိလာခြင်း
ကြောင့်ရယ် သူတို့ဘုရင်မင်းမြတ်ရဲ့
မင်္ဂလာသတင်းရယ်ကြောင့်
၂ထပ်ကွမ်းပျော်ရွှင်ဝမ်းမြှောက်မှုက
ပြောမပြတတ်အောင်ပါပဲ...အားလုံးထဲမှာဖရက်ဒီ၁ယောက်သာ
မျက်နှာက ဟန်ဆောင်ပန်ဆောင်တောင်
မပြုံးမရွှင်နိုင်ဖြစ်နေရတာ...
ဒန်နီရယ်ကတော့ ဘုံ ၃၁ ဘုံကိုအပိုင်
စားရလိုက်သလိုကိုပျော်ရွှင်မြူးတူး
ပြီးမျက်နှာအရောင်လင်းလက်နေခဲ့
တာ...မင်္ဂလာအစီစဉ်ပြီးမြှောက်တဲ့အချိန်
မှာပဲဖရက်ဒီ ဒန်နီရယ်ရဲ့
ချစ်ခြင်းမေတ္တာတွေပြည့်နက်နေတဲ့
အနမ်းဖွဖွလေးပေးခြင်းခံလိုက်ရတယ်...
တစ်ချိန်တည်းမှာပဲsystemဆီကနေ
missionအားလုံးcompleteဖြစ်လို့
နောက်ကမ္ဘာဆီကူးပြောင်းလို့ရပြီ
ဖြစ်ကြောင်းပြောသံကြားလာရတယ်...*အွန်း ငါထွက်ခွာမယ်ဆိုဘယ်လိုလုပ်ရ
မှာလဲ...*မေးသာမေးလိုက်ပေမဲ့လဲတကယ့်
တကယ်ထွက်ခွာရမယ်ဆိုတော့လဲ
ဘာကြောင့်ရယ်မသိ...
ရင်ဘတ်ထဲကအောင့်တောင့်တောင့်
ခံစားချက်ကြီးကနေရခက်လို့နေတယ်..."ဒီခန္ဓာကိုယ်သေမှhostဝိညာဉ်ထွက်ခွာ
လို့ရမှာပါ..."*အဲ့လိုလား...သိပြီ...*
ဒန်နီရယ် ဖရက်ဒီ့ကိုနမ်းပြီးတော့
လက်လေး၂ဖက်ကိုဆုတ်ကိုင်ကာ
အကြင်နာတွေပြည့်လျှံနေတဲ့မျက်ဝန်း
နဲ့အကြည့်ချင်းဆုံကာပြုံးနေမိတယ်...
ဖရက်ဒီလဲပြန်ကာပြုံးပြလိုက်ပါတယ်...ထိုအချိန်ဖရက်ဒီအကြည့်ထဲဝင်ရောက်
လာတဲ့ဒန်နီရယ့်အနောက်ဘက်
ခပ်လှမ်းလှမ်းကမသင်္ကာစရာ
လူ၁ယောက်...
ထိုသူကဘယ်သူမှသတိမထားမိခင်မှာ
ပဲ လိုက်ကာ၁ခုနောက်မှာဖွက်ထားတဲ့
ဒူးလေး ကိုထုတ်ကာဒန်နီရယ်ဘက်ကို
ချိန်ပြီးပစ်လိုက်တယ်...

YOU ARE READING
Heart attack system
Fanfictionကိုယ့်ကိုယ်ကိုရှောင်ကျန့်ဆိုတဲ့နာမည်ကလွဲပြီး ဘာမှမမှတ်မိတဲ့ကောင်လေးတစ်ယောက်... သူ့ရဲ့တကယ်သရုပ်မှန်ကဘာလဲ...? အတိတ်ကိုပြန်မှတ်မိဖို့systemနဲ့လက်တွဲကာ ကမ္ဘာအသီးသီးမှာmissionတွေထမ်းဆောင်နေရင်း လူတစ်ယောက်နဲ့တွေ့ဆုံခဲ့လေတယ်... ကမ္ဘာတိုင်းကိုလိုက်လာတဲ့ထိုဝ...