Zawgyi
❤ ဖရက်ဒီ ❤
ကိုယ်ကိုအုပ်မိုးပြီးလက်၂ဖက်ကိုဖိချုပ်
ထားပါသောဒန်နီရယ်ကြောင့်ဖရက်ဒီ
အံ့ဩဒေါသထွက်ရတယ်..."မင်း! ပြန်သွားပြီမဟုတ်လား..."
ဒန်နီရယ် ဒေါသကြောင့်နီရဲနေတဲ့
ဖရက်ဒီရဲ့မျက်နှာလေးကို
တစ်စိမ့်စိမ့်ကြည့်ရင်း..."အစကကိုယ်ပြန်မလို့ပါပဲ...
ဒါပေမဲ့ဖရက်ကိုမခွဲနိုင်သေးလို့...
ကိုယ်စောင့်နေတာကြာပြီကွာ...
ခုမှပြန်လာရလား...""ငါမင်းလိုအလေလိုက်မနေနိုင်ဘူး
မျက်နှာ၂ဖက်နဲ့ခွေးကောင်ရဲ့..."ခွးလို့အခေါ်ခံရတာတောင်
မျက်နှာတစ်ချက်မပျက်သွားတဲ့
အပြင်အပြုံးမပျက်စွာ..."ခွေးဆိုတော့လဲခွေးပေါ့ကွာ...
အဲ့တော့ခွေးမိန်းမလေးရေ
ကိုယ်နဲ့မိတ်မလိုက်ချင်ဘူးလား...""တိုင်းပြည်တစ်ခုကိုအုပ်ချုပ်နေတဲ့
ဘုရင်ဖြစ်ပြီးပါးစပ်စည်းမစောင့်လိုက်
တာ...ငါ့ကိုယ်ပေါ်ကချက်ချင်းဖယ်စမ်း!!!...
မဟုတ်ရင် ငါအော်လိုက်ရမလား...
ငါ့ကိုယ်ရံတော်တွေက မင်းကို
ဘုရင်ဖြစ်နေလဲသက်ညှာပေးမယ်
မထင်နဲ့နော်...""အဟက် သူတို့ကိုယ့်ကိုသတ်နိုင်မယ်
ထင်ရင်အော်လိုက်လေ...
ကိုယ်တို့မင်္ဂလာဆောင်ကြရင်
သူတို့ကိုသက်သေနေရာမှာ
လက်မှတ်ထိုးခိုင်းရမယ်..."ခြိမ်းမရ ခြောက်မရ အကျောတင်းလှပါ
သောဒန်နီရယ်ကြောင့်ဖရက်ဒီ
အကြမ်းနည်းမရ အနုနည်းနှင့်သာ
လေသံဖျော့ဖျော့ဖြင့်..."မင်းငါ့ကိုဘာကြောင့်ဒီလိုဆတ်ဆံ
နေရတာလဲ...""ချစ်လို့ အရမ်းချစ်လို့..."
"ငါမှမင်းကိုမချစ်နိုင်တာ..."
"ရတယ် ကိုယ်တို့လက်ထပ်ပြီးရင်
မင်းကိုယ့်ကိုချစ်လာအောင်ကြိုးစား
မယ်...""ငါတို့ကယောကျာ်းလေးအချင်းချင်းနော်..."
"အဲ့ဒါဘာဖြစ်လဲ...
ယောကျာ်းလေးအချင်းချင်းလဲချစ်လို့
ရနေတာပဲ...အဓိကကချစ်နေဖို့ပဲ...""ဒါပေမဲ့ငါက တင် ရင် အပြည့်နဲ့ မိန်းမ
တွေပဲစိတ်ဝင်စားတာ..."

YOU ARE READING
Heart attack system
Fanfictionကိုယ့်ကိုယ်ကိုရှောင်ကျန့်ဆိုတဲ့နာမည်ကလွဲပြီး ဘာမှမမှတ်မိတဲ့ကောင်လေးတစ်ယောက်... သူ့ရဲ့တကယ်သရုပ်မှန်ကဘာလဲ...? အတိတ်ကိုပြန်မှတ်မိဖို့systemနဲ့လက်တွဲကာ ကမ္ဘာအသီးသီးမှာmissionတွေထမ်းဆောင်နေရင်း လူတစ်ယောက်နဲ့တွေ့ဆုံခဲ့လေတယ်... ကမ္ဘာတိုင်းကိုလိုက်လာတဲ့ထိုဝ...