Zawgyi
ရှောင်ကျန့် system space ကိုပြန်
ရောက်ခဲ့ပြီ...
သူရောက်တာနဲ့ system မတ်မွန်သီးလေး
ကအနောက်မှာဘာတွေဖြစ်ကျန်ခဲ့လဲ
ဆိုတာပြသလာတယ်...
ချင်းဟွမ်သေဆုံးပြီးတာနဲ့လီခွမ်းဟာလဲ
ချင်းဟွမ်ဘေးမှာပဲနှလုံးဖောက်ပြီး
လဲကျသေဆုံးသွားခဲ့တယ်..."နောက်ကမ္ဘာကိုသူ လိုက်လာ
မလိုက်လာကြည့်ရသေးတာပေါ့...
ဒါနဲ့သူဘယ်သူလဲ ဘယ်ကလဲ
သိလားsystemလေး...""သူ့နာမည်ကလွဲပြီးဘာမှစုံစမ်းမရပါဘူး
host...နာမည်ကဝမ်ရိပေါ်တဲ့..."အရာအားလုံးကိုသိနေတဲ့systemလေး
ဟာဗြောင်လိမ်ခဲ့ရလေတယ်...
သူမပြောလဲအချိန်တန်ရင်သိလာမှာပဲ
လေ...
သိချိန်မှမတန်သေးပဲ..."ဝမ် ရိ ပေါ်...ဝမ်ရိပေါ်တဲ့လား..."
ရှောင်ကျန့် ရိပေါ်နာမည်ထပ်တလဲလဲ
ရေရွတ်နေမိတယ်...
ထိုနာမည်လေးကအရမ်းရင်းနှီးသလို
ခံစားနေရပြီး နာမည်ကြားရုံနဲ့တင်
ရှောင်ကျန့်နှလုံးသားလေးဟာ
ပုံမှန်ထက်၃ဆလောက်အခုန်မြန်လာ
တာကိုတော့သူကိုယ်တိုင်သတိမထား
ခဲ့မိပေ...
ထို့ကြောင့်လျစ်လျူ ရှုထားဖို့သာရွေးချယ်
လိုက်တယ်..."ထားလိုက်တော့...နောက်ကမ္ဘာမသွား
သေးဘူးလား...""စက်ဝိုင်းလှည့်ရအုံးမယ်လေ..."
ရှောင်ကျန့်ရှေ့ရောင်စုံစက်ဝိုင်းလေး
ပေါ်လာတဲ့အခါသူ့ရဲ့လက်ချောင်းသွယ်
လေးဖြင့်အရှိန်လေးယူကာလှည့်လိုက်
တယ်...
နောက်ဆုံး မြှားတံလေးထိကာရပ်သွား
တဲ့အရောင်က အစိမ်းရောင်..."အစိမ်းကဘာskillလဲsystemလေး..."
ရောင်စုံစက်ဝိုင်းလေးပြန်လည်ပျောက်
ကွယ်သွားပြီး အစိမ်းရောင်
အရည်လေးတွေလဲ့နေတဲ့
ဖန်ပုလင်းလေး လေထဲပေါ်လာခဲ့တယ်..."သောက်လိုက်ပါhost...
ဒီဆေးရည်အစိမ်းရောင်ကhostကို
မူရင်းဆွဲညဏ်ထက်အဆ၁၀၀လောက်
ပိုကောင်းလာစေတဲ့မှတ်ညဏ်အားတိုး
ဆေးရည်ပါ..."ရှောင်ကျန့်လေထဲလက်လှမ်းကာ
ဆေးပုလင်းယူပြီးအဖုံးဖွင့်လို့
မော့သောက်လိုက်တယ်...
သောက်ပြီးနောက်ပုလင်းလေးဟာ
ပြန်ပျောက်ကွယ်သွားတယ်...
YOU ARE READING
Heart attack system
Fanfictionကိုယ့်ကိုယ်ကိုရှောင်ကျန့်ဆိုတဲ့နာမည်ကလွဲပြီး ဘာမှမမှတ်မိတဲ့ကောင်လေးတစ်ယောက်... သူ့ရဲ့တကယ်သရုပ်မှန်ကဘာလဲ...? အတိတ်ကိုပြန်မှတ်မိဖို့systemနဲ့လက်တွဲကာ ကမ္ဘာအသီးသီးမှာmissionတွေထမ်းဆောင်နေရင်း လူတစ်ယောက်နဲ့တွေ့ဆုံခဲ့လေတယ်... ကမ္ဘာတိုင်းကိုလိုက်လာတဲ့ထိုဝ...