Zawgyi
❤ ရှောင်ချင်းဟွမ် ❤
ချင်းဟွမ်တာဝန်အရသာကျောင်းလာ
တက်ရပေမဲ့စာထဲမှာစိတ်မပါ...
ဆရာစာသင်နေတော့အရှေ့စာအုပ်
ထောင်ပြီးခုံပေါ်မှောက်အိပ်နေလိုက်
တယ်...
missionဘယ်လိုဆတ်လုပ်ရမလဲ
စဉ်းစားရင်းပေါ့...
သူ့ဘေးခုံကကောင်လေး၁ယောက်
သူ့ကိုစူးစူးစိုက်စိုက်ငေးနေတာကို
တော့မသိခဲ့...အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေတဲ့
အချိန်မှာပဲ ဆရာ့ရဲ့သူ့နာမည်ခေါ်သံ
ကြောင့်လန့်ပြီးဆတ်ခနဲခေါင်းထောင်
မိတယ်..."မင်းအိပ်ပျော်နေတာလား..."
ချင်းဟွမ် သူမဟုတ်ရပါဘူးဆိုတဲ့
ဖြူ စင်တဲ့ယုန်သူငယ် မျက်နှာထားလေး
ဖြင့်မတ်တပ်ရပ်ကာ..."မအိပ်ပါဘူးဆရာ...
ကျွန်တော် ဆရာသင်တာကို
အာရုံစူးစိုက်ပြီးသေချာနားထောင်နေ
တာပါ..."ပါးစပ်လေးဟပြီး အိပ်မောကျနေတာ
လေးကို အစဆုံးမြင်လိုက်ရတဲ့
ဘေးက၁ယောက်မှာတော့
ချင်းဟွမ်ရဲ့ပြောစကားကြောင့်
ရီချင်ပက်ကျိ မျက်နှာထားဖြစ်လာလို့
သူများတွေမမြင်အောင်ခေါင်းငုံ့ထား
လိုက်တယ်...အခုသင်နေတဲ့သချာင်္ဆရာကလဲ
အသင်ပြကောင်းသလောက်
စည်းကမ်းကြီးသူပီပီ..."ဒါဆိုခုနကဆရာသင်လိုက်တဲ့
သချာင်္အတွဲ၂ရဲ့ဖော်မျူ လာလေးကို
၁ချက်လောက်ပြန်ပြောပေးနိုင်မလား..."တစ်ခြားသူတွေတော့ ချင်းဟွမ် ၁ယောက်
ကျောင်းပြောင်းတဲ့ပထမနေ့မှာပဲ
အပစ်ပေးခံရတော့မယ်ဆိုပြီး
ကြိတ်ဝမ်းသာနေကြတယ်...
အရှေ့ဆုံးခုံက မီဆိုရာကပိုဆိုးသပေါ့...
ဒါပေမဲ့ သချာင်္၂ရဲ့ဖော်မြူ လာကို
တစ်ချက်တောင်မထစ်ပဲဆိုပြသွားတဲ့
ချင်းဟွမ်ကြောင့်မီဆိုရာ့မျက်နှာ
ဖြတ်ရိုက်ခံလိုက်ရလို သရက်သီးဖင်ရှုံ့နေ
တဲ့မျက်နှာထားမျိုးဖြင့်သွားတယ်..."မင်းကဆရာကြားထားသလိုတကယ်
တော်တဲ့ကျောင်းသားလေးပဲ...
ရပြီ ထိုင် ထိုင်...""ဟုတ်ကဲ့ ဆရာ..."
ချင်းဟွမ်ခုံမှာပြန်ထိုင်လိုက်တယ်...
စိတ်ထဲကနေမှ...
![](https://img.wattpad.com/cover/318306865-288-k519415.jpg)
YOU ARE READING
Heart attack system
Fanficကိုယ့်ကိုယ်ကိုရှောင်ကျန့်ဆိုတဲ့နာမည်ကလွဲပြီး ဘာမှမမှတ်မိတဲ့ကောင်လေးတစ်ယောက်... သူ့ရဲ့တကယ်သရုပ်မှန်ကဘာလဲ...? အတိတ်ကိုပြန်မှတ်မိဖို့systemနဲ့လက်တွဲကာ ကမ္ဘာအသီးသီးမှာmissionတွေထမ်းဆောင်နေရင်း လူတစ်ယောက်နဲ့တွေ့ဆုံခဲ့လေတယ်... ကမ္ဘာတိုင်းကိုလိုက်လာတဲ့ထိုဝ...