Zawgyi
❤ ရှောင်ချင်းဟွမ် ❤
ဈေးဝယ်စင်တာကြီးထဲ နေရာအနှံ့
ချင်းဟွမ်စိတ်ကြိုက်လည်ပတ်မွှေနှောက်
ကာ လိုအပ်တာမှန်သမျှဝယ်လိုက်တာ
သူခေါ်ခဲ့တဲ့ဘော်ဒီကတ်၂ယောက်
လက်ထဲမှာလဲအိတ်တွေဘယ်ညာ
အပြည့် မနိုင်မနင်းဖြစ်လို့နေပြီ...ချင်းဟွမ်လက်ထဲမှာတော့ချောကလက်
ရေခဲမုန့်လေးတစ်ခုသာရှိတယ်...
သူ့စိတ်ကြိုက်ဝယ်ပြီးပြီမို့ ခုတော့
ရေခဲမုန့်လေးစားရင်း လမ်းအေးဆေး
လေးလျှောက်လို့နေတယ်...
ဘေးနားတစ်လျှောက်က
အော်သံတွေ ကင်မရာမီးရောင်တွေ
ကိုလစ်လျူ ရှုရင်းပေါ့...ချင်းဟွမ်ကုန်တိုက်ထဲစဝင်ထဲက
အနက်ရောင်ရှပ်ပွနဲ့ဂျင်းပြာဒူးဖုံး
ဝတ်ဆင်ထားတဲ့ကြက်တောင်စည်း
ကောင်လေးဟာလူတကာရဲ့
အာရုံကိုဖမ်းစားနိုင်ခဲ့တယ်...
ဒါကြောင့်မနေနိုင်စွာနဲ့ဓာတ်ပုံရိုက်မိ
ကြတယ်...ဝမ်လီခွမ်း သူ့တူအတင်းအပြင်ဆွဲခေါ်
လာမှုကြောင့်ပါလာရတယ်..."လီရန် မင်းလိုချင်တာခုထိမတွေ့သေး
ဘူးလား...၁ဆိုင်ဝင်၁ဆိုင်ထွက်နဲ့
ဘာမှလဲမဝယ်ဘူး...""အာ ဦးလေးရယ် ဟိုဆိုင်တွေ့လား...
ဟိုးမှာ အဲ့ဆိုင်ထဲမှာကျွန်တော်လိုချင်
တာရှိတယ်...""ဟုတ်ရင်ဟုတ် မဟုတ်ရင်ငါပြန်တော့
မယ်...""ဒီဆိုင်နောက်ဆုံးပါ လာပါဗျာ..."
လီခွမ်းလက်ကိုအတင်းဆွဲကာ
ခေါ်လာရပြန်တယ်...
ထိုဆိုင်ထဲမရောက်ခင်ခြေ ၁၀ လှမ်း
လောက်အလိုမှာ အဆတ်မပြတ်လှမ်း
နေတဲ့လီရန်ရဲ့ခြေလှမ်းတွေဟာ
တုံ့ခနဲ့ရပ်တန့်သွားတယ်...
စိတ်မရှည်တတ်တဲ့လီခွမ်းမှာ
မျက်မှောင်ပိုကြုံ့လာရတယ်...လီရန်ဝိညာဉ်အထိန်းချုပ်ခံလိုက်ရ
သလိုဖြစ်သွားပြီးတစ်နေရာကိုလက်ညှိုး
ထိုးပြရင်း..."ဦးလေး ဟိုအရုပ်လေးဝယ်ပေးပါလား..."
လီခွမ်းသူ့တူရဲ့ရူးကြောင်ကြောင်ရုပ်ကို
စိတ်မရှည်စွာကြည့်ရင်းလီရန်လက်ညှိုး
ထိုးပြရာဂရုမစိုက်သလိုတစ်ချက်ကြည့်
ပြီးပြန်လှည့်မလို့ပြင်ပြီးကာမှ
မြင်လိုက်ရတဲ့ပုံရိပ်လေးကြောင့်
အကြည့်တို့မခွာနိုင်တော့ပေ...
YOU ARE READING
Heart attack system
Fanfictionကိုယ့်ကိုယ်ကိုရှောင်ကျန့်ဆိုတဲ့နာမည်ကလွဲပြီး ဘာမှမမှတ်မိတဲ့ကောင်လေးတစ်ယောက်... သူ့ရဲ့တကယ်သရုပ်မှန်ကဘာလဲ...? အတိတ်ကိုပြန်မှတ်မိဖို့systemနဲ့လက်တွဲကာ ကမ္ဘာအသီးသီးမှာmissionတွေထမ်းဆောင်နေရင်း လူတစ်ယောက်နဲ့တွေ့ဆုံခဲ့လေတယ်... ကမ္ဘာတိုင်းကိုလိုက်လာတဲ့ထိုဝ...