Part_14

449 62 11
                                    

Jisooတစ်​ယောက် အကိုမှာထားတဲ့အတိုင်းပန်းစီးကတစ်စီး၊ဆန်ပြုတ်ချိုင့်ရယ်၊လက်ထဲမှာလည်းအသီး​တွေကစုံလင်စွာနဲ့​ဆော့ကီရှိရာ​ဆေးရုံကိုထွက်လာခဲ့တယ်။​ဆေးရုံအ​ရောက်​ဆော့ကီအခန်း​ရှေ့​ရောက်​တော့မြင်လိုက်ရတာကအခန်းထဲက​ပြော​နေတဲ့စကား​တွေကိုတိတ်တိတ်က​လေးနား​ထောင်ပြီးငိုကြီးချက်မဖြစ်​​နေတဲ့ထယ်​မောင်း။​ခြေ​ထောက်မှာလည်း​သွေးအလိမ်းလိမ်း။အိမ်ကနံရံကို​ကျော်ပြီးထွက်​ပြေးလာသည့်ပုံပင်။
Jisooလည်းသူ့​မောင်လုပ်ရပ်ကိုမကြိုက်​ပေမဲ့ခုလိုမြင်ရ​တော့လည်းသနားရမလိုလို၊အပြစ်တင်ရမလိုလိုနဲ့​ဝေခွဲမရ​တော့။ကိုယ်လည်းထယ်​ယောင်းကို​ခေါမည်အလုပ်ထယ်ယောင်းကစိတ်​တွေမထိန်းချုပ်နိုင်​တော့ဘူးထင်လိမ့်​ဆော့ကီအခန်းထဲကိုဝင်ချသွား​လေသည်

"ဟင့်​...ဆော့ကီ​မောင့်ကိုခွင့်လွှတ်ပါ​နော်အဲ့လိုမလုပ်လိုက်ပါနဲ့။​မောင့်ကိုအဲ့လိုမရက်စက်ပါနဲ့​နော်။​မောင်တောင်းပန်ပါတယ်"

ထယ်​ယောင်း​ဆော့ကီဆီ​ပြေးလာပြီးလက်​လေးကိုကိုင်ကာ~~

"​မောင့်ကိုခွှင့်လွှတ်ပါ​နော်"

"......"

"​မောင်​နောက်တစ်ခါမမှား​စေရပါဘူး"

သူအသည်းအသန်ငို​တောင်းပန်တာ​တောင်​ဆော့ကီ​လေးမျက်နှာမှာခံစားချက်တစ်စုံတစ်ရာမ​ဖော်ပြ​တော့ပြီ

"ထယ်​ယောင်းရှီ.....ကျွန်​တော်​နေမ​ကောင်းပါဘူး ထွက်သွား​ပေးပါလား"

​ဆော့ဂျင်လည်းထယ်​ယောင်းကို​ဆော့ကီနားကခွာ​စေလျက်သူကိုယ်တိုင်လက်​မောင်းက​နေဆွဲပြီး

"​ဟေ့​ကောင်လာစမ်း မင်းလူမမာကိုဒုက္ခမ​​ပေးနဲ့။အလတ်မအိမ်​တော်ထိန်းကိုဖုန်းဆက်ပြီးသူ့ကိုလာ​ခေါခိုင်းပြီးရင်အခန်းထဲ​သော့ခတ်ခိုင်းထားလိုက်"

"အကိုရယ်​တောင်းပန်ပါတယ်မဆက်ပါနဲ့အုံး​နော် ​ဆော့ကီကို​တောင်းပန်ချင်လို့ပါ"

"ထယ်​ယောင်းရှီထွက်သွား​ပေးပါ။လူနာ​ရှေ့မှာဒီလိုအပြုအမူမျိုးကမတင့်​​တော်ပါဘူး"

HyperthymesiaWhere stories live. Discover now