Part-1

704 68 5
                                    




    ဆိုးလ်အ​​ဝေး​ပြေးလမ်းမကြီးတယ်​လျှောက်တွင်အရှိန်အဟုန်ပြင်းစွာဖြင့်​မောင်းနှင်​လေ​သောကား​လေးတစ်စီး။ထိုကား​လေးထဲတွင် ​ရန်ဖြစ်စကားများ​နေကြ​သောလင်မယားနှစ်​ယောက်နှင့် စိတ်ထိခိုက်၀မ်းနည်းစွာဖြင့် သူ၏အ​ဖေနဲ့အ​မေအားရန်မဖြစ်ရန်ငို၍​ ​တောင်းပန်​နေ​​​သော အသက်၈နှစ်အရွယ်က​လေး​လေးလည်းပါလာခဲ့​လေသည်။တချိန်ထဲမှာပင် မိုးများသည်းထန်စွာရွာသွန်းထစ်ချုန်း​နေခဲ့​လေသည်။

"ကွားရှင်းကြရ​အောင်Lina"

"ဟက်..! အဲ့​ကောင်မ​ကြောင့်မလား အိမ်​ထောင်​ရေး​ဖောက်ပြန်​​နေတဲ့ ​အောက်တန်းစား​ကောင်ရဲ့။သစ္စာမရှိတဲ့​ကောင်ရဲ့"

"Lina မင်းငါ့ကို ​အောက်တန်းစားမကလို့  ဖာ​ခေါင်းလို့​ပြောလည်းရတယ်။ဒါ​ပေမဲ့မဆိုင်တဲ့လူ​တွေကို​တော့ ဆွဲမထည့်စမ်းပါနဲ့ကွာ"

"Aww....အဲ့တာဆိုရင် ရှင့်ဟာမကသူများအိမ်​ထောင်​ရေးကိုဖြတ်ဆီးတဲ့မိန်းမ​ကောင်းရတနာ​လေး​ပေါ့​နော်။ ​အော်​ဟော်....ရယ်ရလိုက်တာရှင်"

"အိမ်​ထောင်​ရေးတာ၀န်မ​ကျေခဲ့တာဘယ်သူလဲ။ဘယ်သူကအရင်စ​ဖောက်ပြန်ခဲ့တာလဲ။သူများကို​စောက်ပစ်မတင်ခင် မင်းရဲ့​​ဟောဒီက ဦး​နှောက်​သေး​သေး​လေးနဲ့စဥ်းစားကြည့်စမ်းပါ Linaရယ်။"

"အို.. မတတ်နိုင်ဘူးရှင်။ရှင်လို​လူမျိုးနဲ့စပ်မိလို့​ယောက်ျားလားမိန်းမလားမသဲကွဲတဲ့ ဒုက္ခအိုး​လေးကို​မွေးထားရတာ​လေ။ဘယ်နှယ့်​ရှင်.....​​ယောက်ျား​လေးဖြစ်ပြီး​မွေးကတည်းကသားအိမ်ပါလာတယ်တဲ့။ကျွန်မအသိုင်းအ၀ိုင်းကြားမှာမျက်နှာငယ်ရတာ​တွေ၊အမျိုး​တွေက၀ိုင်းနှိမ်တာ​တွေ။ဒီလိုက​လေး​ကြောင့်ကျွန်မအကိုCEOရာထူးရသွားတာလဲထည့်​ပြောပါအုန်း။ကျွန်မကအသိုင်းအ၀ိုင်းကြီးထဲကဆိုတာကို​တော့ရှင်​မေ့မ​နေပါဘူး​နော်။"

"အဲ့တာ​ကြောင့်..ဟိုJack Sonဆိုတဲ့​ကောင်နဲ့ဆက်ဆံပြီးက​လေးရ​​အောင်ကြိုးစား​နေတာလား Mr .Lina . မင်းမိခင်တစ်​ယောင်မဟုတ်ဘူးလား။အဲ့က​လေးကမင်းဗိုက်ထဲကပဲထွက်လာတာ မင်းကိုယ်တိုင်မွေးထားတာ။ဒီတိုင်း​ရောက်ချလာတာမဟုတ်ဘူးကွ ။ငါတို့ရဲ့က​လေးက သူအိမ်ပါသည်ဖြစ်​စေ နူ​နေသည်ဖြစ်​စေ ​ငါတို့ကမိဘ​တွေမို့လို့ကျွေး​မွေး​စောင့်​ရှောက်ပြီးချစ်​ပေးရမဲ့တာ၀န်ရှိတယ် အဲ့တာကိုမင်းနားလည်လား။"

HyperthymesiaWhere stories live. Discover now