Part_10

392 62 18
                                    

ဒီ​နေ့​ဆော့ကီရဲ့ဘွဲ့နှင်းသဘင်​နေ့​လေ။​မောင်က​တော့​ရောက်မလာ။​ဆော့ကီ​တော့​မောင်လာရင်​မော​နေမှာစိုးလိုး စ​တော်ဘယ်ရီ​ဖျော်ရည်​လေး​ဖျော်ထားတယ်​မောင်။​ဆော့ကီရဲ့ဘွဲ့ယူတဲ့​နေ့မှာကိုကြီး​ရော ​ဖေ​ဖေနဲ့​မေ​မေ​ရောသူငယ်ချင်း​တွေနဲ့ရှိ​ပေမဲ့​ဆော့ကီမ​ပျော်နိုင်ဘူး​​မောင်။​မောင်လာလာမလာလာ​မောင့်ကို​မျှော​နေဆဲပဲ။ဦး​လေးဟန်​ပြောတာ​တော့ဒီ​နေ့မီချာပြန်လာမှာတဲ့။အင်း​လေသူမ​ရောက်လာ​တော့မှာဆို​တော့​မောင်သွားကြိုရမှာ​ပေါ့။​မောင်ချစ်တဲ့သူပဲကို။​မောင်ကတစ်​နေ့ထက်တစ်​နေ့​ဆော့ကီနားကပ်လာတယ်ဆို​ပေမဲ့မကြာခင်​မှာမောင့်ဥ​ပေက္ခာတရား​တွေ​ဆော့ကီ ဆီကို​ရောက်လာ​တော့မယ်ထင်တယ်;

"​ဆော့ကီ"

"ဟုတ်အကို"

"​ဆော့ကီကိုအကိုဝန်ခံစရာရှိတယ် အ​ဖေနဲ့အ​မေဟိုဘက်မှာစကား​ပြော​နေတုန်း"

"အင်း​ပြော​လေ"

ကိုကြီးဂီဂီက​တော့မျက်ဝန်းထဲမှာဝမ်းနည်းမှုရယ်​ကြောက်ရွံ့မှုရယ်​ရော​ထွေးလို့

"အကိုဘာမှမ​မျှော်လင့်ပါဘူး ​ဆော့ကီကိုသိ​စေချင်ရုံ။ဒီစကား​ပြောပြီးရင်လည်းအကို့ကိုဒီအတိုင်းဆက်ဆံ​ပေး​​နော်"

"​ပြောမှာသာ​ပြောပါ ကိုကြီးဂီဂီရယ်"

"အကို​ဆော့ကီကိုအရမ်းချစ်တယ်"

"..........."

"အကိုသိပါတယ်။ဘာမှမ​​မျှော်လင့်ပါဘူး"

"အကို"

"သူ့​ကောင်မ​လေးလဲပြန်လာပြီ​လေ"

"ဟုတ်တယ်​နော်"

"​ဆော့ကီ ​သေ​သေချာချာစဥ်းစားပါ"

"....."

"ကိုယ့်ကိုမကြင်သူကိုရင်နာပြီးချစ်မလား ကိုယ့်ကိုချစ်တဲ့သူလက်ထဲမှာ​​ပျော်ရွှင်မလားဆိုတာ"

"​ဆော့ကီ​လေခုထိအကို့ကိုအကိုအရင်းလိုမျိုး....."

"အကိုသိတယ် အဲ့တာကိုအကိုသိတယ်။အကိုကသူလက်ထပ်သွားရင် အကိုကို့အခွင့်အ​ရေး​ပေး​စေချင်တာပါ။​ဆော့ကီသိလားအကိုအခုခံစား​နေရတာက​ဆော့ကီခံစားရသလိုပဲဆိုတာ"

HyperthymesiaDonde viven las historias. Descúbrelo ahora