General Sean's Wang
Part 1
ပီပေါ....ပီပေါ....ပီပေါ.... ထိုးဆိုက်လာတဲ့ လူတင်ကားသံတွေနဲ့ လူနာတွေကို အသက်လုကယ်ဖို အသင့်ဆောင်နေကြတဲ့ ဆရာဝန်တွေရယ် သူနာပြုတွေရယ် ဆေးရုံဝန်ထမ်းတွေမှာ လဲ လူနာတင်ကားထိုးရပ်လာတာနဲ့ လူနာတွေကို ခွဲစိတ်ခန်းထဲ မရောက်ခင် အသက်မဆုံးရူံးရလေအောင် အားသွန်ခွန်ဆိုက် ရုန်းကန်နေကြရတယ်....
ထိုထဲမှာ ဆရာဝန် တစ်ယောက်ဟာဆိုရင် လှည်းပေါ်မှာတင် နှလုံး နူံးရပ်သွားတဲ့သူကို လှည်းပေါ်တက် လူနာခွကာ နှလုံးကို လက်နှစ်ဖက် ကျစ်ကျစ် ဆုပ်လို့ နုလုံးခုန်နူံးတက်လာအောင် လုပ်နေလေရဲ.......
.....ဒီလူနာ ကို Dr wang ပဲဝင်ပါစေတော့ OR2 အဆင် သင့်ပြင်ထားပါ...
ဒုဆေးရုံအုပ်က ရောက်ရှိလာတဲ့ လူနာတွေနဲ့ ဆရာဝန်ကို တာဝန်အသီးသီးခွဲပေးနေသလို သူကိုယ်တိုင်ကလည်း နဖူးပေါက်သွားတဲ့ လူနာကို ချုပ်ပေးဖို့ပြင်လေတယ်.....
အရာရာ အားလုံး အတည်တကျဖြစ်သွားပေမယ့် ကျောက်ကပ်နဲ့ အသည်းကြား သံချွန်ဆိုက်သွားသော Dr wang ဦးဆောင်နေတဲ့ ခွဲစိတ်ပေးနေတဲ့ ခန်းကတော့ ယခုအချိန်ထိ အခြေအနေစောင့်ကြည်နေရစဲ.....ထိုလူက တခြားသူမဟုတ် ဆောက်လုပ်ရေးဝန်ကြီး ထိုကြောင့် ထိုသူက ယခုအချိန် အသက်အန္တရာယ်လွှတ်ဖို့သာ ဆုတောင်းရင်း ဒုဆေးရုံအုပ်တို့အဖွဲ ခွဲခန်းရှေ့တွင်စောင့်ဆိုင်းနေကြသည်.....ထိုဝန်ကြီးကို ခွဲစိတ်ပေးနေသော သူမှာလည်း အခြားသူမဟုတ် ခွဲစိတ်ရာတွင် အလွန်တော်လွန်းသူ Dr wang သူကို ဆေးရုံကပေးထားတဲ့ ဘွဲက ပါရမီရှင်....
ဖွင့်လှစ်လာတဲ့ ခွဲခန်းတံခါး ရဲ့အနောက်က Dr.Wang ရဲ့ မျက်နှာကို အကဲခတ်စောင့်ကြည့်နေကြတဲ့ ဆေးရုံအုပ်နဲ့ လက်ထောက်ဆရာဝန်တွေ အားလုံးမှာ Dr.Wang ရဲ့ အဆင်ပြေတယ်ဆိုတဲ့ ခေါင်းတစ်ချက် ငြိမ်ပြချင်းနဲ့ အတူ အသက်ရူဖို့သတိရကြတယ်.....
......အရမ်းတော်ပါတယ်.....Dr.Wang...ကဒီဆေးရုံရဲ့ ဂုဏ်ကို ထိန်းပေးခဲ့တာပဲ... နားလိုက်ပါဦး
Y.......မခံယူဝံပါဘူး....ဒါဆို ကျွန်တော်ကို ခွင့်ပြုပါဦး
......Dr.Wang ဧည့်တွေ အဆောင်ကိုအမြန်သွားပါ.....