part 2

2.1K 176 12
                                    

General Sean's Wang
Part 2

......ဆရာရှောင်း ဒေါက်တာတို့ အဖွဲ တပ်စုထိပ့်ရောက်ပါပြီ

X........ကောင်းပြီ ပစ္စည်း တွေ နေရာသေချာ ချပေးလိုက်...ခဏနေ လာခဲ့မယ်

ရိပေါ တပ်စု ဝန်းထဲရောက်တော့ အားလုံး သစ်လုံးတွေနဲ့ တည်ဆောက်ထားတဲ့ လုံးချင်းအိမ် သေးသေးလေးတွေထဲ  နေရာချပေးတယ်.......

ဒီနေရာ ဟာ နယ်စပ်ဒေသဖြစ်ပြီး အတော်ပင် အေးတဲ့ ရာသီဥတုဖြစ်တယ်.....

ရိပေါတို့ကို နှစ်ယောက် တစ်စုဆီ အိမ်လေးတွေမှ နေရာချထားပေးတယ်....သူနာပြုလေးယောက်က တော့ ခပ်ကျယ်ကျယ် အိမ်လေးရတာမို့ လေးယောက်စုနေကြတယ်....ဒေါက်တာဟန်နဲ့ ဒေါက်တာဟွေ့နဲ့ အတူနေပြီး ဆရာဝန်မ လိန်လိန်းတို့က နှစ်ယောက်တစ်ဆောင်ရပြီး ရိပေါက တော့ အဒီးနဲ့ အတူ နေဖို့ဖြစ်လာတယ်.....

......ဒေါက်တာ တို့ စုရပ်မှာ ခဏလေးစုပေးကြပါ.... ကျွန်တော်တို့ ဗိုလ်ကြီး က ပြောစရာလေးတွေရှိလို့ပါ....

ရိပေါတို့ လူစုရပ် နေရာသွားတော့ တပ်စုထဲက ရဲဘော်တွေကတော့ စနစ်တကျတန်စစီ ထားကျလေရဲ့....

.......အလေးပြု!!!

ကျယ်လောင်စွာ အလေးပြုသံ အဆုံးမှာ စုရပ်ရှေ့ကို လျှောက်လှမ်းလာတဲ့ ဝတ်စုံအပြည့်နဲ့ ဗိုလ်ကြီး တစ်ယောက်.....အရပ်မောင်းအတော်ပင်ကောင်းပြီး ကျစ်လစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့လူက ယူနီဖောင်းနဲ့ တကယ်ကို လိုက်ဖက်လွန်းပြန်တယ်.....

X..........အားလုံးကိုမှာချင်တာရှိတယ်....ဒါဟာ...တပ်စုမှရှိတဲ့ ရဲဘော်တွေ တာဝန်ကျရာ နေရာကို ပိုမိုထိရောက်စွာလုပ်ဖို့ပဲ......ပြီးတော့ အနီးနားကရွာ.ဆယ်ရွာကျော်က ကျုပ်တို့ကာကွယ်ပေးထားနေရတယ်ဆိုတာ.မမေ့ပါနဲ့.....နောက်တစ်ခု အခုရောက်ရှိလာတဲ့ ဆရာဝန်တို့အဖွဲက ရွာအသီးသီးကို ဆေးကုသပေးတဲ့အခါ တပ်စုထဲက ရဲဘော်တွေက လိုအပ်တာတွေကို ကူညီဖို့လိုက်ပေးရမယ်......တာဝန်ချထားရေးကိုတော့ တပ်ရေး စီးရန် ကိုတာဝန်ပေးထားတယ်....မကြာခင် စာကပ်ပေးလိပ့်မယ်......

ရိပေါ စကာစလုံးတွေကိုအထစ်အငေါ့မရှိ တိကျပျက်သားစွာပြောကြားနေတဲ့သူကို သေချာစိုက်ကြည်နေမိတယ်....သေသပ်ပိရိတဲ့ နူတ်ခမ်းပါးက ထွက်ကျလာတဲ့ စကားတွေက အမိန်သံတွေလား သေချာပေါက်နားထောင်ချင်စိတ်ဖြစ်ပေါ်စေတဲ့ အသံတွေလား

General Sean's Wang Zhanyi Zsww (Completed) Where stories live. Discover now