part 10

1.8K 140 2
                                    

General Sean's Wang

Part 10

.....ဆရာရှောင်း ရွေ့ပြောင်းတပ်သားတွေ ရောက်လာပါပြီ

X.......အင်း တန်းစီခိုင်းလိုက်

တပ်စုအားလုံးတန်းစီတော့ တပ်စုရဲ့တစ်ဦးသော အပြင်လူ ရိပေါမှာလည်း တန်းစီးတဲ့ မကမ်းမလှမ်းနားလေးက သစ်ပင်အောက်ထိုင်နေလိုက်တယ်...

တန်းစီတဲ့ တပ်သားတွေဆီ လှမ်းလျှောက်လာတဲ့ တကယ်ကိုချောမောခန့်ညားလွန်းတဲ့ ရှောင်ကျန့်ကို ရိပေါ မျက်တောင်မခတ်တန်း ငေးမိတာ အမှန်ပင်...... ထိုကဲ့သို့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး ဖြစ်တဲ့ ဗိုလ်ကြီး ရှောင်းက မိမိကို ချစ်ရေးဆိုထားသူဖြစ်ကြောင်းတွေမိတော့နည်းနည်းတောင် ဘဝင်မြင်ချင်မိတယ်.....

ရိပေါ လှမ်းကြည်နေတုန်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ တပ်စုနဲ့ တပ်သားတစ်ယောက်ကို အပြစ်ဒဏ်ပေးနေတဲ့ တပ်ကြပ်စီးရန် ရယ် အသက်မဲ့ သူတစ်ယောက်လို ထိုတပ်သားကိုသာစူးစူးစိုက်စိုက်ကြည်နေတဲ့ ဗိုလ်ကြီး ရှောင်းရယ်.....ရိပေါ ကြည်နေတုန်းမှာပင် ထို တပ်သားက စုရပ်ကွင်းကို ပတ်ပြေးနေခြေပြီ......ဗိုလ်ကြီး ရှောင်းကလည်း တပ်စုကို မှာ စရာရှိတာ မှာနေပြီ..... အခြေအနေအားလုံးတည်တည်ငြိမ်ငြိမ်ပြီးသွားတာမို့......ရိပေါ လည်း ထိုနေရာမှ ထထွက်လာလိုက်တယ်....

ဘာဖြစ်သွားတာလဲ ဆိုတာကိုတော့ ဖန်းရှင်းနဲ့ ဆုံမှ မေးဖို့ စဉ်စားထားလိုက်တယ်

ရိပေါ တို့ရွာထဲကိုသွားဖို့ အစီအစဉ် ဆွဲထားမို့ ရှောင်ကျန့် တာဝန်ခွဲပေးမယ့် တပ်သားတွေကိုစောင်နေလိုက်တယ်.....

ရိပေါ ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပြီးစောင့်နေတုန်း ရိပေါ ရီရာ ဆေးကုသဆောင် ရဲ့ ဆေးထားရာနေရာကို ရောက်လာတဲ့ တပ်သားတစ်ယောက်.....

........ဒေါက်တာ ဝမ်ရိပေါမဟုတ်လား

Y........ဟုတ်ပါတယ်.....ဘယ်သူလဲ မသိဘူး ကျွန်တော်ကိုသိတာလား

......ကျွန်တော်ကို မသိဘူးတာ မဆန်းပါဘူး ဒါပေမယ့် ကျုပ်ကတော့ ဒေါက်တာကိုသိတယ်

Y........

.........ကျွန်တော်နာမည် လင်းဝေ့ အရင်ကတော့ တပ်ကြပ် ပေါ့ အခုတော့ ရာထူးချခံရပြီး ဒီရောက်လာတာ

General Sean's Wang Zhanyi Zsww (Completed) Where stories live. Discover now