part4

1.5K 147 5
                                    

General Sean's Wang

Part 4

ရိပေါတို့ ရွာ တစ်လုံး နီးပါး ဆေးကုသစမ်းသပ်ဖို့ လူခွဲပြီးလုပ်ကြတယ်....

.....Dr တို့ အခုရွာက သေးပေမယ့် လူခြေများတယ် တစ်နေ့ထဲ ပြီးပါ့မလား

Y........အရင်ဆုံး စုရပ်ကို လူကြီး အိမ်ထားပြီး အရင် လာရောက်နိုင်သူတွေကို စစ်ဆေးပေးပြီး နောက်တော့ နေလည်နားပြီး မလာနိုင်တဲ့ သူတွေရဲ့ အိမ်ကိုသွားကြတာပေါ့

.......ကျွန်တော်တို့ကော ဘာကူပေးရမလဲ

Y........ရွာထဲ သွားပြီး အိမ်ကနေမလာနိုင်တဲ့ သက်ကြီးရွယ်အို စာရင်း ကို နှစ်ယောက်လောက်ကောက်ပေးနိုင်မလား

.......ရပါတယ် Dr.   ကျွန်တော် တို့နှစ်ယောက် သွားကောက်ပေးမယ်.....

ရိပေါတို့ အခုရောက်နေတဲ့ရွာက ရှောင်ကျန့်တို့ တပ်စုရဲ့ တောင်အောက်ဘက်ရွာဖြစ်တယ်....ဒေါက်တာ ဟန်တို့ ကရှေ့တစ်ရွာ ဖြစ်တယ်....ရိပေါတို့ကတော့ ရွာလမ်းမတန်းလို့ဆိုရမယ့် သူကြီးအိမ်ရှေ့က ကွင်းပြင်ကျယ်ကြီး မှာ ယာယီရွတ်ဖျင်တဲလေးတွေ ထိုးကာ ဆေးစစ်ပေးကြတယ်

ရိပေါတို့ ဆေးကုသပေးနေတာ ညနေ့ထမင်းစားချိန်ရောက်ခါနီးတော့ ခဏတစ်ဖြုတ်နားကာ အားလုံးစကားစမြည်ပြောနေကြတုန်း ရိပေါ နေရာလမ်းမတန်းကနေ ဖျက်သွားတဲ့ တပ်စုက ယာဥ်တန်းနှစ်စီး....

အရှေ့က အမိုးဖွင့်ဂျစ်ကားလေးရဲ့ ကားမောင်းသူဘေးမှာ နေကာမျက်မှန်အနတ်ရောင်တပ်ကာ ဝတ်စုံ အပြည်နဲ့ လိုက်ပါသွားသူက တပ်စုရဲ့ အုပ်ချုပ်သူ ဗိုယ်ကြီးရှောင်း ဆိုတာ ပြောစရာမလိုအောင် ထိုလူ့ရုပ်သွင်က ထင်ထင်ရှားရှား ပေါ်လွင်ကြည်ကောင်းလှတယ်....အနောက်က တပ်စုသုံး အမိုးဖွင့် ကားကြီးနောက်မှာ လိုက်သွားတဲ့ တပ်သားတွေကလည်း အယောက် ၂၀ ခန့်နှင့် အရှိန်ပြင်းပြင်းမောင်းနှင်သွားတာမို့ ရိပေါတို့ အဖွဲသားတွေ ငေးကြည်မိတယ်

နားမလည် နိုင်ချင်းများစွာနဲ့ ငေးကြည်နေတဲ့ ဆေးတစ်ဖွဲလုံးရဲ့ အတွေးကို​က ရွာကလူကြီးတွေရဲ့ စကားကြောင့် ချက်ချင်းသဘောပေါက်လိုက်ကျတယ်

General Sean's Wang Zhanyi Zsww (Completed) Where stories live. Discover now