General Sean's Wang
Part 3
ရိပေါတို့ ရောက်ပြီး တစ်ရက်လုံးလုံးနားလိုက်ကြတယ်...ဒီညက ရိပေါတို့ ဆေးအဖွဲကို ကြိုဆိုပွဲ ညမို့ အားလုံး မျက်နှာမှာ အပြုံးလေးတွေနဲ့.....နီးစပ်ရာရွာတွေက လူကြီး အချို့ပါ လာကျတာမို့ ပွဲလေးက ပိုစည်းကားတယ်....ဝတ်တစ်ကောင်လုံးကို ကြင်ထားပေးကာ ကြက်သားကင်နဲ့ ငါးကင်များကို လဲ ပြင်ဆင်ထားပေးတယ်.....ခေတ်မှီ အစားအစာတွေ မရှိသလောက်ရှားပေမယ့် သဘာဝထွက် အစားအစာတွေကတော့ တကယ်ပို ပေါပေါများများရှိပြန်တယ် အသီးအနှံတွေကို ကိုယ်တိုင်စိုက်ပျိုးကျပြီး အသားအတွက်လည်း ကိုယ်တိုင် မွေးမြူကျတာမို့ တကယ်ကို လက်လက်ဆက်ဆက် စားရတယ်......တပ်စုက လည်း ကိုယ်တိုင် စိုက်ပျိုးမွေးမြူရေးခြံလုပ်ထားကာ အလှည့်ကျ ထို ခြံကို အဖွဲလိုက် နေတိုင်းလုပ်ကျတယ်.......
X......ဒီညတော့ အားရပါး ဆင်နွဲကြပါ....တာဝန်ကျသူတွေကတော့ မနက်ဖြန် မှပေါ့....
Drဟန်....ကျေးဇူး ပါဗျာ အခုလို ပွဲကြီး စီစဉ် ပေးလို့....
X.......အသားတွေက ဘေးနားက ရွာတွေက ပို့ပေးထားတာပါ
......မဟုတ်တာ ဆရာရှောင်းရာ ဆရာရှောင်းပြင်ပေးထားတဲ့ ဝတ်တစ်ကောင်လုံး ကင်နဲ့တင် ကျွန်တော်တို့ပို့ထားတာ ဘာမှ မဟုတ်ပါဘူးဗျာ.... ဟုတ်တယ်မလား ကျုပ်ပြောတာ
...ဟုတ်တာပေါ့...ဟားဟား
ရွာသူကြီးတစ်ယောက်က အရွှန်းထဖောက်တာမို့အားလုံးက ထောက်ခံကာ ပွဲကျနေလေရဲ့
Dr ဟန်.......ဗိုလ်ကြီး တပ်ရင်းစုက လူ ရာကျော်လောက်ပဲ ရှိမယ်နော်
X.......ဟုတ်တယ်ဗျာ နယ်စပ် ကာကွယ်ရေးတပ်ဆိုတော့ တပ်စုအင်အားက မများဘူး....လိုအပ်ရင်တော့ ဗဟိုက အင်အားဖြည့်ပေးပါတယ်
Dr ဟွေ့........ကျွန်တော်တို့က တော့ မနတ်ဖြန်ကနေစပြီး ဆေးကုသဖို့ ရွာတွေကို ကွင်းဆင်းချင်ပြီဗျ
X.......ကျွန်တော် တပ်ရေးကြီးကိုပြောထားပြီးပါပြီ တာဝန်ကျရဲဘော်တွေကပု လိုက်ပါပေးမယ်....
Dr ဟန်..... ကျေးဇူးပါဗျာ ကျွန်တေယ်တို့ကို အထူးဂရုစိုက်ပေးလို့