part 7

1.4K 133 4
                                    

General Sean's Wang

Part 7

ရှောင်ကျန့်တို့ ညအမှောင်ထဲ လရောင်ကို အားကိုးကာရွာ အနီးစပ်တစ်ဝိုက်နားကို ဝိုင်းထားလိုက်တယ်......ရှောင်ကျန့်ရဲ့ အချက်ပြ မူကြောင့် အစောင့်အနေနဲ့ ရွာနားချထားတဲ့ ကောင်တွေကို တပ်သားတွေက အသံတိတ် လက်စသတ်နေကြတယ်..

X.......ဒေါက်တာတို့အဖွဲက တပ်ကြပ် စန်းရီ နဲ့ နေခဲ့ပါ အချက်ပြမီး ပြမှ ရွာထဲကိုဝင်ပါ အခု ဒီနေရာမှာပဲ နေခဲ့ကြပါ

ရှောင်ကျန့် ပြောရင်းနဲ့ တစ်ရွေ့ရွေ့ တပ်သားတွေနဲ့ အတူ ရွာရဲ့ အိမ်ခြေတွေ ချင်းကပ်တယ်....

...တိတ် ဆိတ်တဲ့ ညအလယ်မှာ ထွက်ပေါ်လာတဲ့ ကလေးလေး တစ်ယောက် ငိုသံက ကြားသူတွေအဖို့ စိတ်မသက်သာဖွယ် အတိ

.......အား ပါးပါးကိုမရိုက်ကြပါနဲ့.... သားတောင်းပါတယ်....ကျဲကျဲ ကို ကိုခေါ်လို့မရတော့ ဘူးပါးပါး.....

.....ဖြောင်း ဖြောင်း.

....အား ကြောက်ပါပီ မရိုက်ပါနဲ့

....အော်ဦးမလား

......မအော်တော့ပါဘူး....အီးဟီး ပါးပါး

....တောက် ဒီ သောက်ကလေး နားညီးတယ် အပြင်ခေါ်ပြီး ရှင်းလိုက်ကြစမ်း

ရှောင်ကျန့်တို့ လည်း ထိုအသံကြောင့် ထွက်လာတဲ့ လူကို ပစ်မှတ်ထားပြီး ကလေးငယ်ကိုက လေးငယ်ကို မထိခိုက်အောင် ရှောင်ကျန့် အသံတိတ် လက်ဖြောင့်သမားကို အချက်ပြကာ ထိုလူကို ချိန်ရွယ်ထားတယ်....

ရိပေါကတော့ မနေနိုင်စွာ စိတ်တွေ လူပ်ရှားနေတယ်....တကယ်ဆို ရိပေါတို့ နေရာ ရှောင်ကျန့်တို့ထက်စာလျှင် အနည်းငယ် ကလေးငယ်ရှိတဲ့နေရာထင်ပိုဝေးသည်.....ထိုလူက ခါးကြားထဲက သေနတ်ထုတ်လိုက်တာ  နဲ့ ရိပေါ မျက်လုံး ကပျူးခနဲဖြစ်ကာ မည်သူမှ တားချိန်မရ ရိပေါက အကွယ်နေရာက ပြေးထွက်ကာ ကလေးငယ်ရှိတဲ့ နေရာကိုသွားသည်.....

ထိုလူကရိပေါပြေးလာတာမြင်တော့ ရိပေါဘတ်ကို သေနတ်ပြန်ပြောင်းချိန့်တော့ အကွယ်တစ်ခုမှာနေနေတဲ့ ရှောင်ကျန်က အလယ်ကနေ ဖျက်ကာခံတော့

.....ဒိုင်း...

.....ဖောက်....

သေနတ်သံ နှစ်ချက်နဲ့ အတူ ထိုလူက ရှောင်ကျန်တို့ဘတ်က လူကြောင့် ခေါင်းပွင့် သွားသလို....ရှောင်ကျန့်ရဲ့ ခါးစောင်နားကလည်းသွေးတွေ မြင်မကောင်း အောင် စီးလာသည်......ရှောင်ကျန့်က ခါးနားကနေ ကျဥ်က ဖျက်ထိသွားသည်...

General Sean's Wang Zhanyi Zsww (Completed) Where stories live. Discover now