အပိုင်း၁

10.4K 376 4
                                    

ချမ်းသာရပ်ကွက်တစ်ခုမှာ တိတ်ဆိတ်နေသလောက် ရတနာဆိုတဲ့စံအိမ်ကတော့ ဆူညံနေတာပေါ့။
"!!ထွက်သွား..အကုန်ထွက်သွား ဘယ်သူမှမလိုအပ်ဘူး..အရင်ကအတိုင်းပစ်ထားလိုက်!!"
"သား အမေတို့တောင်းပန်ပါတယ်။စီပွားရှာနေတော့ သားကိုဂရုမစိုက်ခဲ့မိဘူး"
"ဟက် အရင်တုန်းကဆိုရင်တော့ လက်ခံချင်လက်ခံလိမ်မယ်။အခုတော့ ခင်ဗျားတို့ကို အလိုမရှိတော့ဘူး"
"သားရယ် အဖေတို့တောင်းပန်ပါတယ်"
"သွားစမ်းပါ အပိုစကားတွေ ပြီးတော့ နောက်နေ့ ခင်ဗျားတို့လင်မယားနှစ်ယောက်လုံးကို ဒီအိမ်မှာမမြင်ချင်ဘူး။ဒီအိမ်က ကျုပ်အိမ် ကျုပ်ပိုင်တာ ခင်ဗျားတို့တက်နေစရာမလိုဘူး"
"သား အမေတို့ကမင်းမိဘတွေပါ။"
"အို..မိဘလား ဘာလို့ကျုပ်ကမသိတာပါလိမ်။ဟက် ကျောင်းက မိဘတွေဆုံပွဲခေါ်တုန်းက ခင်ဗျားတို့မိဘနေရာကရှိခဲ့ဘူးလို့လား။အဲ့ဒီအချိန် ကျုက်တစ်ယောက်ထဲ တခြားသူတွေ မိဘတွေကိုယ်စီပျော်နေတဲ့အချိန် ကျုပ်က အားငျခဲ့ရတာကိုရော သိလို့လား။ဘယ်တော့ဖြစ်ဖြစ် မအားလို့ပါဆိုတဲ့ဆင်ခြေနဲ့ ကျုပ်နဲ့ဘယ်တုန်းက အတူရှိနေခဲ့ဘူးလို့လဲ"
"သား..."
အဲ့လိုပြောနေတဲ့ကောင်လေးကတော့ ရတနာစံအိမ်ရဲ့ အရှင်သခင် လွင်ပြင်ကျယ်ဆိုတဲ့ကောင်လေးပေါ့။အသက်က၂၅နှစ်နဲ့ မလိုက်အောင် တောင့်ဖြောင့်တဲ့ကိုယ်နဲ့ အားကစားလုပ်တာကြောင့် ခန်ဓာကိုယ်က ရင်အုပ်ကျယ်ပြီး အရပ်ကလည်း ၆'၂" ရှိပြီး မျက်ခုံးကလည်း ထူထပ်ကာ မျက်ဆံက မဟူရောင်ပုံစံရှိသတဲ့။လွင်ပြင်ဆိုတဲ့သူက စိတ်ရောဂါရှိတယ်လို့မထင်ရအောင် လူကောင်းပုံစံအတိုင်းပဲပေါ့။ဒါပေမယ့် သူစိတ်ရောဂါဖောက်တဲ့အချိန်ကတော့ ဒေါသထွက်တဲ့အချိန်ပေါ့။ဒေါသထွက်တဲ့အချိန်ဆိုရင် ဘာမှမသိအောင်ကို ဖြစ်သွားတာပေါ့။
"ကဲ ယောက်ကျား သွားရအောင်။သား အမေတို့ကိုမမြင်ချင်ရင်တောင် မနက်ဖြန်တစ်ရက်လောင်တော့သည်းခံပေးပါ ဒီနေ့တော့ အမေတို့ဒီမှာပဲနေမယ်။နောက်နေ့ကျရင် သားမမြင်စေရဘူး စိတ်ချနော်"
"သဘောပဲ မနက်ဖြန်တော့ သေချာပေါက် ထွက်သွား"
"အင်းပါ"
လို့ ဒေါ်လွင်ပြင်မြူက သူ့ခင်ပွန်းကို လက်ကဆွဲက အပြင်ကိုခေါ်ထုတ်သွားတော့တယ်။
"ကို ဘယ်လိုလုပ်ကြမလဲ"
"ကိုလည်း မသိတော့ပါဘူး မြူရယ် သားက ကိုတို့ကို စိတ်နာနေတာပဲ"
"အင်း မြူတို့ကလည်း ဂရုမစိုက်ခဲ့ကြဘူးလေ။သားလေးစိတ်နာတာ ဖြစ်သင့်ပါတယ်"
"အင်း သားကိုဘယ်လိုစီစဥ်ပေးရင်ကောင်းမလဲ"
"မြူကတော့ nurseဌားရင်ကောင်းမလားလို့"
"အင်း မြူသဘောလေ။လောလောဆယ် အလုပ်သွားရအောင်။ရုံးကကောင်တွေက ကိုအဲ့ဘက်ကို ဂရုမစိုက်အားလို့လွှတ်ထားတာကို လုပ်ချင်တိုင်းလုပ်နေကြတယ်။အဲ့ဒါ အပြစ်နည်းနည်းသွားပေးမလို့"
"အင်းပါ မြူလည်းလိုက်မယ်လေ"
"သွားမယ်လေ။
"အင်း ခဏဒါဆို သားအတွက်ကြောငြာစာကပ်လိုက်တော့မယ်နော် "
"အင်းမြူသဘော"
ဆိုပြီး လင်မယားနှစ်ယောက်ထွက်သွားတာကို ပြတင်းပေါက်ကြည့်နေတဲ့ကောင်လေးကိုတော့ မမြင်လိုက်ကြဘူးပေါ့။
††††††††††††††††††††††††††††††††††††††††††††††††††††††††††††††††
အေးချမ်းတဲ့ရပ်ကွက်လေးရဲ့ အိမ်လေးတစ်အိမ်မှာတော့ ရယ်မောနေကြတာပေါ့။အဲ့ဒီလူတွေကတော့  တိမ်တိုက်နဲ့ တိမ်တိုက်အမေ တိမ်တိုက်သခင်လို့အမည်ရတဲ့သူနှစ်ဦးပေါ့။
"အမေ တိမ်တိုက်က လက်မှတ်လည်းရပြီးပြီဆိုတော့ ဆေးခန်းလေးဖွင့်ရင်ကောင်းမလားလို့"
"သား သားရယ် မလုပ်ပါနဲ့လား။သား အသားရည်လေးတွေက နူးညံ့နေတာ နေပူထဲထွက်လုပ်ရင် ..
မဖြစ်ပါဘူး မလုပ်ပါနဲ့"
"အမေကလည်း တိမ်တိုက်က မလုပ်ရင် လက်မှတ်ရထားတာကအလကားဖြစ်မှပေါ့"
သူမသားလေးက အရမ်းလှတယ်။ကိုယ့်သားမလို့ပြောတာမဟုတ်ဘူး အသားရည်ကလည်း နူးညံ့နေတာ။အရပ်ကလည်း ၅'၅"ပဲရှိတယ်။မွေးထဲက အသားရည်က တစ်ခုခုထိခိုက်မိလို့ ဒဏ်ရာရတာအသာထားအုံး သူမပါးလေးကိုဆွဲရင်တောင် ပါးမှာလက်ရာကြီးကျန်ခဲ့တာ အခုချိန်ထိပဲ အသက်ကဖြင့်၂၃ရှိနေပြီ။အဲ့ဒါကြောင့် သားကို ဘယ်မှာမှအလုပ်မလုပ်စေချင်

"သားရယ် မလုပ်ပါနဲ့လား အမေစိတ်မချဘူး"
"ခစ်ခစ် မေမေကလည်း တိမ်တိုက်က နေပူထဲလုပ်မှာမှမဟုတ်တာ"
"တစ်ကယ်နေပူထဲမလုပ်ဘူးလား"
"အင်း ဒါပေမယ့် စဥ်းစားတုန်းပါ ဖွင့် ရင်ကောင်းမလားလို့"
"ကဲပါ လာထမင်းစားကြရအောင်"
တိမ်တိုက်တို့လည်း ထမင်းစားပြီသွားတော့
" အမေ အိပ်တော့နော်"
"အင်း သားလည်းအိပ်တော့"
"ဟုတ်ကဲ့ "
လို့ပြောပြီးတိမ်တိုက်က ၀ရံတာထွက်ကာ လေညှင်းခံနေလေရဲ့။မကြာပါ ဖုန်းသံမြည်တာကြောင့်ကြည့်လိုက်တော့ နှစ်ယောက်မရှိတဲ့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းလေး။
"ပြော စကြာ"
"မင်း ဆေခန်းဖွင့်မလို့ဆို"
"ဟင် မြန်လိုက်တဲ့သတင်း အမေပြောပြတာမလား"
"အေး မင်း ဆေးခန်းဖွင့်ဖို့ဆိုတာမလွယ်ဘူးနော်"
"အင်း ငါလည်း မသေချာသေးပါဘူး"
"ဒါဆိုငါ အလုပ်တစ်ခုတွေ့ထားတယ်မင်းလုပ်မလား"
"ဘာအလုပ်လဲ"
"ကလေးထိန်း"
"ဘယ်နှနှစ်လဲ"
"၂၅"
"ဟင် အဲ့ဒါကလေးမှမဟုတ်တာ"
"သူကစိတ်ရောဂါဖြစ်နေတာတဲ့"
"ဟင် သနားပါတယ်နော်"
"ကဲ မောင်မင်းကြီးသားရေ နောက်မှသနား မင်းလုပ်မှာလား"
"ငါ အမေနဲ့တိုင်ပင်လိုက်အုံးမယ်"
"ငါကတော့ မင်းကိုလုပ်စေချင်တယ်။ပြီတော့ လစာလည်းကောင်းတယ်လေ"
"ဘယ်လောက်မို့လို့လဲ"
"၁လ သိန်း၂၀"
"ဟင် အဲ့လောက်တောင်"
"အင်း"
"အင်းပါ ငါစဥ်းစားလိုက်အုံးမယ်။ဒါပဲလေ"
"အော်အေးအေး"
တိမ်တိုက် စကြာနဲ့ဖုန်းပြောပြီး အမေအခန်းကိုသွားကြည့်တော့ာအိပ်ပျော်နေပြီမလို့ မနက်ကျမှပဲပြောတော့မယ်ဆိုပြီ အခန်းပြန်လာကာ အိပ်လိုက်တော့တယ်။

သဲတို့ရေ fic က ကောင်းလား မကောင်းလား ဝေဖန်ပေးခဲ့ကြအုံးနော်။ပြီးတော့ vote လည်း မမေ့နဲ့နော်။

နောက်အပိုင်းမျှော်
                                     24.8.2022


အချစ်ရဆုံးသူ S1(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ