အပိုင်း၂၆

3.4K 149 2
                                    

လွင်ပြင် စိတ်တွေ အောက်ကိုထိုးကျသွားသလိုပဲ။အခု ကလေးမှာ ငါနဲ့ရတဲ့ကိုယ်ဝန်ရှိနေတာလား။သူပျော်တာပေါ့။ဒါမဲ့ ကိုယ်ဝန်ဖျက်ချမှ အသက်ရှင်မှာတဲ့လား။ငါရဲ့ မမြင်ရသေးတဲ့ ရင်သွေးလေးကိုချစ်ပေမယ့် ငါ့ကလေးထက်တော့ မချစ်နိုင်ဘူး။ရွေးရမယ်ဆိုရင်တောင် ငါ့ကလေးကိုပဲရွေးမှာ ဒါပေမယ့် ၂ယောက်လုံးအသက်ရှင်ရင်တော့ ကျန်တာ ဘာမှမလိုတော့ပါဘူး။

လွင်ပြင်ကတော့ စိတ်ထဲတွေးရင်း မျက်ရည်တွေစီးကျနေတာပေါ့။ဘေးကကြည့်နေတဲ့ တံတိုင်းနဲ့စကြာလဲ ဘယ်လိုနှစ်သိမ့်ရမလဲမသိတော့ပါဘူး။

"ဆရာ နှစ်ယောက်လုံးကို ကယ်ပေးလို့မရဘူးလား။ကျွန်တော် ဒူးထောက်ပြီး တောင်းပန်ပါတယ်။နှစ်ယောက်လုံး ကယ်ပေးပါ"

"လူနာရှင် အဲ့လိုတော့မလုပ်ပါနဲ့ ကျွန်တော် ကြိုးစားကြည့်ပါမယ်"

"ကျေးဇူးပါ ဆရာ ကျေးဇူးတင်ပါတယ်"

ဆရာဝန်လဲ ခွဲစိတ်ခန်းထဲ ဝင်သွားတော့ လွင်ပြင်ကလဲ ကြမ်းပြင်ပေါ်ကနေ ဒူးထောက်ထားရာကနေ မထဘဲ ငိုနေတော့တယ်။

"လွင်ပြင် မငိုနဲ့တော့လေ အားလုံးအဆင်ပြေသွားမှာပါ"

"တံတိုင်း ငါဘယ်လိုလုပ်ရမလဲဟင် "

"ဘယ်လိုမှမလုပ်နဲ့ ဆရာက ကြိုးစားကြည့်မယ်လို့ပြောတယ်မလား"

"အဆင်ပြေသွားမှာပါနော်"

"အားလုံး အဆင်ပြေသွားလိမ့်မယ်"

ခွဲစိတ်ခန်းထဲက ဆရာဝန်တွေကတော့

"ကဲ လူနာနဲ့ လူနာ့ဗိုက်ထဲက ကကလေးကို ငါတို့ရအောင် ကယ်ရအောင် ငါတို့က ဆရာဝန်တွေပဲ လူ့အသက်ကို ရအောင် ကယ်ရမယ်"

"ဟုတ်ကဲ့ပါ ဆရာ"

ဆရာဝန်တွေလဲ ၁နာရီလောက် အချိန်ယူပြီးသွားတော့ ခွဲစိတ်ခန်းထဲကနေအပြင်ထွက်လာခဲ့တယ်။

"လူနာရှင်"

"ဟုတ်ကဲ့ ဆရာ အခြေအနေ ဘယ်လိုရှိလဲဟင်"

"အားလုံး အဆင်ပြေသွားပါပြီ နှစ်ယောက်လုံးကို ကယ်နိုင်ခဲ့ပါတယ်"

"တစ်..တစ်ကယ်လားဆရာ ကျေးဇူးတင်ပါတယ် ဆရာရယ် ကျေးဇူးကို တသက်မမေ့ပါဘူး။အခု တွေ့လို့ရပြီလားဟင်"

အချစ်ရဆုံးသူ S1(Completed)Where stories live. Discover now