ဇာတ်သိမ်းပိုင်း

1.5K 13 0
                                    

နောက်တစ်နေ့

မင်းမြတ်နဲ့ တည်တံ့နဲ့က ဒီနေ့ ကျောင်းကို လမ်းလျှောက်လာကြတယ်။

"တည်တံ့"

"ဗျာ"

"မင်းပုံစံနဲ့ဆို ငါမရှိရင် ဘယ်လိုလုပ်မလဲ။ငါရှိနေတာတောင် အနိုင်ကျင့်ချင်တဲ့သူကရှိသေးတယ်။ကျောင်းက ဟာတွေက အကုန်လုံး အထက်တန်းစားကလူတွေချည်းပဲ။ဒါမဲ့ ငါ့တို့လောက်တော့ မဟုတ်ပါဘူး"

"ကိုကြီးက ဘယ်သွားမှာမို့လို့လဲ"

"ငါ ဒီတစ်နှစ်ကျောင်းတက်ပြီးရင် USကိုသွားတော့မှာ"

"အမ် ဘာသွားလုပ်မှာ"

"အော် သွားဆော့မှာ။USသွားပါတယ်ဆို ကျောင်းသွားတက်မလို့ပေါ့"

"သားလဲ လိုက်မယ်လေ"

"လိုက်မလို့လား"

"ဟုတ်"

"လေးငယ်ကရော လိုက်ခိုင်းလို့လား"

"ကိုကြီးပြောပေးရင် ရတယ်လေ"

"အေး ငါပြောကြည့်ပေးမယ်"

သူတို့နှစ်ယောက်လမ်းလျှောက်လာရင်းနဲ့ မင်းမြတ်ကဟိုကြည့်ဒီကြည့်ကြည့်နေတယ်။ကြည့်နေရင်း သု့မျက်လုံးက တစ်နေရာအရောက်

ထိုင်ခုံတစ်ခုမှာထိုင်နေတဲ့ကောင်လေးတစ်ယောက် သူ့ထက်အသက်ငယ်မယ်ထင်တယ်။မျက်လုံးလေးက ဝိုင်းနေပြီး ပါးလေးတွေကလဲ ပန်းရောင်သန်းနေတယ်။ခြေဖျားလက်ဖျားလေးတွေကလဲ ပန်းရောင်လေးတွေ ကိုက်လိုက်ရရင်တော့နော်။ထိုင်ပြီးဘာလုပ်နေတာပါလိမ့်။သူဆက်ကြည့်နေတုန်းမှာပင် အဲ့ကောင်လေးက သူ့အိတ်ထဲက တစ်ခုခုနှုက်နေတဲ့ပုံကြောင့် ရပ်ကြည့်နေလိုက်တယ်။ပြီးတော့မှ သူနှိုက်လိုက်တဲ့ဟာက

"ဝါး စားကောင်းမယ့်ပုံပဲ ဟီး"

"ဟက်"
မင်းမြတ်ရယ်လိုက်မိပါတယ်။သူကတော့ ဘာများလဲဆိုပြီးကြည့်လိုက်ရတာ ထွက်လာတာက ပေါင်မုန့်တဲ့။

ခဏနေတော့ လူကြီးတစ်ယောက် ရောက်လာပြီး သူ့ကိုဆွဲခေါ်သွားတယ်။မင်းမြတ်ဒေါသထွက်သွားတယ်။သူကြည့်လို့တောင်မဝသေးဘူး။အဲ့လူကရော ဘယ်သူလဲ။ဘာလို့  Candy လေးက ငိုမဲ့မဲ့နဲ့လိုက်သွားတာလဲ။ငါစုံစမ်းရမယ်။

အချစ်ရဆုံးသူ S1(Completed)Where stories live. Discover now