အပိုင်း၂၉

3.3K 121 6
                                    

လွင်ပြင်ကတော့ တံတိုင်းပြန်သွားပြီးထဲက အလုပ်ခန်းထဲဝင်ကာ ဦးစိန်မောင်းရဲ့ နောက်ကြောင်းရာဇဝင်တွေကို သူ့လူတွေကို စုံစမ်းခိုင်းလိုက်တယ်။

"အေး စိန်မောင်းအကြောင်းကို ကကြီးကနေ အ အထိ သိအောင်လုပ်ခဲ့"

"ဟက် ခင်ဗျားသမီးသေတာ ကျုပ်ကြောင့်မှမဟုတ်တာ သူက မထိသင့်တဲ့သူကို ထိမှတော့ သေတာတောင်နည်းပါသေးတယ်"

အဲ့အချိန်

"ကိုကိုရေ"

"ဗျာ ကလေးလေး ကိုယ်ဒီမှာ"

"ဟင့် အိပ်နေတာကို ဘယ်ရောက်သွားတာလဲ"

"ကိုယ် အလုပ်လေးရှိလို့ပါဗျာ"

"ဟုတ် နောက်ခါ ဘယ်မှမသွားနဲ့နော်"

"ဟုတ်ကဲ့ပါဗျာ"

"ကလေးလေး အိပ်ရေးဝရဲ့လားဗျ"

"ဝဘူး အိပ်ချင်သေးတယ်"

"လာ ကိုယ့်ပေါင်ပေါ်မှာ လာအိပ်"

"ဟုတ် လာပြီ"

တိမ်တိုက်လဲ အိပ်ချင်နေတာကြောင့် စောင်ကြီးဆွဲကာ လွင်ပြင် ပေါင်ပေါ်ကို အတင်းကုတ်ဖက် ထက်တော့တယ်"

"အိပ်တော့ အိပ်ရေးဝအောင်အိပ်နော်"

"ဟုတ်"

ခဏကြာတော့ တိမ်တိုက်က အိပ်ပျော်သွားတော့တယ်။အဲ့အချိန်အပြင်က တံခါးခေါက်သံကြောင့် တိမ်တိုက် လှုပ်လှုပ်ယွယွဖြစ်လာတာကြောင့် လွင်ပြင် ဒေါသထွက်သွားတယ်။လွင်ပြင်လဲ ဖုန်းယူကာ အသံတိုးတိုးထွက်ပြီး

"ဟျောင့်တွေ နောက်မှပြန်လာခဲ့ ငါ့ကလေးအိပ်နေတယ်"

"ဟုတ်ကဲ့ boss"

အပြင်က တပည့်နှစ်ယောက်လဲ

"ဟူး အရေးကြီးပြောစရာရှိတာကို boss ကလေးက အရေးကြီးနေတဲ့ပုံပဲ"

"ကဲပါ နောက်မှပြောကြတာပေါ့ အချိန်ရှိပါသေးတယ်"

"အေးပါ အခုတော့ တစ်ခုခုသွားစားရအောင်"

"အေး"

လွင်ပြင့်အလုပ်အခန်းထဲမှာတော့  တိမ်တိုက်က အိပ်လို့ကောင်းတုန်းပင်ဖြစ််တယ်။လွင်ပြင်ကလဲ သူ့ပေါင်ပေါ်တင်ထားတာမို့လို့ မလှုပ်ဘဲ ငြိမ်နေပေးတယ်။တော်ကြာ သူ့ကလေးနိုးသွားမှာကြောက်လို့ပေါ့။
ခဏနေတော့ လှုပ်လှုပ်ယွယွဖြစ်ကာ အိပ်ချင်မူးတူးနဲ့ထလာတယ်။

အချစ်ရဆုံးသူ S1(Completed)Where stories live. Discover now