အပိုင်း၁၇

197 7 0
                                    

မနက် ၄နာရီလောက်တော့ လွင်ပြင်ကနိုးနေပြီဖြစ်တယ်။ဘေးကြည့်လိုက်တော့ သူ့ကလေးကအိပ်လို့ကောင်းတုန်းပင်။သူလဲ ကလေးကိုမနှိုးသေးဘဲ အောက်ထပ်ဆင်းကာ ကြည့်လိုက်တော့ မဂ်လာပွဲအတွက် အိမ်တော်ကလူတွေ အကုန်အလုပ်ရှုပ်နေကြတယ်။ခဏနေတော့ သူပြောလိုက်တယ်။

"ဟေး အားလုံးပြီးကြပြီလား"
"အင်း ပြီပြီ လွင်ပြင်"
"အင်း မဂ်လာပွဲအတွက် ဘာမှမလိုပါဘူးနော်"
"မလိုပါဘူး လိုတာက သတို့သားနှစ်ယောက် မဂ်လာခန်းထဲဝင်ဖို့ပဲလိုတာ။"
"အေးပါ မင်းတို့ သေချာလုပ်ထားရင်ပြီရော။ဒါနဲ့ မေမေတို့ လာပြီလား"
"လာပါပြီ မင်းဇနီးလေးကိုကြည့်ချင်နေကြပြီ"
"အေးပါ ကလေးကတော့ ခုထိအိပ်လို့ကောင်းတုန်း"
"အေး နှိုးလိုက်တော့လေငါတို့ ပွဲကိုသွားနှင့်တော့မယ်"
"အေး"
လွင်ပြင်လဲ အပေါ်ပြန်တက်ပြီး အခန်းထဲဝင်ကာ ကလေးကိုနှိုးဖို့ပြင်ရတော့တယ်။
"ကလေးရေ ထတော့လေကွယ် ဒီနေ့က မောင်တို့ မဂ်လာပွဲလေ ထတော့နော်"
"ဟုတ် ထပြီ"
"အင်း လိမ်မာတယ်"
တိမ်တိုက်လဲ ထပြီး မျက်နှာသစ်ဖို့ သန့်စင်ခန်းထဲဝင်လိုက်တယ်။သူ မျက်နှာသစ်ရင်းစဉ်းစားမိတယ်။နောက်ဆုံးတော့ သူတောင် လက်ထပ်တော့မှာပါလား။ဒီနေ့ပြီးရင် သူက အိမ်ထောင်သည်ဖြစ်သွားပြီ။သူလဲ ထပ်စဉ်းစားမနေတော့ဘဲ အပြင်ပြန်ထွက်လာတော့ လူတစ်ချို့ရောက်နေကြတယ်။ကြည့်ရတာ မိတ်ကပ်ပြင်ဆရာတွေထင်တယ်။
"ဟော သားလေးလာ မာမီတို့က သေချာပြင်ပေးမယ်"
"ဟုတ်"
"ကြည့်လိုက်တော့ သားလေးကတော်တော်လှတာပဲ။နှစ်ယောက်သားလိုက်ပါတယ်"
"ဟုတ် "
"ကဲ ပြီးပြီ"
တိမ်တိုက်လဲ မှန်ထဲကြည့်လိုက်တော့ သူမှန်းတောင် မသိတော့ဘူး။သူက ချောတော့ ချောတာပဲဆိုပြီး ကိုယ်ကိုယ်ကို ပြောလိုက်ပါသေးတယ်။
ခဏနေတော့ အားလုံးထွက်သွားကြပြီး လွင်ပြင်ရောက်လာတယ်။လွင်ပြင် ကလေးကိုကြည့်ပြီး အသည်းယားနေတယ်။ချစ်ဖို့ကောင်းလိုက်တာ။
"ကလေး ပြီးပြီလား"
"ဟုတ် အက်ျီလဲဖို့ပဲ ကျန်တော့တယ်။"
"ဟုတ်ပါပြီ မောင့်ဆီလာပါအုံး "
"ဟင်"
"ကလေး မောင်လာရင် ပိုဆိုးမှာနော် မောင်ခေါ်နေတုန်း လာပါ"
"ဟုတ်"
အနားရောက်တော့ ကလေးလက်ကိုဆွဲပြီး သူ့ပေါပေါ်ထိုင်ခိုင်းလိုက်တယ်။
"ဟင် ဟို လွတ်ပါအုံး"
"နေပါအုံး ကလေးရယ် မောင်က ကလေးကိုချစ်လို့ပါ။ကလေးကို နမ်းချင်တယ်"
"ဟင် မရဘူးနော်"
"ရပါတယ် ကလေးရဲ့"
လို့ပြောပြီး ခေါင်းကိုကိုင်ကာ နမ်းလိုက်တယ်။သိပ်မကြာပါဘူး လွတ်ပေးလိုက်တယ်။
"ကလေး ဒီနေ့က မောင်တို့မဂ်လာပွဲမို့လို့ ခဏလွတ်ပေးလိုက်မယ်နော်။ဒီနေ့ညက ဘာလဲဆိုတာ ကလေးသိပါတယ်"
"ဟင်"
"ကဲပါ အက်ျီလဲတော့ မဂ်လာပွဲစတော့မယ် မောင်ကပြီးပြီ ပွဲကိုသွားဖို့ပဲကျန်တော့တယ်။"
"ဟူတ်"
တိမ်တိုက် အက်ျီလဲပြီးရော သူတို့ ကားနဲ့ မဂ်လာပွဲကိုထွက်လာခဲ့တယ်။
မဂ်လာပွဲ အခမ်းအနားလဲရောက်ရော ကားပါကင်ထိုးပြီး ပြင်ဆင်တဲ့အခန်းကို သွားလိုက်တယ်။ပြီးတော့ တိမ်တိုက်ကို အခန်းထဲထားကာ သူကတော့ ပွဲရဲ့ လျှောက်လမ်းအဆုံးမှာ မတ်တပ်ရပ်နေပြီး တိမ်တိုက် အလာကိုစောင့်နေလိုက်တယ်။
ခဏနေတော့ တိမ်တိုက်က လွင်ပြင် အဖေရဲ့ လက်ကိုချိတ်ကာ မဂ်လာပွဲရဲ့ လျှောက်လမ်းကို ဖြည်းဖြည်းချင်းဆီ လျှောက်လှမ်းလို့လာတယ်။လွင်ပြင်ကတော့ မျက်ရည်တွေ ဝဲနေတော့တာပေါ့။သူမျှော်လင့်ထားတဲ့နေ့လေးရောက်လာပြီလေ။
ခဏနေတော့ လမ်းရဲ့အဆုံးကို ရောက်လာပြီး လွင်ပြင်အဖေက
"တိမ်တိုက်က ငါ့သားမို့လို့ မင်းက ကာကွယ်စောင့်ရှောက်ပေးပါ"
"ဟုတ်ကဲ့ပါ"
ပထမဆုံး လွင်ပြင် သူ့အဖေကို ယဉ်ကျေးစွာသုံးနှုန်းခြင်းဖြစ်တယ်။
"ကဲ ပွဲလာပရိတ်သတ်အားလုံး မဂ်လာပါ။ဒီနေ့ကတော့ သတို့သားနှစ်ယောက်ရဲ့ မဂ်လာယူချိန်ဖြစ်ပါတယ်။ဒါဆို ဂတိပြုလိုက်ကြရအောင်"
"သတို့သား မောင်လွင်ပြင်ကျယ်သည် သတို့သားဖြစ်သူ တိမ်တိုက်ကို သေတူရှင်မကွာ အေးတူပူမျှ ပေါင်းသင်းပါ့မယ်လို့ ဂတိပြုပါသလား"
"ဟုတ်ကဲ့ ပြုပါတယ်"

"သတို့သား မောင်တိမ်တိုက်သည် သတို့သားဖြစ်သူ မောင်လွင်ပြင်ကျယ်ကို သေတူရှင်မကွာ အေးတူပူမျှ ပေါင်းသင်းပါ့မယ်လို့ ဂတိပြုပါသလား"
"ဟုတ်ကဲ့ ပြုပါတယ်"
"ဒါဆို မဂ်လာပွဲ အထမြောက်သွားပါပြီ။လက်ခုပ်တီးပေးကြပါအုံး"
ဖြောင်းဖြောင်း
"နမ်းပါ"
အဲ့အသံကတော့ တိမ်တိုက်သူငယ်ချင်း စကြာစီကပဲဖြစ်ပါတယ်။
လွင်ပြင်လဲ တိမ်တိုက် မေးလေးကိုကိုင်ကာ ခေါင်းမော့ပြီး နှုတ်ခမ်းချင်းနမ်းလိုက်တော့တယ်။

(ဒါက နှစ်ယောက်ဝတ်တဲ့ အက်ျီလေးပါနော်)

(ဒါက မဂ်လာပွဲအခမ်းအနားပါ)

(ဒါလေးက couple ringလေးပါ)


ချစ်တို့ရေ ဟို accက login၀င်တာမရလို့ ခုacc နဲ့ပဲပြန်ရေးပေးလိုက်တယ်နော် ဖုန်းကပျက်နေတော့ နောက်တစ်ပိုင်းနဲနဲကြာပါ့မယ်နော်။စောင့်ရတဲ့အတွက် တောင်းပန်ပါတယ်နော်။

နောက်အပိုင်းမျှော်
23.11.2022

အချစ်ရဆုံးသူ S1(Completed)Hikayelerin yaşadığı yer. Şimdi keşfedin