အပိုင်း၃၃

298 5 1
                                    


"မင်းမြတ်ရေ"

"ဟုတ် ပါးပါး"

"ဘာလုပ်နေတာလဲ"

"စာလုပ်နေတာ ပါးပါး"

"အော် နောက်မှလုပ် ထမင်းစားမယ်"

"ဟုတ် လာပြီ"

မင်းမြတ် အောက်ထပ်ဆင်းလာတော့ သူ့ဉီးလေးငယ်ပါရောက်နေတာကို တွေ့သွားတယိ။

"လေးငယ်"

"မင်းမြတ် ငါ့တူက တော်တော်ကြီးလာပြီပဲ"

ပြောနေတဲ့သူကတော့ ဘယ်သူမှမဟုတ်ပါဘူး။တံတိုင်းနဲ့စကြာတို့ပါပဲ။

"ပါးပါး daddyရော"

"သား daddyက အလုပ်ခန်းထဲမှာ သွားခေါ်လိုက်လေ"

"ဟုတ် ဒါနဲ့လေးငယ် တည်တံရော မပါဘူးလား"

"ပါတယ် ခြံထဲမှာဆော့နေတယ်"

တည်တံမောင်ကတော့ တံတိုင်းနဲ့စကြာမွေးစားထားတဲ့ ကလေးပေါ့။အပျော်ခရီးထွက်ရင်းနဲ့ လမ်းမှာ မွေးကင်းစကလေးကိုပြစ်ထားတာတွေ့လို့ခေါ်ပြီးမွေးစားလိုက်တာပေါ့။အခုဆို မင်းမြတ်က ၁၀နှစ်တောင်ပြည့်တော့မယ်။တည်တံကတော့ ၈နှစ်တောင်မပြည့်သေးပါဘူး။

ဒေါက်ဒေါက်

"Daddy"

"ဝင်ခဲ့"

"ပါးပါက ထမင်းစားမယ်တဲ့"

"အင်း လာခဲ့မယ် ဒါနဲ့black သား ၁၀နှစ်ပြည့်ကျရင် daddyအမွေဆက်ခံပွဲလုပ်မယ်"

"ဟုတ် daddy"

မင်းမြတ်က စကားနည်းတယ်။တအားတည်တယ်။လိုမှစကားပြောတယ် ဒေါသထွက်ရင် ကြောက်ဖို့ကောင်းတယ်။လွင်ပြင်ကတော့ သူ့သားကိုblackလို့ပဲခေါ်တယ်။အမွေတွေကိုဆက်ခံဖို့ကလဲ မလွယ်ဘူးနော်။မင်းမြတ် ၄နှစ်ပြည့်ထဲက တတ်သင့်တဲ့ ကိုယ်ခံပညာတွေ ဘာသာစကားတွေစုံအောင်လွင်ပြင်က သင်ပေးထားတယ်။မင်းမြတ်က ၁၀နှစ်ပဲရှိသေးတာတောင် အရပ်က လွင်ပြင် ခါးကို ကျော်နေပြီ။မျက်ခုံးကလဲ မဲနက်ပြီး နှုတ်ခမ်းကလဲ သူ့မိသားစုတွေရှေ့ရောက်မှသာပြုံးတယ်။လွင်ပြင်ကတော့ မင်းမြတ်ကို သူ့ပုံစံနဲ့တူအောင်ကို ဖန်တီနေပေမယ့် မင်းမြတ်က ဖန်တီးစရာမလိုအောင် လွင်ပြင်နဲ့ တစ်ခြေရာထဲ နင်းတဲ့အတိုင်း သြဇာညောင်းတယ်။

အချစ်ရဆုံးသူ S1(Completed)Donde viven las historias. Descúbrelo ahora