အပိုင်း၃၂

248 3 0
                                    

နောက်တစ်နေ့ လွင်ပြင် နိုးလာတော့ တိမ်တိုက်ကို စောင်သေချာခြုံပေးခဲ့ပြီး အိမ်အောက်ထပ်ဆင်းလာခဲ့တယ်။ပြီးတော့ အခန်းတစ်ခုထဲဝင်ကာ ဖုန်းဆက်လိုက်တယ်။

"ဉီးစိုးအောင် ခင်ဗျား နောက်နာရီဝက်နေရင် ဘာဖြစ်မလဲ စောင့်ကြည့်နေလိုက်"

အဲ့လိုပြောပြီး ဖုန်းချကာ

"မင်းတို့ကို ငါရှာခိုင်းထားတဲ့ ဉီးစိုးအောင်ရဲ့ ဆေးခြောက်တင်သွင်းတာတွေ ငွေအတုသွင်းတာတွေ ဘယ်လိုလဲ"

"ဟုတ်ကဲ့ အကုန်ရှိပါတယ်"

"အခု ဖြန့်လိုက်တော့ ဘယ်လိုဖြစ်မလဲ စောင့်ကြည့်တာပေါ့"

ဉီးစိုးအောင်ကတော့ လွင်ပြင် ခြိမ်းခြောက်ပေမယ့် သူ့လို လူငယ်က ဘာလုပ်နိုင်မှာလဲဆိုပြီး ပေါ့ပေါ့ဆဆ နေနေတော့တယ်။

သိပ်မကြာပါဘူး။ဉီးစိုးအောင်ဆီကို ရဲတွေ ရောက်လာခဲ့တယ်။

"ခင်ဗျားကို ဆေးခြောက်တင်သွင်းမှု ငွေအတုသွင်းမှုနဲ့ ဖမ်းပါတယ်။ရှေ့နေ့ ခေါ်ပိုင်ခွင့်ရှိပါတယ်။"

"ဘာ ကျုပ် ဘာမှမလုပ်ဘူး လွင်ပြင် မင်း ကျုပ်ကိုလွှတ်ကြစမ်း ဘာမှမလုပ်ဘူး "

ရဲတွေကတော့ ဖမ်းပြီး ဉီးစိုးအောင်ကို အချုပ်ထဲထည့်ခဲ့တယိ။

လွင်ပြင်ကတော့ ပြုံးနေတော့တာပေါ့။
"ဟက် ငါ့ကလေး ထိတာကိုက ခင်ဗျား မှားတာ"

ခဏနေတော့ တိမ်တိုက်နိုးလာတယ်။လွင်ပြင်နဲ့ တိမ်တိုက်ကတော့ ပျော်ရွှင်စွာနဲ့ နေ့ရက်တွေကိုဖြတ်သန်းနေတော့တာပေါ့။

၆လခန့်ကြာသော်

ညဘက်ကြီး တိမ်တိုက်တစ်ယောက် ချွေးတြွေပန်နေတော့တယ်။ဗိုက်ကလဲ နာနေတယ်။သူခဏအောင့်ခံနေပေမယ့် မရလို့ လွင်ပြင်ကို နှိုးရတော့တယ်။

"ကိုကို ထပါအုံး"

"ကလေး ဘာဖြစ်လို့"

"ကလေး ဗိုက်နာတယ်"

"မွေးချင်နေလို့လား ခဏနော် ဆေးရုံသွားရအောင်"

"မင်းတို့ အခုချက်ချင်းကားထုတ်ထားစမ်း"

အချစ်ရဆုံးသူ S1(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ