အပိုင်း၁၆

4.2K 187 0
                                    

အဲ့ သားရည်တွေကို လွင်ပြင်ကလျှာနဲ့လျှက်ပြီး တပြွတ်စ်ပြွတ်စ်နဲ့ထပ်စုပ်နေတော့တယ်။ကြာလာတော့ တိမ်တိုက်နဲနဲလှုပ်လို့ရလာတာကြောင့် လွင်ပြင်ရင်ဘတ်တွေကို ထုနေတော့တယ်။

"လွှတ်အုံး အသက်...အသက်ရှုကြပ်နေပြီ"
အဲ့လိုပြောတော့မှ လွင်ပြင်လွတ်ပေးတော့တယ်။
"ဖယ်တော့ လူကိုအသားယူလို့ရတိုင်း လာယူမနေနဲ့"
"အသားယူတာမဟုတ်ပါဘူးကလေးရယ် ကလေးကမနက်ဖြန်ဆိုရင် ကိုယ့်ဇနီးဖြစ်ပြီလေ။အဲ့တော့ ကိုယ့်ဇနီးကိုယ်နမ်းတာလေ အသားယူတာမှမဟုတ်တာ"
"စကားတတ်တိုင်းပြောသိလား။ပြီးတော့ လက်ထပ်ပွဲက ခင်ဗျားစီစဥ်တာလေ တိမ်တိုက်သဘောလုံးဝမပါဘူး"
"ရပါတယ် ကလေးသဘောမပါလဲ ကလေးကကိုယ့်အနားမှာရှိနေရင်ရပြီ။ကလေး ကိုယ့်ကိုချစ်လားဟင်"
"မချစ်ဘူး၊မုန်းတယ်"
"ဟုတ်ပါပြီ"
လွင်ပြင် ရင်ထဲသိပ်မကောင်းပေမယ့် မျက်နှာကိုတော့ မပျက်အောင် အတင်းပြုံးထားရတယ်။

အဲ့ဒါကိုသိတဲ့တိမ်တိုက်ကလဲ စိတ်မကောင်းဖြစ်ပေမယ့် သူ့ကိုအတင်းအကြပ်ယူထားတဲ့ သူကိုတော့ နဲနဲပညာပေးချင်သေးတယ်။သူ့ကိုမုန်းလားဆို မမုန်းပါဘူး။မမုန်းလို့ချစ်လားဆိုတော့လဲ သူ့စိတ်ကိုမသိဘူး။သူ့ကို သူ(လွင်ပြင်)နမ်းရင် ရင်ထဲတစ်ဒုတ်ဒုတ်နဲ့ အဲ့ဒါချစ်တာလား။မဖြစ်နိုင်တာ တော်ပြီမစဥ်းစားတော့ဘူး။
"ကဲ ဖယ်တော့ အိပ်တော့မယ်"
"အမ် အိပ်တော့မလို့လား ထမင်းမစားတော့ဘူးလား ခုမှ နေ့လည်ပဲရှိသေးတာကို"
"ထမင်းမစားချင်ဘူး"
"ဒါဆို ကိုယ်တို့ ကစားကွင်းသွားမလား"
"တစ်ကယ်လား"
"အင်း"
"ဒါဆို သွားမယ်လေ ဟိုတစ်ခါ သွားတုန်းကသိပ်မဆော့လိုက်ရဘူး ခုတော့များကြီးဆော့မယ်"
"ဟုတ်ပါပြီ ဆော့ပါ"
"ဟီးဟီး"
"ကဲ အဝတ်အစားသွားလဲ"
"ဟုတ်"
"နေအုံး ဘောင်းဘီတိုတွေဝတ်မလာခဲ့နဲ့နော်"
"အင်းပါ"
အဝတ်အစားလဲပြီးတော့ ကစားကွင်းကိုထွက်လာကြတယ်။တိမ်တိုက်ကတော့ မမောတဲ့အတိုင်း ဟိုဟာဆော့လိုက် ဒီဟာဆော့လိုက်နဲ့။
"ကဲကလေးရေ ထမင်းစားရအောင်နော် လာဆိုင်တစ်ဆိုင်သွားရအောင်"
"ဟုတ်"
ဆိုင်ရောက်တော့
"ကလေး ဘာစားမလဲ"
"အင်း...ပင်လယ်ပုစွန် စားချင်တယ်"
"တခြားစားချင်တာရှိသေးလား"
"ဟော့ဒေါ့၊ထမင်းလိပ်၊ခေါက်ဆွဲပြုတ်၊ပီဇာ"
"အဲ့ဒါတွေအကုန်ချပေးပါ"
"ဟုတ်ကဲ့"
သူတို့ စောင့်နေတုန်း အမျိုးသမီးတစ်ယောက်ရောက်လာတယ်။
"ဟို နေကြာဒီမှာထိုင်လို့ရလား"
"မရဘူး တစ်ခြားနေရာသွား"
အဲ့ဒါကတော့ တစ်ခြားသူပြောတာမဟုတ်ပေ။လွင်ပြင်ပြောခြင်းသာဖြစ်ပါတယ်။
လွင်ပြင်အဲ့မိန်းမစရောက်ထဲကကြည့်မရဘူး။ဟိုတစ်ခါ ရုံးမှာထဲက အလုပ်ထုတ်ချင်နေတာ။ခုလဲ ဝတ်လာတဲ့ပုံကိုက စိတ်ပျက်စရာ။ဆံပင်တွေကလဲ ဟိုတစ်ချောင်းထွက်ဒီတစ်ချောင်းထွက်နဲ့ မျက်စိနှောက်လိုက်တာ။သူ့ကလေးပဲကောင်းတယ် ကြည့်ရတာ ရှင်းနေတာပဲ။

အချစ်ရဆုံးသူ S1(Completed)Where stories live. Discover now