အမှတ်တမဲ့မှသည် married life (အပိုင်း ၁)
💞 💞 💞 💞 💞
" အိမ်း သာဓု သာဓု သာဓု ..
မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်မှသည်
နောင်နှစ်ပေါင်းများစွာကို ဖြတ်သန်းနိုင်ကြ
ပါစေ"" ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဘုန်းဘုန်း "
နှစ်ဘက်မိဘတွေနဲ့အတူ MEW နဲ့ Gulf တို့ရဲ့
မင်္ဂလာနှစ်ပတ်လည် ကုသိုလ်ပွဲလေးကတော့
အောင်မြင်စွာနဲ့ ပြီးစီးသွားတယ် ..ရေစက်ချ ဘုန်းကြီးဆုံမတာ နာခံပြီး
MEWတို့နှစ်ယောက် ရေစက်ခွက်ကိုင်ပြီး အမျှဝေဖို့ ကျောင်းအပြင်ဘက် အပင်ကြီး
ရှိရာ ထွက်လာခဲ့ကြတယ် .." ဒီနေပြုသမျှ ကုသိုလ်အားလုံး ကို ......
အမျှ .. အမျှ .. ပေးဝေပါတယ် "ရေစက်ခွက်လေး သွန်းချရင်း MEW နဲ့ Gulfတို့ကြည်နူးဝေဖြာနေတဲ့ အကြည့်တွေနဲ့
တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်
ကြတယ်" Love you Baby 😙 "
" P' ဘုန်းကြီးကျောင်းထဲမှာ "
သူ့ကိုနမ်းမယ့်ဟန်လုပ်နေတဲ့
MEWရင်ဘတ်ကိုGulf သူ့လက်နဲ့
အသာတွန်းထားလိုက်တယ် .." တွန့်တိုလိုက်တာကွာ နေအုန်းပေါ့ "
အံကြိတ်ပြီး Gulf နာခေါင်းဖျားလေးကို
MEW ချစ်စနိုးနဲ့ လှမ်းဆွဲဖျစ်လိုက်တယ် ..ဒါပေမယ့် သစ်ပင်ခြေရင်းကို အာရုံစိုက်ငုံ့ပြီး
ရေလောင်းနေတဲ့ Gulf ခေါင်းလေးကို
မရအရMEW ဖျတ်ခနဲ့ နမ်းလိုက်တယ် .." ဟာ ! P' ..
" ခေါင်းလေး နမ်းတာပဲကွာ
ဒီက သမာဒေဝနတ်တွေခွင့်လွှတ်ပါတယ် "" P'MEW ပေါက်ကရပြောပြန်ပြီ
လာ သွားမယ်"သူ့ကို စနောက် ရယ်မောနေတဲ့
MEW လက်ဆွဲပြီး
ဘုန်းကြီးကျောင်းပေါ် ပြန်တက်ခဲ့ကြတယ် ..ခဏနေတော့
MEWတို့ အားလုံး ပြန်ခဲ့ကြတယ်" သားတို့ မဲ့ ဒီကနေပဲ လမ်းခွဲကြမယ် "
နှစ်ဘက်မိဘတွေလည်း သူတို့ကိစ္စနဲ့သူတို့
ထွက်သွားကြပြီး MEWတို့နှစ်ယောက်လည်း
ကိုယ့်ဘာသာ အိမ်ပြန်ခဲ့ကြတယ် ..
YOU ARE READING
အမှတ်တမဲ့သည် (married life)
FanfictionMEW နဲ့ Gulf ရဲ့ နှစ်နှစ်ကြာပြီးနောက် အိမ်ထောင်သည်ဘဝ သူတို့နှစ်ယောက်ကြား ဘယ်သူတွေဝင်လာအုန်းမလဲ ပြီးတော့ ဘယ်လိုမျိုးတွေ ဖြစ်လာကြမလည်းဆိုတာ ..