အမှတ်တမဲ့မှသည် (married life)

2.4K 63 5
                                    

အမှတ်တမဲ့မှသည် married life (အပိုင်း ၁)

💞 💞 💞 💞 💞

" အိမ်း သာဓု သာဓု သာဓု  ..

မင်္ဂလာသက်တမ်း ၂ နှစ်ပြည့်မှသည်
နောင်နှစ်ပေါင်းများစွာကို ဖြတ်သန်းနိုင်ကြ
ပါစေ"

" ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဘုန်းဘုန်း "

နှစ်ဘက်မိဘတွေနဲ့အတူ MEW နဲ့ Gulf တို့ရဲ့
မင်္ဂလာနှစ်ပတ်လည် ကုသိုလ်ပွဲလေးကတော့
အောင်မြင်စွာနဲ့ ပြီးစီးသွားတယ် ..

ရေစက်ချ ဘုန်းကြီးဆုံမတာ နာခံပြီး
MEWတို့နှစ်ယောက် ရေစက်ခွက်ကိုင်ပြီး အမျှဝေဖို့ ကျောင်းအပြင်ဘက် အပင်ကြီး
ရှိရာ ထွက်လာခဲ့ကြတယ် ..

" ဒီနေပြုသမျှ ကုသိုလ်အားလုံး ကို ......
အမျှ .. အမျှ ..  ပေးဝေပါတယ် "

ရေစက်ခွက်လေး သွန်းချရင်း MEW နဲ့ Gulfတို့ကြည်နူးဝေဖြာနေတဲ့ အကြည့်တွေနဲ့
တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်
ကြတယ်

" Love you Baby 😙 "

" P' ဘုန်းကြီးကျောင်းထဲမှာ "

သူ့ကိုနမ်းမယ့်ဟန်လုပ်နေတဲ့
MEWရင်ဘတ်ကိုGulf သူ့လက်နဲ့
အသာတွန်းထားလိုက်တယ် ..

" တွန့်တိုလိုက်တာကွာ နေအုန်းပေါ့ "

အံကြိတ်ပြီး  Gulf နာခေါင်းဖျားလေးကို
MEW ချစ်စနိုးနဲ့ လှမ်းဆွဲဖျစ်လိုက်တယ် ..

ဒါပေမယ့် သစ်ပင်ခြေရင်းကို အာရုံစိုက်ငုံ့ပြီး
ရေလောင်းနေတဲ့ Gulf ခေါင်းလေးကို
မရအရMEW ဖျတ်ခနဲ့ နမ်းလိုက်တယ် ..

" ဟာ ! P' ..

" ခေါင်းလေး နမ်းတာပဲကွာ
ဒီက သမာဒေဝနတ်တွေခွင့်လွှတ်ပါတယ် "

" P'MEW ပေါက်ကရပြောပြန်ပြီ
လာ သွားမယ်"

သူ့ကို စနောက် ရယ်မောနေတဲ့
MEW လက်ဆွဲပြီး
ဘုန်းကြီးကျောင်းပေါ် ပြန်တက်ခဲ့ကြတယ် ..

ခဏနေတော့
MEWတို့ အားလုံး ပြန်ခဲ့ကြတယ်

" သားတို့ မဲ့ ဒီကနေပဲ လမ်းခွဲကြမယ်  "

နှစ်ဘက်မိဘတွေလည်း သူတို့ကိစ္စနဲ့သူတို့
ထွက်သွားကြပြီး MEWတို့နှစ်ယောက်လည်း
ကိုယ့်ဘာသာ အိမ်ပြန်ခဲ့ကြတယ် ..

အမှတ်တမဲ့သည် (married life)Where stories live. Discover now