အမှတ်တမဲ့မှသည် married life (အပိုင်း ၉)
💞 💞 💞 💞 💞
" Gulf ကိုယ် toilet ခဏ "
" ဟုတ် P'
အစ်မဖြစ်သူနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ
ကြည့်ရင်းGulf ခေါင်းညိတ်ပြလိုက်တယ် ..MEW ထွက်သွားပြီး ခဏနေတော့
Lhong မသိမသာနဲ့ အပြင်ထွက်သွားတာ
Gulfသတိထားမိလိုက်တယ် .အခန်းထဲက လူတွေက သူ့အလုပ်နဲ့သူ
ရှုပ်နေတော့ ဒါကို ဂရုမစိုက်မိပေမယ့် .
Lhong ဒီအခန်းထဲ ရောက်လာတည်းက
မထင်မှတ်ထားတာ တွေ့လိုက်ရသလို
သူ မျက်နှာပျက်သလိုဖြစ်သွားထဲက
Gulf အကဲခပ်နေမိတာ
သူ အလုပ် သူလုပ်နေပေမယ့် MEW ကို
လိုက်ကြည့်နေတဲ့ Lhongမျက်လုံးတွေကိုလဲ
Gulf အလွတ်မပေးမိတယ် ..Lhong ထွက်သွားပြီး ခဏအကြာမှာတော့
Gulf အနောက်ကနေ လိုက်သွားလိုက်တယ် ..နှစ်ယောက်လုံးသန့်စင်ခန်းထဲ ရှိနေမှန်း
သိတာနဲ့ Gulf သန့်စင်ခန်းတံခါးကို လက်လှမ်းလိုက်တယ်ဒါပေမယ့် ..
" P'MEWကို ကျတော် ကြိုက်တယ် "
အထဲက Lhong အသံ ကြားလိုက်ရတာနဲ့
Gulf အထဲမဝင်သေးပဲ ခဏ ရပ်နားထောင်
လိုက်တယ် ..MEW ဘာလုပ်နေတာလည်း !!
MEW ဘက်က ပြန်ပြီး
တုံ့ပြန်သံမကြားရတော့
Gulf စိတ်တိုသွားတယ် ..အဲဒီအချိန်မှာပဲ .. !!
" မင်းကြိုက်တာ မင်းဘက်ကမင်းစိတ် ..
ကိုယ်ကိုမကြိုက်နဲ့လို့ ပြောလို့မရသလို
တားဆီးပိတ်ပင်ခွင့်လည်း မရှိဘူး ..ဒါပေမယ့် မင်းစိတ်ထဲမှာ ဘယ်လိုတွေးတွေး
အဲဒီအတွေးကို နောက်ဆုတ်ပစ်လိုက်တာ
အကောင်းဆုံးပဲ Lhong ..
ကိုယ်တဲ့ Gulf ရဲ့ အချစ်က မင်းတို့တွေးသလို
အိပ်ယာပေါ်က ကိစ္စတခုမဟုတ် .တစ်ယောက်ကိုတစ်ယောက် ချစ်တဲ့
အဲဒီ အချစ်ဆိုတဲ့ နောက်မှာ မေတ္တာဆိုတဲ့အရာပါကိုယ်တို့က ထည့်ပေါင်းစပ်ထားတာကိုယ်နဲ့ Gulf ကွဲကွာဖို့ဆိုတာ ဘယ်တော့မှ
မဖြစ်နိုင်တဲ့အကြောင်းအရာတခုပဲ Lhong ..
YOU ARE READING
အမှတ်တမဲ့သည် (married life)
FanfictionMEW နဲ့ Gulf ရဲ့ နှစ်နှစ်ကြာပြီးနောက် အိမ်ထောင်သည်ဘဝ သူတို့နှစ်ယောက်ကြား ဘယ်သူတွေဝင်လာအုန်းမလဲ ပြီးတော့ ဘယ်လိုမျိုးတွေ ဖြစ်လာကြမလည်းဆိုတာ ..